၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၄ -
နိုင်ငံရေးမတည်ငြိမ်မှု၊ [[ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်|ဖဆပလ]]ပြိုကွဲမှု၊ နိုင်ငံတော်ကိုဆက်လက်အုပ်ချုပ်လိုခြင်း စသောအကြောင်းများကြောင့် ဗိုလ်ချုပ်နေဝင်းသည် စစ်အင်အားဖြင့် တိုင်းပြည်အာဏာကို သိမ်းပိုက်လိုခဲ့သည်။
 
ဝန်ကြီးချုပ်[[ဦးနု]]၏ အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပြီး ၂ နှစ်မကြာမီ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းသည် စစ်အာဏာသိမ်းပိုက်ခဲ့သည်။ ဝန်ကြီးချုပ်[[ဦးနု]]၊ သမ္မတဟောင်း[[စဝ်ရွှေသိုက်]]စသော နိုင်ငံရေးသမားများနှင့် [[ကယားပြည်နယ်|ကရင်နီပြည်နယ်]]နှင့် [[ရှမ်းပြည်နယ်]]တို့၏ ခေါင်းဆောင်ဟောင်းတို့ကို ဖမ်းဆီးခဲ့သည်။ စဝ်ရွှေသိုက်၏သားဖြစ်သူ စဝ်မြေသိုက်သည်သာ သေနတ်ဖြင့်အပစ်ခံခဲ့ရ၍ ဤအာဏာသိမ်းပိုက်မှုကို ကမ္ဘာ့မီဒီယာများမှ "‌‌သွေး‌‌မြေမကျ‌သောအာဏာသိမ်းပိုက်မှုကြီး‌‌သွေး‌‌မြေမကျ‌သော အာဏာသိမ်းပိုက်မှုကြီး" ဟူ၍ပင် မှတ်တမ်းအတင်ခံခဲ့ရသည်။ ထို့အပြင်[[သီပေါမြို့|သီပေါ]][[စော်ဘွား]] [[စဝ်ကြာဆိုင်]]သည်လည်း [[တောင်ကြီးမြို့]]၌ ပျောက်ဆုံးသွားလေသည်။
 
{{multiple image
စာကြောင်း ၆၄ -
 
၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့သည့်အကြောင်းကို ငြင်းပယ်ခဲ့၍ ရာထူးမှနှုတ်ထွက်သွားခဲ့ပြီဖြစ်သော ဗိုလ်ချုပ်ဟောင်း[[အောင်ကြီး|ဦးအောင်ကြီး]]အား တရားခံဖြစ်ကြောင်း အပြစ်တင်ခဲ့သည်။ ထို့အပြင် မိမိကိုယ်မိမိ "တော်လှန်ရေးခေါင်းဆောင်" ဟူ၍လည်းကောင်း၊ "ဓားကိုဓားခြင်း၊ လှံကိုလှံခြင်း" ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။
 
==သိမ်းပိုက်ရသည့်အကြောင်းအရင်း==
မြန်မာစစ်တပ်မှ အာဏာသိမ်ပိုက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဖဆပလအစိုးရလက်အောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ပျက်သုဉ်းလုနီးပါးရှိနေခဲ့သည် ဟူ၍သမိုင်းပညာရှင်များကသုံးသပ်ကြသည်။
 
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် ဖက်ဒရယ်မူမရပါက ပြည်ထောင်စုမှ နှုတ်ထွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင်ရှမ်းပြည်နယ်တွင်လည်း လက်နက်တိုင်တပ်ဖွဲ့များကိုဖွဲ့စည်းပြီး စတင်တော်လှန်ခဲ့ကြပြီးဖြစ်သည်။ ဝန်ကြီးချုပ်ဦးနုသည် [[ဗုဒ္ဓဘာသာ]]ကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုခြင်းကြောင့် အခြားဘာသာဝင်များမှာ အစိုးရအားဆန့်ကျင်လိုကြသည်။ မြန်မာ့တပ်မတော်သည်လည်း ထိုပြဿနာရပ်များကို အကြောင်းပြု၍ အာဏာသိမ်းပိုက်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
 
[[ဖက်ဒရယ်ပြည်ထောင်စုစနစ်|ဖက်ဒရယ်စနစ်]]နှင့်[[ပါလီမန် ဒီမိုကရေစီ စနစ်|ပါလီမန်စနစ်]]တို့သည် နိုင်ငံအပေါ်သက်ရောက်မှုအားနည်းရာ ကိုယ်ပိုင်အုပ်ချုပ်မှုကိုအားပေးစေသည်၊ တိုင်းရင်းသားကိုယ်စားလှယ် များစွာရှိနေခြင်းကြောင့် နိုင်ငံတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေသည် ဟူသောအကြောင်းများကြောင့် တိုင်ပြည်တည်ငြိမ်စေရန် ခိုင်မာသောဗဟိုအစိုးရတစ်ရပ် လိုအပ်သည်ဟူ၍ တပ်မတော်ကယုံကြည်ခဲ့သည်။
 
==ဆက်လက်ဖတ်ရှုရန်==