မိဿ (ဗေဒင်): တည်းဖြတ်မှု မူကွဲများ

No Reference;210.14.110.61 (ဆွေးနွေး) ၏ တည်းဖြတ်မူ 554889 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲများ: အစားထိုးခဲ့သည် နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး အီမိုဂျီ မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆ -
မတ်လ (၂၁) ရက်မှ ဧပြီလ (၂၀) ရက်အတွင်း မွေးဖွားသူများသည် မိဿရာသီဖွားများဖြစ်ကြသည်။
 
 
 
 
♈ မိဿရာသီဖွား (မတ်လ ၂၁ ရက် မှ ဧပြီလ ၂၀ ရက် အတွင်း)
 
၁၂ ရာသီခွင်ရဲ့ ပထမဆုံးသောသူများ ဖြစ်ပါတယ်။ အားမာန်တက်ကြွတယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ အရာရာကို အကောင်းဆုံးဆောင်ရွက်ဖို့ အမြဲတောက်လောင်နေတဲ့ ဆန္ဒရှိကြတယ်။ မိဿရာသီဖွားတစ်ဦးနဲ့ ဆုံတွေ့ရခြင်းဟာ ရက်စက်ခက်ထန်ပြီး ဘယ်သူမှ မတားဆီးနိုင်တဲ့ စစ်သည်ရဲမက်တစ်ဦးနဲ့ လုပ်ငန်းအတူတူ လုပ်ကိုင်ဆောင်ရွက်ရတာမျိုးနဲ့ တူနေပါလိမ့်မယ်။ စိတ်အဆင်မပြေတဲ့ နေ့မှာတော့ သူတို့ဟာ အားကောင်းတဲ့စိတ်ဆန္ဒနဲ့ ပြင်းထန်တဲ့အားမာန်ဒေါသဟာ ကလေးဆန်ဆန်ဖြစ်ပြီး ဝုန်းဒိုင်းကြဲနေတတ်ပါတယ်။ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကိုသာ လုံလုံလောက်လောက် ရမထားဘူးဆိုရင် သူတို့ဟာ တဇွတ်ထိုးတဇောက်ကန်းတွေ ဖြစ်နေတတ်ပါတယ်။
 
မိဿရာသီဖွားတွေရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စိတ်အားတက်ကြွမှုတွေဟာ သိဟ်ရာသီနဲ့ ဓနုရာသီဖွားတွေအပေါ် လွှမ်းမိုးထားပါတယ်။ အဲဒီလို လွှမ်းမိုးနိုင်မှုကြောင့်ပဲ သူတို့ဟာ စွန့်ဦးတီထွင်နိုင်စွမ်းတွေ၊ ဖန်တီးနိုင်စွမ်းတွေကို ပိုင်ဆိုင်လာစေတယ်။ မိဿရာသီဖွားတွေနဲ့ တူရာသီဖွားမှာတော့ တစ်ဦးကိုတစ်ဦး ထောက်ပံ့ဖို့အတွက် အကောင်းဆုံး အရည်အသွေးတွေ ရှိနေကြပါတယ်။ တခြားရာသီခွင်တွေထက် ပိုပြီး ရှေးရိုးစွဲဆန်တဲ့ ကရကဋ်ရာသီဖွားတွေနဲ့ မကာရ ရာသီဖွားတွေကတော့ ပင်ကိုစွမ်းရည်ရှိကြတဲ့ မိဿရာသီဖွားတွေကို ယှဉ်ပြိုင်ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ ဂရုတစိုက်နဲ့ အစီအစဉ်တကျ လုပ်တတ်တဲ့ သူတို့ကြောင့် မိဿရာသီဖွားတွေအဖို့ ပျင်းရိငြင်းငွေ့ဖွယ်ရာ ဖြစ်တတ်ပါတယ်။ မိဿတွေရဲ့ စိတ်လိုက်မာန်ပါ လုပ်လေ့ရှိတဲ့ အကျင့်ကြောင့် ရံဖန်ရံခါ အလုပ်မတွင်ကျယ်ဘဲ နှေးကွေးတတ်တယ်။ မိဿရာသီဖွားတွေအနေနဲ့ စိတ်ကို လျှော့ပြီး အပြန်အလှန် နားလည်မှုနဲ့ ဆောင်ရွက်မှသာ အကျိုးများစေပါလိမ့်မယ်။