ရဲဘော်နေအောင် (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
စာကြောင်း ၃ -
ရဲဘော်နေအောင်သည် ရှေး ၁၀ တန်းအောင်မြင်ခဲ့ပြီး ၁၉၄၂-၄၅ ခုနှစ်၌ ဗမာ့တပ်မတော်၊စစ်တက္ကသိုလ်(မင်္ဂလာဒုံ)တတိယပတ် ဗိုလ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ထို့နောက် ဖက်ဆစ်တော်လှန်ရေးတွင် အလုပ်သင်ဗိုလ်အဆင့်ဖြင့် စက်မှု(၂)တပ်ရင်းရုံး၌ တာဝန်ထမ်းဆောင်ခဲ့သည်။တစ်ဖန် တိုင်းစစ်ဌာနချုပ် နတ်တလင်းသို့ ရောက်ရှိပြီး [[ပဲခူးရိုးမ]]သို့ ချီတက်တိုက်ခိုက်ရေး တာဝန်ယူခဲ့သည်။ထို့နောက် [[ဇီးကုန်းမြို့]]တွင် [[ဗမာ့ကာကွယ်ရေးတပ်မတော်]] ဖျက်သိမ်းသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
 
ရဲဘော်နေအောင်ကို ၁၉၄၅ ခုနှစ်၊ဇူလိုင်လတွင် ဗြိတိသျှစစ်အုပ်ချုပ်ရေး(စီအေအက်စ်ဘီ)က ဖက်ဆစ်တော်လှန်ရေးကာလအတွင်းက လူသတ်မှုကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ကာ တရားရုံးက သေဒဏ်ကြိုးမိန့်ချမှတ်ခဲ့သည်။[[ဗိုလ်ချုပ်အောင်ဆန်း]]နှင့် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များအပါအဝင် လူထုအုံကြွမှုဖြင့် အရေးဆိုခဲ့သောကြောင့် သေဒဏ်မှလွတ်ကာ တစ်သက်တစ်ကျွန်းသို့ ပြောင်းရွှေ့အမိန့်ချမှတ်ခံရသည်။[[သရက်ထောင်]]တွင်အကျဥ်းချခံရစဥ်တွင်အကျဉ်းချခံရစဉ် [[ဗိုလ်ချုပ်အောင်ဆန်း]] [[သရက်မြို့]]သို့ရောက်ရှိလာသောအခါ အကျဥ်းထောင်စစ်ဆေးရာတွင်အကျဉ်းထောင်စစ်ဆေးရာတွင် ရဲဘော်နေအောင်သည် [[ဗိုလ်ချုပ်အောင်ဆန်း]]နှင့်တွေ့ဆုံခွင့်ရခဲ့သည်။၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ရဲဘော်နေအောင်သည် အပြစ်ဒဏ်မှလုံးဝလွတ်ကင်းခဲ့သည်။
 
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရဲဘော်နေအောင်သည် သတင်းစာဆရာ၊စာရေးဆရာ၊မဂ္ဂဇင်းအယ်ဒီတာ ဘဝများတွင်ကျင်လည်ခဲ့သည်။[[မန္တလေးမြို့]] ဟံသာဝတီသတင်းစာ၊သူရိယသတင်းစာများတွင် အယ်ဒီတာလုပ်ခဲ့သည်။ထို့နောက် [[ရန်ကုန်မြို့]]သို့ပြောင်းရွေ့လာပြီး ပင်းယစာပေတိုက်ပိုင်ရှင် ဦးသိန်းရွှေ၏ ပင်းယစာပေတိုက် အပေါ်ထပ်တွင် ခေတ္တ​နေထိုင်ခဲ့သည်။သည့်နောက် ဆောက်လုပ်ရေး ကော်ပိုရေးရှင်းရုံးခန်းတွင် စာကြည့်တိုက်မှူးတာဝန် ထမ်းဆောင်ခွင့်ရကာ ရုံးချုပ်ဝင်းအတွင်း တိုက်ခန်းတွင် နေထိုင်လျက် စာပေများရေးသားပြုစုခဲ့သည်။
 
မန္တလေးရုပ်ရှင်က ရိုက်ကူးသော ''သည်သောင်ယံက မခွာရက်နိုင်တယ်'' ရုပ်ရှင်ဇာတ်ကားသည် ရဲဘော်နေအောင်၏ ဝတ္ထုဇာတ်လမ်းဖြစ်သည်။ရဲဘော်နေအောင်၏ ''နယ်ချဲ့၏အကျဥ်းသားနယ်ချဲ့၏အကျဉ်းသား'' ပထမတွဲ၊ဒုတိယတွဲ နှစ်အုပ်မှာ စာရေးသူ၏ အကျဥ်းသားဘဝကိုအကျဉ်းသားဘဝကို ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရေးနိုင်သဖြင့် စာပေလောကတွင် ထင်ရှားခဲ့သည်။ထို့အပြင် ရဲဘော်နေအောင်သည် မိမိ၏အရက်ကျေးကျွန်ဖြစ်ခဲ့ရပုံကို သူ၏ ''သေရည်'' စာအုပ်တွင် ပွင့်ပွင့်လင်းလင်းရေးသားခဲ့သည်။
 
ရဲဘော်နေအောင်သည် သူ၏ အရက်ကျေးကျွန်ဖြစ်ခဲ့ရသောဘဝကို မရှက်မကြောက်၊ရိုးရိုးစင်းစင်း၊ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ရေးသားခဲ့သောကြောင့် သူ၏ ''သေရည်'' စာအုပ်သည် ရသမြောက်ပြီး စာပေမှတ်တိုင်တစ်ခုအဖြစ်စိုက်ထူနိုင်ခဲ့သည်။