ဟုကာဒါ ကီယိုကို: တည်းဖြတ်မှု မူကွဲများ

"{{Infobox person|name=ကျိုကိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၄:၀၅၊ ၆ ဇွန် ၂၀၂၁ ရက်နေ့က မူ

ကျိုကို ဖူကာဒါ (ဂျပန်: 深田 恭子 ၊ ၁၉၈၂ နိုဝင်ဘာ ၂ ဖွါး) သည် ဂျပန်လူမျိုး သရုပ်ဆောင်နှင့် အဆိုကျော်ဖြစ်သည်။ သူ့ကို ဟိုရီပရိုအေဂျင်စီမှ တာဝန်ယူထားသည်။ ဂျပန်ရှိပရိသတ်များက ဖူကာကယွန် (深キョン) ဟု ချစ်စနိုးခေါ်ကြသည်။ ယိုကိုဟားမားရုပ်ရှင်ပွဲတော်၌ ကာမီကာဇီမိန်းကလေးတွေ ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရဖူးသည်။

ကျိုကို ဖူကာဒါ
深田 恭子
ဟယ်ရီပေါ်တာနှင့်မီးလျှံငှက်၏အမိန့်တော် ဇာတ်ကားအား တိုကျို၌ ရုံတင်ပွဲတွင် တွေ့ရစဉ် (၂၀၀၇ ဇွန်)
မွေးဖွား (1982-11-02) နိုဝင်ဘာ ၂၊ ၁၉၈၂ (အသက် ၄၁)
ကီတာ, တိုကျို, Japan
နိုင်ငံလူမျိုးဂျပန်
ပညာရေးဟိုရီကိုရှီအထက်တန်းကျောင်း
အလုပ်အကိုင်Actress, singer
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၆-လက်ရှိအချိန်ထိ
ကိုယ်စားလှယ်ဟိုရီ ပရို
အရပ်၁.၆၃ m (၅ ft ၄ in)
ဂီတခရီးလမ်း
ဂီတဟန်
  • ပေါ့
တူရိယာ
  • အဆို
  • စန္ဒယား

ငယ်ဘဝနှင့်ပညာရေး

၁၉၈၂ ခု၌ တိုကျိုတွင် မွေးသည်။ မွေးချင်းညီမတစ်ယောက် ရှိသည်။

၂၀၀၁ ခုတွင် ဟိုရီကိုရှီအထက်တန်းကျောင်းမှ အထက်တန်းအောင်သည်။

အနုပညာခရီး

ငယ်စဉ်ကပင် တိုမိုမီ ကဟာရာကို သဘောကျကာ မင်းသမီးဖြစ်ချင်ခဲ့သည်။ ၁၉၉၆ ခု၊ အောက်တိုဘာလ ၂၀ ရက်တွင် ပါရမီရှင်ကင်းထောက်ယာဉ်တန်း (Talent Scout Caravan) ၏ ၂၁ ကြိမ်မြောက် လူသစ်ရွေးပွဲတွင် အထူးဆုရသည်။ ၁၉၉၇ ခုတွင် ဒါအဖြေပဲ (それが答えだ!) ရုပ်သံဇာတ်လမ်းတွဲ၌ ကာဇုနိ မိဇူနိုနေရာတွင် ပါဝင်ကာ ပွဲထွက်သည်။ ၁၉၉၉ ခုတွင် ရုံတင်သည့်ဇာတ်ကား ကွင်းဆက် ၂ (リング 2) မှာ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သည်။

ပထမဆုံးထုတ်သည့် နောက်ဆုံးသစ်သီး သီချင်းမှာ အောင်မြင်သဖြင့် ၁၉၉၉ ခုတွင် ချစ်လှစွာသော ... သီချင်းခွေကို ထုတ်ဝေကာ ပေါ့အဆိုတော်အဖြစ်လည်း ခြေလှမ်းထွင်သည်။

ကျန်းမာရေးအခြေအနေ

၂၀၂၁ ခု၊ မေလ ၂၇ ရက်တွင် စိတ်ဖိစီးမှုနှင့် အခြားအကြောင်းများကြောင့် သူ့တွင် စိတ်ထွက်လွယ်ရောဂါဖြစ်နေကြောင်း လူသိရှင်ကြားထုတ်ပြောသည်။ အဆိုပါရောဂါပျောက်ရန် အာရုံစိုက်လို၍ အနုပညာလုပ်ငန်းများကို လုံးဝနားထားမည်ဟု ဆုံးဖြတ်ထားသည်။