ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၆၁ -
 
လွန်ခဲ့သော အနှစ် (၂ဝ) ကာလ ၁၉၈၉ ခုနှစ်က “ဝ” ပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို ပြန်လည်ရယူနိုင်ရန်နှင့် “ဝ” ပြည် ကို ပြန်လည်ဖော်ထုတ်နိုင်ရန် “ဝ” အမျိုးသား ခေါင်းဆောင်ကြီးများနှင့် “ဝ” အမျိုးသားတပ်မတော်တို့သည် ရဲရင့် ပြတ်သား သောစိတ်ဓာတ်ဖြင့် “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ UWSPနှင့် ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်UWSA တို့ကို စတင်ဖွဲ့စည်း ထူထောင်လာခဲ့ကြသည်။
==သမိုင်းကြောင်း==
ဝ ဒေသသည်ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ ရှိပြီး တောင်တန်းထူထပ်သည့်အပြင် အင်္ဂလိပ်ကိုလိုနီခေတ်ကာလကပင် အုပ်ချုပ်ရေးအာဏာ မသက်ရောက်ခဲ့သည့် ဒေသဖြစ်သည်။ လွတ်လပ်ရေးရပြီး ကာလမှာလည်း ဝ ဒေသ သို့ ပြည်မအစိုးရ ဩဇာအာဏာသက်ရောက်မှု မရှိခဲ့ပေ။ ၁၉၅၀-နောက်ပိုင်း တရုတ်ပြည်မှ စစ်ရှုံးပြီး ဝင်ရောက်လာသည့် ကူမင်တန်တပ်များနှင့် နယ်ခံကာကွယ်ရေးတပ်များ၏ ဗိုလ်ကျမှုကို ခုခံတိုက်ခိုက်သည့် ဝ လယ်သမားသူပုန်အဖွဲ့များသည် ၁၉၆၆ ဝန်းကျင်မှစ၍ ဝဒေသတွင် ပေါ်ပေါက်ခဲ့သည်။ ထိုလယ်သမား ပြောက်ကျားတပ်ဖွဲ့များတွင် ခွင်းမားဒေသမှ ပေါက်ယိုချမ်း၊ ပေါက်စမ်ပန်းတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ အိုက်ချိန်ဒေသမှ အိုက်ခိန်း၊ အိုက်ခလုံးတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ ပန်ဝိုင်ဒေသမှ ကျောက်ညီလိုင် ဦးစီးသည့် ပြောက်ကျားတပ်၊ ဟူစွမ်ဒေသမှ လူရှင်းကော့ ဦးစီးသည့် ပြောက်ကျားတပ်တို့မှာ ထင်ရှားသည်။
 
၁၉၆၈-ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲများ အရှေ့မြောက် နယ်စပ်သို့ ဝင်ရောက်လာသည့် နောက်တွင် ဝ လယ်သမား ပြောက်ကျားတပ်ဖွဲ့များအား စည်းရုံးသိမ်းသွင်းခဲ့သည်။ အဆိုပါ ဝ လယ်သမား ပြောက်ကျားခေါင်းဆောင်များမှ တဆင့် ဝလူထုအား စည်းရုံးသိမ်းသွင်း နိုင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီထဲတွင် အင်အားကောင်းသော တိုက်ရည်ခိုက်ရည်ရှိသော ဝတပ်ဖွဲ့ ပေါ်ထွက်လာခဲ့ပြီး ဝဒေသအများစုကို လွတ်မြောက်စေနိုင်ခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ဝခေါင်းဆောင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချမ်းတို့ ဦးစီးသည့် ဝတပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ပြီး UWSP/UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး နဝတက ရှမ်းအထူးဒေသ ၂ အဖြစ်သတ်မှတ် ပေးခဲ့သည်။ လက်ရှိ UWSP/UWSA တပ်ဖွဲ့ အနေနှင့် ရပ်တည်ခဲ့သည်မှာ ၃၂-နှစ် ရှိခဲ့ပြီး၊ လယ်သမား ပြောက်ကျား သူပုန်၊ ဗမာပြည်ကွန်မြူနစ်ပါတီကာလများကထဲက တွက်လျင် ၅၅-နှစ်ခန့် လက်နက်ကိုင်သက်တမ်းရှိပြီဖြစ်သည်။
 
==ခေါင်းဆောင်မှု==
UWSP သည် ဝ ဒေသ၏ အဓိက ခေါင်းဆောင်မှုဖြစ်သည်။ UWSPအား အဓိက ခေါင်းဆောင်သည် ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီ ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် (၈)ဦး ရှိသည်။