စူဠဒုက္ခက္ခန္ဓသုတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
→‎top: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၄၈ -
“ငါ့သျှင်ဂေါတမ ငါတို့သည် သုခဖြင့် သုခကို မရနိုင်၊ ဒုက္ခဖြင့် သုခကို ရနိုင်၏၊ ငါ့သျှင်ဂေါတမ သုခဖြင့်သုခကို ရနိုင်ငြားအံ့၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် သုခကို ရရာ၏၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် အသျှင်ဂေါတမထက် သာလွန်၍ချမ်းချမ်းသာသာ နေရရာ၏” ဟု တစ်ဖက်သတ်အားဖြင့် အဆောတလျှင် မဆင်ခြင်ဘဲ စကားကို ပြောဆိုမိကြ၏။ စင်စစ်မူ ဤစကားသည် တည်ရှိစေဦး။ ယခုပင် ငါတို့သည် မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းနှင့် အသျှင်ဂေါတမတို့တွင် အဘယ်သူသည် သာလွန်၍ ချမ်းချမ်းသာသာ နေရသနည်းဟု အသျှင်ဂေါတမအား မေးမြန်းကြပါကုန်၏” ဟု (ဆိုကြကုန်၏)။
 
“ငါ့သျှင် နိဂဏ္ဌတို့ သို့ဖြစ်လျှင် ထိုအရာ၌ သင်တို့ကိုသာလျှင် ပြန်မေးအံ့၊ သင်တို့ သဘောကျသည့်အတိုင်း ဖြေကြားကြကုန်လော့။ ငါ့သျှင်နိဂဏ္ဌတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ့မဂဓတိုင်းကိုမဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် ကိုယ်ကို မလှုပ်ရှားဘဲစကားမပြောဆိုဘဲ ခုနစ်ရက်တို့ပတ်လုံး ချမ်းသာသက်သက်ချည်း ခံစားလျက် နေရန်စွမ်းနိုင်အံ့လော” ဟု (မေးတော်မူ၏)။ ငါ့သျှင် မစွမ်းနိုင်ပါဟု (ဆိုကြကုန်၏)။
 
“ငါ့သျှင်နိဂဏ္ဌတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သောဗိမ္ဗိသာရမင်းသည် ကိုယ်ကို မလှုပ်ရှားဘဲ စကားမပြောဆိုဘဲ ခြောက်ရက်တို့ပတ်လုံး။ပ။ ငါးရက်တို့ပတ်လုံး။ လေးရက်တို့ပတ်လုံး။ သုံးရက်တို့ပတ်လုံး။ နှစ်ရက်တို့ပတ်လုံး။ တစ်ရက်ပတ်လုံး ချမ်းသာသက်သက်ချည်း ခံစားလျက် နေရန် စွမ်းနိုင်အံ့လော” ဟု (မေးတော်မူ၏)။ ငါ့သျှင် မစွမ်းနိုင်ပါဟု (ဆိုကြကုန်၏)။