ဒုတိယ အာဃာတပဋိဝိနယသုတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့ - အင်္ဂုတ္တိုရ်ပါဠိတော် ကို အင်္ဂုတ္တရနိကာယ် ဖြင့် အစားထိုးနေသည်
→‎top: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၃ -
ငါ့သျှင်တို့ မှော် ရေညှိတို့ဖြင့် မြှေးယှက်အပ်သော ရေကန်သည် ရှိရာ၏၊ ထိုအခါ နွေ နေပူတို့ဖြင့်တွေ့ထိ နှိပ်စက်အပ်သည်ဖြစ်၍ ခရီးပင်ပန်းလျက် အစာရေစာ ဆာလောင် မွတ်သိပ်သော ယောကျာ်းသည်လာရာ၏၊ ထိုယောကျာ်းသည် ထိုရေကန်တွင်းသို့ သက်ဆင်း၍ လက်နှစ်ဖက်တို့ဖြင့် ထိုထို ဤသို့မှော် ရေညှိကို ဖယ်ရှားလျက် လက်ခုပ်ဖြင့် သောက်ပြီးလျှင် ဖဲသွားလေရာသကဲ့သို့၊ ငါ့သျှင်တို့ ဤအတူသာလျှင် မစင်ကြယ်သော နှုတ်အကျင့်ရှိ၍ စင်ကြယ်သော ကိုယ်အကျင့်ရှိသော ပုဂ္ဂိုလ်၏ နှုတ်အကျင့်မစင်ကြယ်သည်၏ အဖြစ်ကို ထိုအခါ၌ နှလုံးမသွင်းမူ၍ ကိုယ်အကျင့်စင်ကြယ်သည်၏ အဖြစ်ကိုသာ နှလုံးသွင်းအပ်၏၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။ (၂)
 
ငါ့သျှင်တို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် မစင်ကြယ်သော ကိုယ်အကျင့်ရှိ၍ မစင်ကြယ်သော နှုတ်အကျင့်ရှိသော ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏့ကြည်လင်မှုကိုလည်းကောင်းစိတ်၏ ကြည်လင်မှုကိုလည်းကောင်း ရသော ထိုပုဂ္ဂိုလ်၌ အဘယ်သို့လျှင် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်နည်း။
 
ငါ့သျှင်တို့ နွားခြေရာခွက်၌ ရေအနည်းငယ်ရှိရာ၏၊ ထိုအခါ နွေ နေပူတို့ဖြင့် တွေ့ထိနှိပ်စက်အပ် သည်ဖြစ်၍ ခရီးပင်ပန်းလျက် အစာရေစာ ဆာလောင် မွတ်သိပ်သော ယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းအား—
စာကြောင်း ၄၁ -
ငါ့သျှင်တို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် မစင်ကြယ်သော ကိုယ်အကျင့်လည်းရှိ မစင်ကြယ်သောနှုတ်အကျင့်လည်းရှိ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်းကောင်း မရသော ထိုပုဂ္ဂိုလ်၌ အဘယ်သို့လျှင် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်နည်း။
 
ငါ့သျှင်တို့ အနာနှိပ်စက်အပ်သည်ဖြစ်၍ ဆင်းရဲသော ပြင်းထန်စွာနာသော ယောကျာ်းသည် ခရီးဝေးသို့သွားရာ၏၊ ထိုယောကျာ်း၏ ရှေ့မှလည်း ရွာဝေးကွာ၏၊ နောက်မှလည်း ရွာဝေးကွာ၏၊ ထိုယောကျာ်းသည် လျောက်ပတ်သော စားဖွယ်တို့ကို မရရာ၊ လျောက်ပတ်သော ဆေးတို့ကို မရရာ၊ လျောက်ပတ်သော အလုပ်အကျွေးကို မရရာ၊ ရွာတစ်ပါးသို့ ပို့ဆောင်မည့်သူကို မရရာ၊ ထိုသူနာကိုခရီးရှည်သွားသော ယောကျာ်းတစ်ဦးသည် မြင်လေရာ၏၊ ထိုယောကျာ်းသည် ထိုသူနာ၌ ကြင်နာခြင်းကိုသာလျှင် ဖြစ်စေရာ၏၊ သနားခြင်းကိုသာလျှင် ဖြစ်စေရာ၏၊စောင့်ရှောက်ခြင်းကိုသာလျှင်ဖြစ်စေရာ၏၊ စောင့်ရှောက်ခြင်းကိုသာလျှင် ဖြစ်စေရာ၏။
 
ဤယောကျာ်းသည် လျောက်ပတ်သော စားဖွယ်တို့ကို ရပါမူ လျောက်ပတ်သော ဆေးတို့ကို ရပါမူလျောက်ပတ်သော အလုပ်အကျွေးကို ရပါမူ ရွာသို့ ပို့ဆောင်မည့်သူကို ရပါမူ ကောင်းလေစွဟု သနားစောင့်ရှောက်မှုကို ဖြစ်စေရာ၏။
စာကြောင်း ၅၅ -
ငါ့သျှင်တို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် စင်ကြယ်သော ကိုယ်အကျင့်လည်းရှိ စင်ကြယ်သော နှုတ်အကျင့်လည်း ရှိ၍ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်းကောင်း ရသော ပုဂ္ဂိုလ်၌ အဘယ်သို့လျှင် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်နည်း။
 
ငါ့သျှင်တို့ ကြည်လင် ချိုမြိန် အေးမြသည့် ရေရှိသော ဖြူဖွေးသော ရေအဆင်းရှိသော ဆိပ်ကမ်းကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော အထူးထူးသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော ရေကန်သည်ရှိရာ၏၊ ထိုအခါ နွေ နေပူတို့ဖြင့် တွေ့ထိ နှိပ်စက်အပ်သည် ဖြစ်၍ ခရီးပင်ပန်းလျက် အစာရေစာဆာလောင် မွတ်သိပ်လာသော ထိုယောကျာ်းသည် ထိုရေကန်အတွင်းသို့ သက်ဆင်းလျက် ရေချိုး၍လည်းကောင်း၊ ရေသောက်၍လည်းကောင်း တစ်ဖန်ပြန်တက်ပြီးလျှင် ထိုသစ်ပင်ရိပ်၌ပင်လျှင် ထိုင်၍ဖြစ်စေအိပ်၍ဖြစ်စေထိုင်၍ဖြစ်စေ အိပ်၍ဖြစ်စေ နေရာသကဲ့သို့၊ ငါ့သျှင်တို့ ဤအတူသာလျှင် စင်ကြယ်သော ကိုယ်အကျင့်လည်းရှိ စင်ကြယ်သော နှုတ်အကျင့်လည်း ရှိ၍ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ကြည်လင်မှုကိုလည်းကောင်း၊ ရသော ပုဂ္ဂိုလ်၏ ကိုယ်အကျင့် စင်ကြယ်မှုကိုလည်းကောင်း၊ နှုတ်အကျင့်စင်ကြယ်မှုကိုလည်းကောင်း ထိုအခါ၌ နှလုံးသွင်းအပ်၏၊ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းနှင့်စိတ်၏ ကြည်လင်မှုရခြင်းကိုလည်း နှလုံးသွင်းအပ်၏၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကိုပယ်ဖျောက်ရမည်။
 
ငါ့သျှင်တို့ ထက်ဝန်းကျင်ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်ကို အစွဲပြု၍ စိတ်သည် ကြည်လင်၏။ (၅)