လောင်စာဆဲလ်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၂ -
[[ဖိုင်:Fuel_cell_NASA_p48600ac.jpg|right|thumb|318x318px| တိုက်ရိုက် [[မက်သနောလ်]] လောင်စာဆဲလ် (အနက်ရောင်အလွှာတုံး) သရုပ်ပြမော်ဒယ်။]]
[[ဖိုင်:Solid_oxide_fuel_cell_protonic.svg|thumb| ပရိုတွန် စီးကူးသော လောင်စာဆဲလ်]]
'''လောင်စာဆဲလ်'''သည် လျှပ်စစ်ဓာတုဆဲလ်တစ်ခု ဖြစ်ပြီး လောင်စာဆီ (များသောအားဖြင့် [[ဟိုက်ဒရိုဂျင်]])၏ ဓာတုစွမ်းအင်နှင့် ဓါတ်တိုးပစ္စည်းဓာတ်တိုးပစ္စည်း (အောက်စီဂျင် ) တို့ ဓာတ်ပြုမှု မှတစ်ဆင့် လျှပ်စစ်အဖြစ်ပြောင်း လဲပေးသည်။ လောင်စာဆဲလ်များသည် [[ဓာတ်အိုး|ဘက်ထရီ]]များနှင့် ကွဲပြားပြီး ဓာတုဗေဒဓာတ်ပြုမှုကို စဉ်ဆက်မပြတ်ဖြစ်စေရန်အတွက် လောင်စာနှင့် [[အောက်စီဂျင်]] (လေထုမှ) လိုအပ်သည်။ ဘက်ထရီများမှာမှု ဓာတုစွမ်းအင်သည် များသောအားဖြင့် သတ္တုများနှင့် ၎င်းတို့၏ အိုင်းယွန်းများ သို့မဟုတ် အောက်ဆိုဒ်များမှ ဖြစ်သည်။<ref name="Schmidt-Rohr 18">Schmidt-Rohr, K. (2018). "How Batteries Store and Release Energy: Explaining Basic Electrochemistry", ''J. Chem. Educ.'', '''95''': 1801–1810. https://doi.org/10.1021/acs.jchemed.8b00479</ref> လောင်စာဆဲလ်များသည် လောင်စာနှင့် အောက်စီဂျင်ထောက်ပံ့ပေးသရွေ့ စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည်။
 
ပထမဦးဆုံးသော လောင်စာဆဲလ်များကို ၁၈၃၈ ခုနှစ်တွင် ဆာ ဝီလျံဂရုပ် (Sir William Grove)မှ တီထွင်ခဲ့သည်။ ရာစုနှစ်တစ်ခုကျော်အကြာ ၁၉၃၂ ခုနှစ်တွင် ဖရန်စစ်သောမတ်ဘေကွန် (Francis Thomas Bacon) မှ ဟိုက်ဒရိုဂျင် - အောက်စီဂျင်လောင်စာဆဲလ်ကို တီထွင်ပြီးနောက်တွင် လောင်စာဆဲလ်များကို ပထမဆုံးစီးပွားဖြစ် အသုံးပြုခဲ့သည်။ ဘေကွန် လောင်စာဆဲလ် (တီထွင်သူ၏ နာမည်ပေး)ဟု သိကြသည့် အယ်ကာလိုင်းလောင်စာဆဲလ်ကို ၁၉၆၀ ပြည့်လွန်နှစ်များအလယ်ကတည်းက [[နာဆာ]]အာကာသ အစီအစဉ်များတွင် [[ဂြိုဟ်တု]]များနှင့် အာကာသယာဉ်များကို [[ပါဝါ]]ထုတ်ပေးရန် အသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ လောင်စာဆဲလ်များကို အခြားအသုံးချမှု များစွာတွင် အသုံးပြုခဲ့သည်။ လောင်စာဆဲလ်များကို စီးပွားရေးဆိုင်ရာများ၊ စက်မှုလုပ်ငန်းနှင့် လူနေအိမ်အဆောက်အဦးများနှင့် ဝေးလံခေါင်ဖျားဒေသများတွင် စွမ်းအင်ရင်းမြစ်နှင့် အရံအဖြစ် အသုံးပြုသည်။ လောင်စာဆဲလ်များကို ကားများ၊ ဘတ်စ်ကားများ၊ လှေများ၊ မော်တော်ဆိုင်ကယ်များနှင့် ရေငုပ်သင်္ဘောများကိုလည်း [[ပါဝါ]]ပေးရန် အသုံးပြုကြသည်။