အီတလီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
အရေးမကြီး Reverted 2 edits (cant understand)
စာတွဲ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း
စာကြောင်း ၅၇ -
အီတလီနိုင်ငံမြောက်ပိုင်းတွင် အိုင်များ ပေါလှသည်။ ထင်ရှားသောအိုင်များတွင် ကော်မို၊ လူဂါနို၊ မက်ဂျိုရီနှင့် ဂါဒါအိုင်များ ပါဝင်သည်။ ထိုပြင် မီးသေတောင်များတွင် ရေတင်ရာမှ ဖြစ်ပေါ်လာသော အိုင်ကြီးများလည်း ရှိသေး၏။ အလယ်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည် တဖြည်းဖြည်း မြင့်တက်လာ၏။ အချို့ တောင်ထွတ်များမှာ ပေ ၈ဝဝဝ ကျော် ၉ဝဝဝ မြင့်သည့်ပြင် အချို့မှာ ၉ဝဝဝ ကျော်ကျော်ပင် မြင့်သေး၏။ တောင်တန်း၏ တဖက်တချက်ရှိ ဆင်ခြေလျှောများတွင် မြေဩဇာကောင်း၍ မိုးကောင်းစွာ ရွာသွန်းသဖြင့် စိုက်ပျိုးလုပ်ကိုင် အောင်မြင်သည်။ တောင်တန်း၏အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းပေါ်ရှိ နေပယ်ပင်လယ် ကွေ့သည် ကမ္ဘာပေါ်တွင် အသာယာဆုံးသောအရပ် ဖြစ်လေသည်။ ဤဒေသတွင် အရေးပါဆုံးသော မြစ်ကြီးနှစ်သွယ်မှာ အာနိုနှင့် တိုင်ဗာမြစ်တို့ ဖြစ်၏။
 
အာနိုမြစ်ပေါ်တွင် ဖလော်ရင့်မြို့ကြီး တည်ရှိ၍ တိုင်ဗာမြစ်ပေါ်တွင် အီတလီနိုင်ငံ၏မြို့တော်[[ရောမမြို့]] တည်ရှိလေသည်။
တောင်ပေါ် စစ္စလီကျွန်းသည်ကျွန်းပေါ်တွင်တည်ရှိသည်  [[စစ္စလီကျွန်း]]
 
တိုင်ဗာမြစ်နှင့် တပ်စကန်နီနယ်စပ်ကြားတွင် မီးမြုံတောင်များ ထူထပ်ပေါများ၏။ ရှေးအခါက ဤမီးတောင်တို့သည် ပြင်းထန်စွာ ပေါက်ကွဲခဲ့ဖူးသည်။ အီတလီနိုင်ငံ အလယ်ပိုင်းသို့ အက်ပင်းနိုင်း တောင်တန်းကြီးမှ ခွဲထွက်လာသော ကာရားရာတောင်မှ ကျောက်ရုပ်တုများ ထုလုပ်ရာတွင် အသုံးပြုသည့် စကျင်ကျောက်များကို တူးဖော်ရရှိသည်။ အီတလီနိုင်ငံ တောင်ဘက်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည် တဖြည်းဖြည်း နိမ့်ဆင်းသွားလေသည်။ အလယ်ပိုင်းကဲ့သို့ တောတောင်မထူထပ်သဖြင့် အက်ပင်းနိုင်းတောင်တန်း၏ အနောက်ဘက်တွင် ကမ်ပါနီယာလွင်ပြင်ကြီးနှင့် အရှေ့ဘက်တွင် ကျွဲနွား အကြီးအကျယ် မွေးမြူနိုင်သော အပျူလီယာမြက်ခင်းလွင်ပြင်ကြီး ရှိလေသည်။ နေပယ်ပင်လယ်ကွေ့ ကမ်းပေါ်တွင်ကား ကမ္ဘာပေါ်တွင် အထင်ရှားဆုံးဖြစ်သည့် ဗီဆူဗီးယတ် မီးတောင်ကြီး ရှိသည်။
 
