ထရိုဂျန်စစ်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၉၇ -
အခီးယန်ဇ်များ စစ်ချီကြသောအခါ သွားရမည့်လမ်းကိုမသိဖြစ်ကြ၏ ။ ဘုရင် တယ်လီဖပ်စ် အုပ်စိုးသော မစ်ဆီယာ (Mysia - မီးရှား) ဒေသသို့ မတော်တဆ ရောက်ရှိသွားခဲ့ကြသည်။ တယ်လီဖပ်စ်ဘုရင်က အာကေးဒီးယားတပ်ပေါင်းစုကို ဦးဆောင်ကာ တိုက်ပွဲဖြစ်ကြသည်။<ref>Pausanias, 1.4.6.</ref> တိုက်ပွဲတွင် တယ်လီဖပ်စ်က သားဆန္ဒာ (Thersander - သဲစန်းဒရှော့) ကို သတ်နိုင်ခဲ့ပြီး<ref>Pausanias, 9.5.14.</ref> အာခိလိဇ်က တယ်လီဖပ်စ်ကို ဒဏ်ရာရစေခဲ့သည်။,<ref>Pindar, ''Isthmian'' 8.</ref> ရရှိသော ဒဏ်ရာမှာ ပျောက်ကင်းမှုမရှိသဖြင့် တယ်လီဖပ်စ်က နတ်ဆရာကို ဒဏ်ရာနှင့်ပတ်သက်၍ မေးမြန်းသော် နတ်ဆရာက ပျောက်ကင်းလိမ့်မည်ဟု အဖြေပြန်ပေးသည်။ ထို့နောက် အခီးယန်ဇ်တပ်များ ရွက်လွှင့်၍ ထွက်ခွာလာရာ မုန်တိုင်းတစ်ခုကြောင့် အကွဲကွဲအပြားပြားဖြစ်ပြန်၏ ။ အာခိလိဇ်က စကီးရော့စ်ကျွန်းတွင် ရပ်နားခဲ့ပြီး ဒေးဒါမိုင်းယာနှင့် အိမ်ထောင်ပြု၏ ။ တပ်ဖွဲ့များစုဝေးခြင်းကို အောလိဇ်မြို့တွင် အသစ်တစ်ဖန်ပြန်လည် ပြုလုပ်ကြသည်။<ref name=PC1/>
 
တယ်လီဖပ်စ်က အောလိဇ်သို့ သွားပြီး သူဖုန်းစားယောင်ဆောင်ကာ အဲဂါမန်နန်ကို ၎င်း၏ ဒဏ်ရာကုသပေးရန် တောင်ဆိုသည်<ref name="Apollodorus, Epitome 3.20">Apollodorus, ''Epitome'' 3.20.</ref> (သို့) အဲဂါမန်းနန်၏ သား အောရက်စတီးဇ်ကို ဓါးစာခံပြု၍ဓားစာခံပြု၍ ဒဏ်ရာ ကုပေးရန်တောင်းဆိုသည်။<ref>Aeschylus fragment 405–410</ref> အာခိလိဇ်က ကုသရန် ငြင်းဆန်ခဲ့၍ ကုနည်း (ဆေးပညာအသိ) မရှိဟု ဆိုခဲ့သည်။ အောဒစ်ဆီးယပ်မှနေ၍ ဒဏ်ရာကိုဖြစ်စေသည့် လှံတံသည် ဒဏ်ရာကို ပြန်လည်ကုနိုင်ကြောင်း ကြောင်းကျိုးသင့် ဆို၏ ။ လှံမှ အစအန (သံချေး စသည်) များကို ဒဏ်ရာပေါ်သို့ ပက်ဖြူးသောအခါ တယ်လီဖပ်စ်၏ ဒဏ်ရာ ပျောက်ကင်းခဲ့သည်။<ref>Pliny, ''Natural History'' 24.42, 34.152.</ref> ထို့နောက်မှသာ တယ်လီဖပ်စ်က ထရွိုင်သို့ သွားရာလမ်းကြောင်းကို ပြောပြခဲ့လေသည်။<ref name="Apollodorus, Epitome 3.20"/>
 
အချို့ပညာရှင်များ ယူဆသည်မှာ တပ်လီဖပ်စ်အပေါ် စစ်ပြုခြင်းသည် ထရိုဂျန်စစ်ပွဲ၏ မူရင်းဇာတ်လမ်း မဟုတ်ဘဲ ဆင့်ပွားပြန်လည် ဖန်တီးထားခြင်းသာဖြစ်သည်။ သို့ရာတွင် အဓိကဇာတ်လမ်းကျောရိုးမှ အဖြစ်အပျက်၊ အကြောင်းအရာများ၏ ရှေ့ပြေးသဖွယ် စွန့်စားခန်း ဇာတ်လမ်းပုံစံနှင့် အံဝင်ခွင်ကျဖြစ်သည်ဟု ယူဆသုံးသပ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ဇာတ်လမ်းအကြိုသဘောနှင့် ခွဲထုတ်မရသောအပိုင်းအဖြစ် ဖြစ်နိုင်ခြေ ရှိပေသည်။<ref>Davies, esp. pp. 8, 10.</ref>