"ဗြဟ္မနိမန္တနိကသုတ်" ၏ တည်းဖြတ်မှု မူကွဲများ

→‎top: စာလုံးပေါင်း ပြင်ခဲ့သည်
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စီးပွါး +စီးပွား, -သြ +ဩ))
(→‎top: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
 
၅ဝ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
 
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ့ကုန်၏။ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏—
 
ရဟန်းတို့ ငါသည် အခါတစ်ပါး၌ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်မင်းအရင်း၌ နေ၏။ ရဟန်းတို့ ထိုအခါ ဗကဗြဟ္မာအား—
“အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွတကား၊ အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွ တကား။ မမြဲသည်သာလျှင် ဖြစ်လျက် ‘မြဲ၏’ဟု ဆိုတုံဘိ၏၊ မခိုင်ခံ့သည်သာလျှင် ဖြစ်လျက် ‘ခိုင်ခံ့၏’ဟုဆိုတုံဘိ၏၊ မတည်တံ့သည်သာလျှင် ဖြစ်လျက် ‘တည်တံ့၏’ဟု ဆိုတုံဘိ၏၊ သီးသန့်မဟုတ်သည်သာလျှင် ဖြစ်လျက် ‘သီးသန့် ဖြစ်၏’ဟု ဆိုတုံဘိ၏၊ ရွေ့လျောခြင်းသဘောရှိသည်သာလျှင် ဖြစ်လျက် ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆိုတုံဘိ၏။ ပဋိသန္ဓေနေရာ အိုရာ သေရာ ရွေ့လျှောရာ (ပဋိသန္ဓေအားဖြင့်) ကပ်ရောက်ရာဖြစ်လျက် ‘ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်’ဟု ဆိုတုံဘိ၏။ ဗြဟ္မလောကမှ တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာရှိလျက်လည်း ‘(ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာ မရှိ’ဟု ဆိုတုံဘိ၏” ဟု (ပြောဆို၏)။
 
၅ဝ၂။ ရဟန်းတို့ ထိုအခါ မာရ်နတ်ယုတ်သည် တစ်ဦးသော အလုပ်အကျွေး ဗြဟ္မပါရိသဇ္ဇဗြဟ္မာကိုပူးဝင်၍ “ရဟန်း ရဟန်း ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ရဟန်း ဤဗကဗြဟ္မာသည် ဗြဟ္မာကြီးတည်း၊ လွှမ်းမိုးနိုင်သူတည်း၊ မည်သူကမှ မလွှမ်းမိုးနိုင်သူတည်း၊ (အလုံးစုံကို) မြင်တတ်သူတည်း၊ အလိုအတိုင်းဖြစ်စေနိုင်သူတည်း၊ အစိုးရသူတည်း၊ ပြုတတ်သူတည်း၊ ဖန်ဆင်းတတ်သူ တည်း၊ အမြတ်ဆုံးဖြစ်သူတည်း၊ စီမံသူတည်း၊ (ဈာန်၌) လေ့လာပြီးသူတည်း၊ ဖြစ်ပြီးဖြစ်ဆဲသတ္တဝါတို့၏ အဖတည်း။ ရဟန်းလောက၌ ပထဝီဓာတ်ကို ကဲ့ရဲ့တတ်ကုန်စက်ဆုပ်တတ်ကုန်သော၊ အာပေါဓာတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ တေဇောဓာတ်ကိုကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ် ကုန်သော၊ ဝါယောဓာတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ သတ္တဝါကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ် တတ်ကုန်သော၊ နတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ မာရ်နတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ် တတ်ကုန်သော၊ ဗြဟ္မာကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ ့သင့်ထက်သင့်ထက် ရှေးကျသည့် သမဏ ဗြာဟ္မဏတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ယုတ်ညံ့သော ဘုံဘဝ၌ တည်ကုန်၏။
 
ရဟန်း လောက၌ ပထဝီဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ အာပေါဓာတ်ကိုချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ တေဇောဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ ဝါယောဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ သတ္တဝါကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ နတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ မာရ်နတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ ဗြဟ္မာကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မြတ်သော ဘုံဘဝ၌ တည်ကုန်၏။
၅ဝ၄။ ဗြဟ္မာ တစ်ပါးသော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း၊ ထိုဘုံဘဝကို သင် မသိ၊ မမြင်၊ ထိုဘုံဘဝကို ငါ သိ၏၊ မြင်၏။ ဗြဟ္မာ အာဘဿရာမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း၊ ယင်းအာဘဿရဘုံဘဝမှ သင် ရွေ့လျော၍ ဤဘုံ၌ ဖြစ်၏၊ ထိုသင့်အား အလွန်ကြာမြင့်စွာနေခြင်းဖြင့် ထိုအောက်မေ့မှု သတိသည် မေ့ပျောက်နေ၏၊ ထို့ကြောင့် ထိုဘုံဘဝကို သင်မသိ၊ မမြင်။ ထိုဘုံဘဝကို ငါ သိ၏၊ မြင်၏။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် လွန်ကဲ၏။
 
