ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲ: နောက်ပြန်ပြင်ခဲ့ပြီး
No edit summary
စာတွဲ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း
စာကြောင်း ၆၀ -
 
၁၉၆၈-ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲများ အရှေ့မြောက် နယ်စပ်သို့ ဝင်ရောက်လာသည့် နောက်တွင် ဝ လယ်သမား ပြောက်ကျားတပ်ဖွဲ့များအား စည်းရုံးသိမ်းသွင်းခဲ့သည်။ အဆိုပါ ဝ လယ်သမား ပြောက်ကျားခေါင်းဆောင်များမှ တဆင့် ဝလူထုအား စည်းရုံးသိမ်းသွင်း နိုင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီထဲတွင် အင်အားကောင်းသော တိုက်ရည်ခိုက်ရည်ရှိသော ဝတပ်ဖွဲ့ ပေါ်ထွက်လာခဲ့ပြီး ဝဒေသအများစုကို လွတ်မြောက်စေနိုင်ခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ဝခေါင်းဆောင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချမ်းတို့ ဦးစီးသည့် ဝတပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ပြီး UWSP/UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး နဝတက ရှမ်းအထူးဒေသ ၂ အဖြစ်သတ်မှတ် ပေးခဲ့သည်။ လက်ရှိ UWSP/UWSA တပ်ဖွဲ့ အနေနှင့် ရပ်တည်ခဲ့သည်မှာ ၃၂-နှစ် ရှိခဲ့ပြီး၊ လယ်သမား ပြောက်ကျား သူပုန်၊ ဗမာပြည်ကွန်မြူနစ်ပါတီကာလများကထဲက တွက်လျင် ၅၅-နှစ်ခန့် လက်နက်ကိုင်သက်တမ်းရှိပြီဖြစ်သည်။
==ခေါင်းဆောင်မှု==
UWSP သည် ဝ ဒေသ၏ အဓိက ခေါင်းဆောင်မှုဖြစ်သည်။ UWSPအား အဓိက ခေါင်းဆောင်သည် ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီ ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် (၈)ဦး ရှိသည်။
# ဦးပေါက်ယိုချမ်း (အထွေထွေ အတွင်းရေးမှူး)
# ဦးရှောက်မင်လျံ (ဒု အထွေထွေ အတွင်းရေးမှူး)
# ဦးကျောက်ကျုံးတန်း
# ဦးဝေရှောက်ကမ်း ခေါ် ဦးစိန်ဝင်း
# ဦးကျောက်ကော့အန်း
# ဦးပေါက်ယိုလျံ
# ဦးဝေရှောက်လျံ ခေါ် အိုက်လောင်း
# ဦးပေါက်ယိုရိ (ဒု အထွေထွေ အတွင်းရေးမှူး)တို့ ဖြစ်သည်။
 
၎င်းအမြဲတမ်းကော်မတီ အောက်တွင် ဗဟိုကော်မတီဝင် ၁၈ ဦး၊ အရံ ဗဟိုကော်မတီဝင် ၂၁ ဦး ပါဝင်သည့် ဗဟိုကော်မတီ ရှိသည်။
== မြို့တော် ==
[[File:Wa Self-Administered Division.jpg|thumb|ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဝင်ဆိုင်းဘုတ်]]