ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၃၄၆ -
[[File:Royal Cambodian Army soldiers, 2014.jpg|thumb|left|ကမ္ဘောဒီးယား တော်ဝင်ကြည်းတပ်မှ အရာရှိများ ချီတက်လာပုံ]]
တော်ဝင် ကမ္ဘောဒီးယားကြည်းတပ်၊ တော်ဝင်ကမ္ဘောဒီးယား ရေတပ် နှင့် တော်ဝင် ကမ္ဘောဒီးယား လေတပ်၊ တော်ဝင်တပ်ရဲ တို့ကို အားလုံးစုပေါင်း၍ ကမ္ဘောဒီးယား တော်ဝင်တပ်မတော် ဟု ခေါ်ဆိုကြပြီး နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာ၏ အမိန့်ပေးထိန်းချုပ်မှုအောက်တွင် ရှိကာ ၎င်းတို့၏ အထက်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ရှိသည်။ ဘုရင်မင်းမြတ် နိုရိုဒွန် သီဟာမိုနီမှ ကမ္ဘောဒီးယား တော်ဝင် တပ်မတော်၏ စစ်သေနာပတိချုပ် ဖြစ်သည်။ ဝန်ကြီးချုပ် ဟွန်ဆန်မှာမူ အရေးပါသော ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ထိရောက်စွာ ရယူထားသည်။
 
၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ပြင်ဆင်ထားသော ဖွဲ့စည်းပုံကို စတင်မိတ်ဆက်ခြင်းသည် ကမ္ဘောဒီးယားစစ်တပ်ကို ပြန်လည်ဖွဲ့စည်းခြင်း၏ အစ ဖြစ်သည်။ ထိုမှတဆင့် ကာကွယ်ရေးဝန်ကြီးဌာနသည် လက်အောက်ခံ အထွေထွေ ရုံး ၃ခုဖြစ်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး၊ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာဌာန၊ ကာကွယ်ရေးဌာနတို့ကို ဗဟိုဌာနချုပ်၏ လက်အောက်တွင် ဖွဲ့စည်းခဲ့သည်။
 
နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးမှာ ဗိုလ်ချုပ်ကြီး တီးဘန် ဖြစ်သည်။ သူသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၇၉ မှ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေး ဒု-ဝန်ကြီးများမှာ ချေဆိုင်ယွန် နှင့် ပေါ်ဘန်ဆရူး တို့ ဖြစ်ကြသည်။
 
၂၀၁၀ ခုနှစ်တွင် ကမ္ဘောဒီးယား တော်ဝင်တပ်မတော်၌ အမြဲတမ်းအင်အား ၁၀၂,၀၀၀ ဦး (အရန်အင်အား ၂၀၀,၀၀၀ ဦး) ရှိသည်။ ကမ္ဘောဒီးယား၏ စစ်ရေးအသုံးစရိတ်မှာ နိုင်ငံတော် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၃% ရှိသည်။ ကမ္ဘောဒီးယား တော်ဝင်တပ်ရဲတွင် တပ်သား ၇,၀၀၀ ရှိသည်။ ၎င်း၏ တာဝန်များတွင် လုံခြုံရေးနှင့် ပြည်သူတို့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန်၊ စနစ်တကျ စီစဉ်လုပ်ဆောင်သော ရာဇဝတ်မှုကြီးများ ၊ အကြမ်းဖက်မှုများနှင့် အခြားကြမ်းတမ်းသော အဖွဲ့အစည်းများကို ကို စုံစမ်းဖော်ထုတ်ရန်နှင့် တားဆီးရန်၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အိုးအိမ်များကို ကာကွယ်ရန်၊ အရေးပေါ်အခြေအနေများ ၊ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းရေး မတည်ငြိမ်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများတွင် ပြည်သူများနှင့် အခြား အရေးပေါ်အဖွဲ့များကို အကူအညီပေးရန် တို့ ဖြစ်သည်။
 
ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်း အလွန်အားကောင်းသော ဩဇာအာဏာကို တည်ဆောက်ထားပြီး နိုင်ငံ၏ ပုံမှန်စစ်တပ်များနှင့် အပြိုင်နီးပါး စွမ်းရည်ရှိသော ခါးပိုက်ဆောင်တပ်လည်း ပါဝင်ကာ နိုင်ငံရေးအရ ပြိုင်ဘက်များကို ဖိနှိပ်ရန် အသုံးပြုသည်ဟု စွပ်စွဲခြင်း ခံရသည်။<ref>Fuller, Thomas (6 January 2014) [https://www.nytimes.com/2014/01/06/world/asia/cambodia-crackdown-on-dissent.html Cambodia Steps Up Crackdown on Dissent With Ban on Assembly]. New York Times</ref> ကမ္ဘောဒီးယားသည် ကုလသမဂ္ဂ၏ အဏုမြူတားဆီးရေး စာချုပ်အား ပါဝင်လက်မှတ်ရေးထိုးထားသည်။<ref>{{Cite web |url=https://treaties.un.org/Pages/ViewDetails.aspx?src=TREATY&mtdsg_no=XXVI-9&chapter=26&clang=_en |title=Chapter XXVI: Disarmament&nbsp;– No. 9 Treaty on the Prohibition of Nuclear Weapons |publisher=United Nations Treaty Collection |date=7 July 2017}}</ref>
 
===ဥပဒေရေးရာ အလုပ်အကိုင်===