နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၄ -
 
== သမိုင်း​ကြောင်း ==
၁၉၆၂ခုနှစ်တွင် [[၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း|နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်သိမ်းယူ]]ပြီးနောက် [[နေဝင်း (ဗိုလ်ချုပ်ကြီး)|ဗိုလ်ချုပ်ကြီးနေဝင်း]]သည် [[တော်လှန်ရေးကောင်စီ]]ဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည်။၁၉၇၄ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး [[ပြည်သူ့လွှတ်တော် (၁၉၇၄)|ပြည်သူ့လွှတ်တော်]]၊ [[နိုင်ငံတော်ကောင်စီ]]၊ ဝန်ကြီးအဖွဲ့ စသည့် ဗဟိုအာဏာပိုင်အဖွဲ့များ/အခြား အာဏာပိုင်အဖွဲ့အစည်းများဖြင့် နိုင်ငံတော်ကို အုပ်ချုပ်သည်။ဦးနေဝင်းကိုယ်တိုင် ၁၉၇၄ခုနှစ်မှ ၁၉၈၁ခုနှစ်အထိ [[မြန်မာနိုင်ငံ၏ သမ္မတ|နိုင်ငံတော်သမ္မတ]]အဖြစ်ဆောင်ရွက်သည်။နိုင်ငံတော်သမ္မတအဖြစ်မှ အငြိမ်းစားယူအပြီးနောက် [[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ|ပါတီဥက္ကဋ္ဌ]] နိုင်ငံတော်အကြီးအကဲအဖြစ် ဆက်လက်၍ အုပ်ချုပ်ရေးကဏ္ဍတွင် ပါဝင်ခဲ့သည်။၁၉၈၈ခုနှစ်တွင် [[ရှစ်လေးလုံးအရေးအခင်း|၈၈လူထုအုံကြွမှုကြီး]]ဖြစ်လာပြီးနောက် နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ထိုစဉ်ကနိုင်ငံတော်သမ္မတ [[စန်းယု (နိုင်ငံတော်သမ္မတ)|ဦးစန်းယု]]တို့ကို ပါတီမှ နှုတ်ထွက်ခွင့်ပေးခဲ့သည်။ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် [[ဦးစိန်လွင်]]က ၁၆ရက်ခန့် ဆောင်ရွက်ခဲ့သည်။ထို့နောက် [[ဒေါက်တာမောင်မောင်]]က ဆက်လက်ဆောင်ရွက်သည်။စက်တင်ဘာလ ၁၈ရက်နေ့တွင် [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်|ကာကွယ်ရေးဦးစီးချုပ်]] [[ဗိုလ်ချုပ်ကြီးစောမောင်]]က နိုင်ငံတော်အာဏာကိုသိမ်းယူကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည်။စက်တင်ဘာ ၁၈ရက်​နေ့ ည​နေ ၄နာရီအချိန်တွင် တပ်မ​တော်မှ နိုင်ငံ​တော်အာဏာအရပ်ရပ်ကို ထိန်းသိမ်း​ကြောင်း ရုပ်မြင်သံကြားမှတစ်​ဆင့်​ကြေညာခဲ့သည်။ထိုအာဏာသိမ်းမှုတွင် ဦးနေဝင်းက နောက်ကွယ်မှ အလုံးစုံစီမံပေးခဲ့သည်ဟု အချို့ကပြောကြားကြသည်။အာဏာသိမ်းအပြီးတွင် ဖြုတ်ချခံခဲ့ရသည့် အစိုးရအဖွဲ့မှ မည်သူ့ကိုမျှအ​ရေးယူခြင်းမရှိ​ခဲ့​​ပေ။<ref name="tmj">{{cite news|url=https://www-bbc-com.cdn.ampproject.org/v/s/www.bbc.com/burmese/world-41284436.amp?amp_js_v=a6&amp_gsa=1&usqp=mq331AQHKAFQArABIA%3D%3D#aoh=16225283854965&referrer=https%3A%2F%2Fwww.google.com&amp_tf=From%20%251%24s&ampshare=https%3A%2F%2Fwww.bbc.com%2Fburmese%2Fworld-41284436|title=၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု}}</ref>ထိုစဉ်က နဝတ အစိုးရအဖွဲ့မှ တာဝန်ယူပြီးသည်နှင့်တပြိုင်နက် ၎င်းတို့၏ တာဝန်ကြီး (၄)ရပ်ကို ကမ္ဘာသိ ကြေငြာခဲ့ရာတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။ တစ်ဆက်တည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
 
နဝတအနေဖြင့် အာဏာသိမ်းပြီးနောက် ရန်ကုန်၊မန္တလေယအပါအဝင် တစ်နိုင်ငံလုံးရှိ သပိတ်စခန်းများကို ဖြိုခွဲခဲ့သည်။အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကမူ အာဏာသိမ်းမှုကြောင့် ၁၅ဦးသာသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။