ဗြဟ္မာ သုဘကိဏှာမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း။ ဝေဟပိ ္ဖ ုလ်မည်သောဘုံဘဝသည်။ဝေဟပ္ဖိုလ်မည်သောဘုံဘဝသည်။ အဘိဘူမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း။ ထိုဘုံဘဝကို သင် မသိ၊ မမြင်။ ထိုဘုံဘဝကို ငါသိ၏၊ မြင်၏။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည်မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသည်သာလျှင် သင့်ထက် လွန်ကဲ၏။
 
ဗြဟ္မာ ငါသည် မြေကို မြေအားဖြင့် သိ၍ ပထဝီဟူသမျှ၏ ပထဝီသဘောအားဖြင့် မရောက်ရာသည့်နိဗ္ဗာန်ကို သိ၍ မြေကို မစွဲယူ၊ မြေ၌ မစွဲယူ၊ မြေအားဖြင့် မစွဲယူ၊ မြေကို ငါပိုင်ဥစ္စာဟု မစွဲယူ၊ မြေကိုမစွဲဆို။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက့်အလွန် နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် လွန်ကဲ၏။
“ငါသည် ဘဝ၌ ဘေးကိုလည်းကောင်း၊ ဘဝကင်းရာရှာသော သတ္တဝါတို့၏ ဖြစ်ပုံကိုလည်းကောင်းမြင်၍သာလျှင် တစ်စုံတစ်ခုသော ဘဝကိုမျှ (တဏှာ ဒိဋ္ဌိ၏ အစွမ်းဖြင့်) မစွဲလမ်းပြီ။ ဘဝ၌ နှစ်သက်ခြင်း ‘ဘဝတဏှာ’ ကိုလည်း မစွဲယူတော့ပြီ” ဟူသော ဤဂါထာကို မိန့်ဆိုတော်မူ၏။
 
ရဟန်းတို့ ထိုအခါ ဗြဟ္မာသည်လည်းကောင်း ဗြဟ္မာ့ပရိသတ်သည်လည်းကောင်း ဗြဟ္မာ့အလုပ်အကျွေးတို့သည်လည်းကောင်း “အချင်းတို့ ရဟန်းဂေါတမ၏ ကြီးသော တန်ခိုးရှိသည့်အဖြစ်, ကြီးသောအာနုဘော်ရှိသည့် အဖြစ်သည် အံ့ဩဘွယ် ဖြစ်ပေစွ၊ မဖြစ်စဖူးဖြစ်ပါပေစွ၊ သာကီဝင်မင်းသားဖြစ်၍့သာကီဝင်မင်းမျိုးမှသာကီဝင်မင်းသားဖြစ်၍ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဤရဟန်းဂေါတမကဲ့သို့၊ ဤသို့ ကြီးသော တန်ခိုးရှိသူ, ဤသို့ကြီးသော အာနုဘော်ရှိသူ တစ်ပါးသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်းရှေးယခင်အခါက ငါတို့ မြင်လည်း မမြင်ခဲ့၊ ကြားလည်း မကြားခဲ့၊ အချင်းတို့ သာကီဝင်မင်းသားဖြစ်၍သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဤရဟန်းဂေါတမသည် ဘဝ၌မွေ့လျော် ဘဝ၌ပျော်ပိုက် ဘဝ၌ဖြစ်ပွားသော သတ္တဝါအပေါင်း၏ ဘဝကို အမြစ်နှင့်တကွ နုတ်နိုင်ပါပေစွ” ဟု အံ့ဩခြင်း မဖြစ်စဖူးစိတ်ဖြစ်ခြင်းရှိကုန်၏။
 
၅ဝ၅။ ရဟန်းတို့ ထိုအခါ မာရ်နတ်ယုတ်သည် တစ်ပါးသော ဗြဟ္မာ့အလုပ်အကျွေးကို ပူးဝင်၍ ငါ့အားဤသို့ ပြောဆို၏။
မာရ်ယုတ် ထန်းပင်သည် လည်ဆစ်ပြတ်ခဲ့သော် တစ်ဖန်စည်ပင်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူပင်မြတ်စွာဘုရားအား ပူပန်ညစ်ညူးစေတတ်ကုန်, တစ်ဖန်ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်၍ ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်လျက် နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေတတ်သည့် အာသဝေါတရားတို့ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ချေ” ဟု (မိန့်တော်မူ၏)။
 
ဤသို့လျှင် ဤစကားကို မာရ်နတ်အား စကားမပြောဆိုနိုင်စေခြင်းအားဖြင့်လည်းကောင်း ဗြဟ္မာအားအထူးသိစေခြင်းအားဖြင့်လည်းကောင်း (မိန့်ဆိုတော်မူ၏)။ ထို့ကြောင့် ဗြဟ္မနိမန္တနိကဟူ၍သာလျှင်ဤသုတ္တန်၏ဗြဟ္မနိမန္တနိကဟူ၍သာလျှင် ဤသုတ္တန်၏ အမည်သည် ဖြစ်၏။
 
ကိုးခုမြောက် ဗြဟ္မနိမန္တနိကသုတ်ပြီး၏။
၆၃၅

တည်းဖြတ်မှုများ