၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရုတ်သိမ်း +ရုပ်သိမ်း, -ံံ +ံ)
စာကြောင်း ၇၂ -
[[ဖက်ဒရယ်ပြည်ထောင်စုစနစ်|ဖက်ဒရယ်စနစ်]]နှင့်[[ပါလီမန် ဒီမိုကရေစီ စနစ်|ပါလီမန်စနစ်]]တို့သည် နိုင်ငံအပေါ်သက်ရောက်မှုအားနည်းရာ ကိုယ်ပိုင်အုပ်ချုပ်မှုကိုအားပေးစေသည်၊ တိုင်းရင်းသားကိုယ်စားလှယ် များစွာရှိနေခြင်းကြောင့် နိုင်ငံတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေသည် ဟူသောအကြောင်းများကြောင့် တိုင်းပြည်တည်ငြိမ်စေရန် ခိုင်မာသောဗဟိုအစိုးရတစ်ရပ် လိုအပ်သည်ဟူ၍ တပ်မတော်ကယုံကြည်ခဲ့သည်။
 
၁၉၆၀ ခုနှစ်သည် [[ကမ္ဘာ့သမိုင်း]]အရ [[စစ်အေးတိုက်ပွဲ]]ကာလ၌ ပါဝင်သည်။ [[အမေရိကန်ပြည်ထောင်စု]] ([[အရင်းရှင်ဝါဒ]]) နှင့် [[ဆိုဗီယက်ပြည်ထောင်စု]] ([[ကွန်မြူနစ်ဝါဒ]]) တို့သည် ကမ္ဘာတစ်ဝှမ်း၌ အချင်းချင်းယှဉ်ပြိုင်လျှက်ရှိခဲ့ကြသည်။ မြန်မာနိုင်ငံံ၏မြန်မာနိုင်ငံ၏ အစွန်းအဖျားဒေသများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိပါက ပြည်ပနိုင်ငံများ (အထူးအဖြင့် အမေရိကန်နှင့် ဆိုဗီယက်နိုင်ငံ) ၏ လွှမ်းမိုးမှုများရှိလာနိုင်သည်။ အမေရိကန်နိုင်ငံသည် အာရှဒေသ၌ ကွန်မြူနစ်ထောက်ခံသော နိုင်ငံများကို စိတ်ဝင်စားလျက်ရှိခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသော မြန်မာနိုင်ငံကို စောင့်ကြည့်ကောင်း စောင့်ကြည့်နိုင်ခဲ့မည်။
 
အကယ်၍ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် ပြည်ထောင်စုမှထွက်ခွာခဲ့ပါလျှင် လွတ်လပ်သောတိုင်းပြည်အနေဖြင့် ကိုယ်တိုင်နိုင်ငံခြားရေးပေါ်လစီများကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်ရာ အခြားနိုင်ငံများနှင့် မဟာမိတ်ပြု၍ ပူးပေါင်းရမည်ဖြစ်သည်။ စစ်အေးတိုက်ပွဲ၌ ဖက်မလိုက်သော မြန်မာနိုင်ငံအနေဖြင့် လုံခြုံရေးပြဿနာရပ်များ ပေါ်ပေါက်လာမည်ဖြစ်ပြီး မြန်မာ့နယ်မြေအတွင်း၌ အမေရိကန်နှင့်တရုတ်ပြည်တို့၏ တိုက်ပွဲဖြစ်နိုင်ခြေလည်း မြင့်မားနိုင်သည်။
စာကြောင်း ၈၃ -
ဗြိတိသျှ[[ကိုလိုနီခေတ်]]၏ အတိတ်သမိုင်းကို ပပျောက်ရန်လည်း ဆောင်ရွက်ခဲ့သည်။ [[မြန်မာဘာသာစကား]]ကို မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့သည်။ အင်္ဂလိပ်လမ်းအမည်များကို [[ပြောင်းလဲထားသော လမ်းနာမည်များ (ရန်ကုန်မြို့)|မြန်မာဘာသာသို့ပြောင်းလဲ]]စေခဲ့သည်။ အနောက်တိုင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ရပ်ဆိုင်းစေခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ခဲ့ရသည်။ ၁၉၆၀ တွင် နိုင်ငံတော်၏ ပြင်ပကူးသန်းရောင်းဝယ်ရေးနှင့် GDP အချိုးမှာ ၄၀ ရာခိုင်နှုန်းရှိခဲ့၍ ၁၉၇၀ တွင် ထိုအချိုးမှာ ၂၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။
 
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ အဓိကမူဝါဒသည် အခြေခံလူတန်းစား၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ သို့သော် တောင်သူလယ်သမားတို့ကိုသာ အလေးပေးခဲ့၍ စက်မှုလုပ်ငန်းသမားများကို လစ်လျူရှုသကဲ့သို့ဖြစ်ခဲ့သည်။ စက်မှုလုပ်ငန်းများကို ထောက်ပံ့မှုနည်းပါးလာသဖြင့် မြန်မာ့စီးပွားရေးမှာ ယိမ်းယိုင်လာခဲ့သည်။ ၁၉၈၀ ဆယ်စုနှစ်အလယ်ကာလတွင် အခွန်အတုတ်များကြီးမားလာခြင်း၊ မြေယာများကိုအဓ္ဓမသိမ်းယူခြင်းတို့ ဖြစ်ပွားလာခဲ့သည်။ ၁၉၈၅ တွင် [[မြန်မာကျပ်]]‌ငွေစက္ကူများမှ ၅၀ တန်နှင့် ၁၀၀ တန်တို့ကို တရားမဝင်ကြေညာ၍ ရုတ်သိမ်းခဲ့သည်။ရုပ်သိမ်းခဲ့သည်။ ဆန်ဈေးနှင့် သစ်ဈေးများမှာ လုံးဝကျဆင်းခဲ့သည်။ ပြည်သူတို့မှာ ဘဏ်များ၌ ပိုက်ဆံများစွာ ထုတ်ယူခဲ့ကြရသည်။ ၁၉၈၇ တွင် ၂၅ ကျပ်၊ ၃၅ ကျပ်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို ထက်မံရုတ်သိမ်းခဲ့ပြန်သည်။ထက်မံရုပ်သိမ်းခဲ့ပြန်သည်။ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် [[ကုလသမဂ္ဂ]]မှ မှတ်တမ်းတင်ခဲ့သည်။
 
တိုင်းပြည်စီးပွားရေးပျက်ပြားမှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မအောင်မြင်မှု စသည့်အကြောင်းများကြောင့် ၁၉၈၈ ခုနှစ်တွင် ပြည်သူများစတင်ထကြွလာခဲ့ပြီး [[ရှစ်လေးလုံးအရေးအခင်း]]ဖြစ်ပေါ်လာခဲ့ရာ မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။