ဂူဂယ်ကီးဘုတ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆ -
 
==လုပ်ဆောင်မှုများ==
Gboard သည် Virtual ကီးဘုတ်အပ်တစ်ခု ဖြစ်သည်။ ဝဘ်ရှာဖွေမှုဖြစ်သည့် Google Search ပါဝင်သည်။ (၎င်းကို အန်းဒရိုက်ဗားရှင်းအတွက် ဖယ်ရှားခဲ့သည်။) ခန့်မှန်းအဖြေများ၊ အလွယ်တရူရှာဖွေနိုင်မှု၊ GIF များ မျှဝေခြင်း၊ emoji အကြောင်းအရာများနှင့် အကြောင်းအရာကို မူတည်၍ နောက်ထပ်ဖြစ်နိုင်သည့် စာကို ကြိတင်ခန့်မှန်းသည့်အင်ဂျင်များ စသည်တို့ကို ထောက်ပံ့ထားသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် iOS အတွက် Gboard သည် ထွက်ရှိခဲ့သည်။ ၎င်းသည် အင်္ဂလိပ်ဘာသာစကား တစ်ခုတည်းအတွက်သာ ထောက်ပံ့ထားသည်။ ထိုအချိန်က အန်းဒရွိုက်အတွက် ထွက်ရှိသည့် Gboard သည် ဘာသာစကား တစ်ရာကျော်ကို ထောက်ပံ့ပေးထားသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ အချက်အလက်အရ Gboard သည် ဘာသာစကား ၉၁၆ မျိုးကို ထောက်ပံ့ပေးထားသည်။
 
Gboard သည် Floating ကီးဘုတ်တစ်ခုအဖြစ် လုပ်ဆောင်နိုင်ပြီး ၎င်းကိုယ်တိုင်တွင် ဂူဂဲဘာသာပြန်သည် ပါဝင်သည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အသစ်ထွက်ရှိသည့်အခါတွင် လက်တစ်ဖက်ဖြင့် စာရိုက်သည့်စနစ်ကိုပါ ထောက်ပံ့ပေးခဲ့သည်။ ဤလုပ်ဆောင်ချက်ကို ဂူဂဲကီးဘုတ်အဖြစ် တံဆိပ်ထုတ်သည့်အခါတွင် ထည့်သွင်းခဲ့သည်။
 
iOS အတွက် အပ်ဒိတ် (update) ကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ဝေခဲ့ပြီး ၎င်းတွင် ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်စသည့် ဘာသာစကားများ ပါဝင်လာခဲ့ကာ "smart GIF suggestions" လည်း ပါဝင်လာခဲ့သည်။ "smart GIF suggestions" သည် ရေးသားသည့်စာအပေါ်မူတည်၍ GIF များကို ခန့်မှန်းပြသပေးသည့် လုပ်ဆောင်ချက် ဖြစ်သည်။ ကီးဘုတ်တွင် dark theme ပြောင်းလဲမှုနှင့် ကီးဘုတ်၏ နောက်ခံအနေဖြင့် ကင်မရာမှ ကိုယ်ပိုင်ရုပ်ပုံများကို ထည့်သွင်းနိုင်အောင် လုပ်ဆောင်ပေးထားသည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ထုတ်ဝေခဲ့သည့် အပ်ဒိတ် (update) တွင် Croatian, Czech, Danish, Dutch, Finnish, Greek, Polish, Romanian, Balochi, Swedish, Catalan, Hungarian, Malay, Russian, Latin American Spanish, and Turkish စသည့်ဘာသာစကားများနှင့် အသံဖြင့် ခိုင်းစေနိုင်သည့် လုပ်ဆောင်ချက်များပါ ပါဝင်လာခဲ့သည်။ အသံဖြင့်စေခိုင်မည်ဆိုပါက အသုံးပြုသူသည် မိုက်ပုံစံခလုတ်ကို ဖိနှိပ်ထားကာ စကားပြောဆို စေခိုင်းရမည် ဖြစ်သည်။ Gboard သည် အိန္ဒိယဘာသာစကားများစွာကိုလည်း ထည့်သွင်းပေးခဲ့ပြီး စုစုပေါင်း အိန္ဒိယဘာသာစကား ၂၂ မျိုးကို ထောက်ပံ့ပေးထားသည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် အန်းဒရိုက်အပ်တွင် လက်ဖြင့်ရေးဆွဲထားသည်ကို emoji လုပ်ဆောင်ပေးခြင်းနှင့် စာသားတစ်ခုချင်းထက် စာပိုဒ်တစ်ခုကို ခန့်မှန်းပေးသည့် လုပ်ဆောင်ချက်များပါ ထည့်သွင်းလာခဲ့သည်။ ၎င်းလုပ်ဆောင်ချက်သည် iOS တွင်မူ နောက်ကျပြီးမှ ရရှိခဲ့သည်ဟု ယုံကြည်ရသည်။ ၂၀၁၉ ခုနှစ်တွင်၊ Offline voice recognition ကို ထည့်သွင်းခဲ့သည်။
 
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် “Emoji Kitchen” ဟူသည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့သည်။ ၎င်းတွင် အသုံးပြုသူသည် မတူညီသည့် emoji များကို ပေါင်းစပ်ကာ စတစ်ကာတစ်အခုအဖြစ် မက်ဆေ့များတွင် ပို့နိုင်မည် ဖြစ်သည်။
 
==ရရှိမှုများ==
၂၀၁၆ ခုနှစ်တွင် The Wall Street Journal က Gboard ကို ချီးကျူးခဲ့ပြီး အထူးသဖြင့် ဂူဂဲရှာဖွေရေးလုပ်ဆောင်ချက်တစ်ပါတည်း ပါဝင်သည့်အတွက် ဖြစ်သည်။ သို့သော်လည်း ဤအပ်တွင် အခြားသောအပ်များနှင့် ပူးပေါင်းကာလုပ်ဆောင်မှုကို လက်ရှိအချိန်တွင် ထောက်ပံ့မှု မပေးသေးပေ။
 
==ပြင်ပလင့်များ==