အီတလီနိုင်ငံ တောင်ဘက်စွန်းရှိ စစ္စလီကျွန်းပေါ်တွက်မူ [[စစ္စလီကျွန်း]]အက်တနမီးတောင်ကြီးရှိ၏။
 
ထိုတောင်နှစ်ခုစလုံးမှာ ယနေ့ထက်တိုင် မီးခိုးတလူလူနှင့် ရှိနေသေးသည်ကို အဝေးကပင် တွေ့မြင်နိုင်လေသည်။ အီတလီနိုင်ငံ၏ရာသီဥတုမှာ မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်၍ နွေအခါတွင် ပူပြင်းခြောက်သွေ့ကာ ဆောင်းအခါတွင် မိုးရွာသွန်းလေသည်။ တစ်နိုင်ငံလုံးတွင် မိုးအနှံ့အပြား ရွာသွန်းသော်လည်း ဆောင်းတွင်း၌သာ ရွာသွန်းသဖြင့် စိုက်ပျိုးရေးအတွက် အသုံးမဝင်လှချေ။ ပိုးမြစ်ဝှမ်းတွင် လွန်ကဲသော ရာသီဥတုမျိုးရှိ၏။ တစ်နိုင်ငံလုံးတွင် နေရောင်လိုသည်ထက်ပို၍ ရလေသည်။ ထိုကြောင့်လည်း ''နေသာရွှေပြည် အီတလီ'' ဟု တချို့က ခေါ်ဝေါ်ကြသည်။ အီတလီနိုင်ငံသည် အခြား တောင်ထူထပ်သောနိုင်ငံများကဲ့သို့ တွင်းထွက်ရတနာများဖြင့် မကြွယ်ဝလှချေ။ ကျောက်မီးသွေးမှအစ အခြားသတ္တုရိုင်းများ ချို့တဲ့မှုကြောင့် စက်မှုလက်မှုမထွန်းကားပဲ လက်လုပ်ပစ္စည်းများ ထုတ်လုပ်ရာ၌သာ ထင်ရှားခဲ့လေသည်။ အီတလီနိုင်ငံတွင် ၁၈၆၆ ခုနှစ် မတိုင်မီ အချိန်က သီးခြား ပြည်နယ်ပေါင်း ၁၈ နယ်ခန့် ရှိ၍၊ တနယ်တမင်း အုပ်စိုးခဲ့ကြလေသည်။ ထိုပြည်နယ်များမှာ ပီးဒမွန့်၊ လီဂူရီးယား၊ လောင်ဗာဒီ၊ ဗီနီးရှား၊ ဗီးနီးရှား ထရိုင်ဒင်းရှား၊ ဗီနီရှားဂျူလီယားနှင့် ဇာရာ၊ အယ်မီးလီးယား၊ အဗရပ်ဇီနှင့် မိုလီစီ၊ တပ်စကန်နီ၊ မားချက်၊ အမ်ဗရီးယာ၊ လေဇီယို၊ ကမ်ပါနီယာ၊ အပျူလီယာ၊ လူကာနီယာ၊ ကာလာဗရီယာ၊ စစ္စလီနှင့် ဆာဒင်းနီးယား တို့ ဖြစ်ကြ၏။ ထိုပြည်နယ် ၁၈ နယ်တွင် ပီးဒမွန့်၊ လီဂူးရီးယား၊ ဗီနီးရှား၊ အယ်မီးလီးယားနှင့် တပ်စကန်နီနယ်တို့ကို မြောက်ပိုင်းအီတလီဟုခေါ်၍၊ အမ်ဗရီးယား၊ မားချက်၊ အဗရပ်ဇီနှင့် မိုလီစီနယ်တို့ကို အလယ်ပိုင်းဟု ခေါ်ကြ၏။ ကျန်ပြည်နယ်များကို တောင်ပိုင်းဟုခေါ်လေသည်။ မြောက်ပိုင်းမှာ စက်မှုလက်မှုလုပ်ငန်းများ အသင့်အတင့်ထွန်းကားခဲ့၍ မော်တော်ကား၊ လေယာဉ်ပျံမှအစ သံမဏိပစ္စည်းများ ထုတ်လုပ်နိုင်သော်လည်း၊ များသောအားဖြင့် စက်ရုံများမှာ တောင်ကျရေတံခွန်များမှ ရေအားဖြင့် လည်ကြ ရလေသည်။ စက်မှုပစ္စည်းများမှတပါး လက်ရက်ပိုးထည်၊ အဆောက်အအုံများတွင် အသုံးပြုသည့် ကျောက်ဖြူများ၊ လက်ရက်မြက် ဦးထုပ်များ ထုတ်လုပ်သည်။ အလယ်ပိုင်းရှိ လွင်ပြင်နှင့်နေပယ် နှင့်တပ်စကန်နီတို့ အနီးအနားရှိ ဒေသများတွင် မြေဩဇာကောင်းမွန်၍၊ ပိုးမြစ်ဝှမ်းမှ ရေကောင်းစွာရသဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်အောင်မြင်သည်။ ဂျုံမှာ အဓိကကောက်ပဲသီးနှံဖြစ်၍ ပြောင်းမှာ ဂျုံမစိုက်နိုင်သည့်နေရာတွင် စိုက်ပျိုးသော အသီးအနှံဖြစ်သည်။ စပါးကို လောင်ဗာဒီ၊ ပီးဒမွှန့်နှင့် အခြားနယ်များတွင် စိုက်ပျိုး၏။ အီတလီတစ်နိုင်ငံလုံးတွင် စပျစ်နွယ်ပင်များကို စိုက်ပျိုးလေသည်။ သံလွင်သီးနှင့် သစ်အယ်သီးများမှာ အီတလီနိုင်ငံတွင် အများဆုံး အစားအစာများ ဖြစ်ကြသည်။ အီတလီနိုင်ငံ တောင်ပိုင်းထွက် ထင်ရှားသော သစ်သီးများမှာ လိမ်မော်၊ ရှောက်၊ သဖန်း၊ ဗာဒမ်တို့ ဖြစ်၏။ ပိုက်ဆံလျှော်၊ ဘီသွာလျှော်၊ ဝါဂွမ်းတို့ကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်လေသည်။ စားကျက်ကောင်းများ ပေါများရာ လောင်ဗာဒီနှင့် အယ်မီးလီးယားနယ်များတွင် ကျွဲနွားတိရစ္ဆာန်များကို မွေးမြူ၍ ဒိန်ခဲ လုပ်ငန်းများလည်းဖြစ်ထွန်း၏။ တောင်ထူထပ်သော ခရိုင်များတွင် သိုးများကို မွေးမြူ၍၊ ဆိတ်များကို အီတလီအလယ်ပိုင်းနှင့် တောင်ပိုင်း စစ္စလီကျွန်းတို့တွင် မွေးမြူကြလေသည်။ ထွက်ကုန်ဝင်ကုန်များ လဲလှယ်ရာဖြစ်သော အချက်အခြာ ဆိပ်ကမ်းမြို့ကြီးနှစ်မြို့မှာ၊ အေဒြီယက်တစ် ပင်လယ်ကွေ့ရှိ ဗင်းနစ်မြို့နှင့် ဂျီနိုးအာပင်လယ်ကွေ့ရှိ ဂျီနိုးအာမြို့ကြီးများ ဖြစ်ကြလေသည်။ ရှေးခေတ်မှစ၍ ဗင်းနစ်နှင့် ဂျီနိုးအာမြို့သားများသည် နိုင်ငံခြားနှင့် ဆက်သွယ်ရောင်းဝယ်ဖောက်ကားနေကြသောကုန်သည်ကြီးများ ဖြစ်ကြသည်။ အခြား ဆိပ်ကမ်းမြို့ များမှာ စပိဇီးယား၊ လက်ဂဟွန်းရက်ဂျီယို၊ ပါလာမို၊ ဗြန်ဒိစီ စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသော မြို့ကြီးများမှာ မြို့တော်ရောမ၊ မီလန်၊ နေပယ်၊ တျူရင်၊ ဖလောရင့်၊ ဗိုလိုနှာ စသည်တို့ဖြစ်ကြသည်။