၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၇၉ -
မြန်မာ့လူထုများတွင် အာဏာသိမ်းပြီးအစပိုင်း၌ မည်သည့်ပြောင်းလဲမှုများမှ မကြုံတွေ့ရသေးပေ။ တပ်မတော်၏ တန်းတူညီမျှရေးမူဝါဒကြောင့် စိုက်ပျိုးရေးတွင်လုပ်ကိုင်ကြသော လူထူတို့၏ လူနေမှုအဆင့်အတန်းမှာ အနည်းငယ်တိုးတက်လာခဲ့သည်။ [[တပ်မတော်]]သည် ၁၉၅၈ မှ ၁၉၆၀ အထိ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ဖူးသည့်အတွက် အချိန်တန်လျှင် အရပ်သားအစိုးရထံ အာဏာပြန်လွှဲမည်ဟု ယုံကြည်ခဲ့ကြသည်။ တပ်မတော်၏ ကွန်မြူနစ်ဝါဒဆန့်ကျင်ခြင်းကို အမေရိကန်နိုင်ငံက နှစ်သက်ခဲ့သည်။ [[စစ်အေးတိုက်ပွဲ]]၌ ဖက်မလိုက်မှုကို ဆက်လက်ကိုင်တွယ်ထားသဖြင့် မည်သည့်နိုင်ငံများမှ အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်ခြင်း သို့မဟုတ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းတို့မရှိခဲ့ပေ။
 
တပ်မတော်သည် အာဏာသိမ်းပြီးနောက် [[ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့|တော်လှန်ရေးကောင်စီ]]ကိုဖွဲ့စည်း၍ [[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်]]ကို စတင်ဆောင်ရွက်ခဲ့သည်။ ဦးစွာတိုင်းပြည်စီးပွားရေးကို ချယ်လှယ်နိုင်အောင်ဆောင်ရွက်ခဲ့သည်။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။ ထို့အပြင် ဥပဒေပြုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစသော အရေးပါသည့်ကဏ္ဍများကို ချုပ်ကိုင်နိုင်အောင်ပြုလုပ်ခဲ့သည်။ အစိုးရပိုင်မဟုတ်သည့် အင်စတီကျူးရှင်း (institution) များကို ဖျက်သိမ်းခဲ့သည်။
 
ဗြိတိသျှ[[ကိုလိုနီခေတ်]]၏ အတိတ်သမိုင်းကို ပပျောက်ရန်လည်း ဆောင်ရွက်ခဲ့သည်။ [[မြန်မာဘာသာစကား]]ကို မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့သည်။ အင်္ဂလိပ်လမ်းအမည်များကို [[ပြောင်းလဲထားသော လမ်းနာမည်များ (ရန်ကုန်မြို့)|မြန်မာဘာသာသို့ပြောင်းလဲ]]စေခဲ့သည်။ အနောက်တိုင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကိုလည် ရပ်ဆိုင်းစေခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ခဲ့ရသည်။ ၁၉၆၀ တွင် နိုင်ငံတော်၏ ပြင်ပကူးသန်းရောင်းဝယ်ရေးနှင့် GDP အချိုးမှာ ၄၀ ရာခိုင်နှုန်းရှိခဲ့၍ ၁၉၇၀ တွင် ထိုအချိုးမှာ ၂၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။
 
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏မူဝါဒသည် အခြေခံလူတန်းစား၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ သို့သော် တောင်သူလယ်သမားတို့ကိုသာ အလေးပေးခဲ့၍ စက်မှုလုပ်ငန်းသမားများကို လစ်လျူရှုသကဲ့သို့ဖြစ်ခဲ့သည်။ စက်မှုလုပ်ငန်းများကို ထောက်ပံ့မှုနည်းပါလာသဖြင့်ထောက်ပံ့မှုနည်းပါးလာသဖြင့် မြန်မာ့စီးပွားရေးမှာ ယိမ်းယိုင်လာခဲ့သည်။ ၁၉၈၀ ဆယ်စုနှစ်အလယ်ကာလတွင် အခွန်အတုတ်များကြီးမားလာခြင်း၊ မြေယာများကိုအဓ္ဓမသိမ်းယူခြင်းတို့ ဖြစ်ပွားလာခဲ့သည်။ ၁၉၈၅ တွင် မြန်မာ[[ကျပ်]]‌ငွေစက္ကူများမှ ၅၀ တန်နှင့် ၁၀၀ တန်တို့ကို တရားမဝင်ကြေညာ၍ ရုတ်သိမ်းခဲ့သည်။ ၁၉၈၇ တွင် ၂၅ ကျပ်တန်၊ ၃၅ ကျပ်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို ထက်မံရုတ်သိမ်းခဲ့ပြန်သည်။ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် [[ကုလသမဂ္ဂ]]မှ မှတ်တမ်းတင်ခဲ့သည်။
 
တိုင်းပြည်စီးပွားရေးပျက်ပြားမှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မအောင်မြင်မှု စသည့်အကြောင်းများကြောင့် ၁၉၈၈ ခုနှစ်တွင် ပြည်သူများစတင်ထကြွလာခဲ့ပြီး [[ရှစ်လေးလုံးအရေးအခင်း]]ဖြစ်ပေါ်လာခဲ့ရာ မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။