ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ စာမျက်နှာကို ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) သို့ Mayor mtက ရွှေ့ခဲ့သည်: ပြည့်စုံရန်
No edit summary
စာကြောင်း ၆၀ -
}}
 
လွန်ခဲ့သော အနှစ် (၂ဝ) ကာလ ၁၉၈၉ ခုနှစ်က “ဝ” ပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို ပြန်လည်ရယူနိုင်ရန်နှင့် “ဝ” ပြည် ကို ပြန်လည်ဖော်ထုတ်နိုင်ရန် “ဝ” အမျိုးသား ခေါင်းဆောင်ကြီးများနှင့် “ဝ” အမျိုးသားတပ်မတော်တို့သည် ရဲရင့် ပြတ်သား သောစိတ်ဓာတ်ဖြင့် “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ UWSPနှင့် [[ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)|ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်UWSA]] တို့ကို စတင်ဖွဲ့စည်း ထူထောင်လာခဲ့ကြသည်။
==သမိုင်းကြောင်း==
ဝ ဒေသသည်ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ ရှိပြီး တောင်တန်းထူထပ်သည့်အပြင် အင်္ဂလိပ်ကိုလိုနီခေတ်ကာလကပင် အုပ်ချုပ်ရေးအာဏာ မသက်ရောက်ခဲ့သည့် ဒေသဖြစ်သည်။ လွတ်လပ်ရေးရပြီး ကာလမှာလည်း ဝ ဒေသ သို့ ပြည်မအစိုးရ ဩဇာအာဏာသက်ရောက်မှု မရှိခဲ့ပေ။ ၁၉၅၀-နောက်ပိုင်း တရုတ်ပြည်မှ စစ်ရှုံးပြီး ဝင်ရောက်လာသည့် ကူမင်တန်တပ်များနှင့် နယ်ခံကာကွယ်ရေးတပ်များ၏ ဗိုလ်ကျမှုကို ခုခံတိုက်ခိုက်သည့် ဝ လယ်သမားသူပုန်အဖွဲ့များသည် ၁၉၆၆ ဝန်းကျင်မှစ၍ ဝဒေသတွင် ပေါ်ပေါက်ခဲ့သည်။ ထိုလယ်သမား ပြောက်ကျားတပ်ဖွဲ့များတွင် ခွင်းမားဒေသမှ ပေါက်ယိုချမ်း၊ ပေါက်စမ်ပန်းတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ အိုက်ချိန်ဒေသမှ အိုက်ခိန်း၊ အိုက်ခလုံးတို့ ဦးစီးသည့် ပြောက်ကျားတပ်၊ ပန်ဝိုင်ဒေသမှ ကျောက်ညီလိုင် ဦးစီးသည့် ပြောက်ကျားတပ်၊ ဟူစွမ်ဒေသမှ လူရှင်းကော့ ဦးစီးသည့် ပြောက်ကျားတပ်တို့မှာ ထင်ရှားသည်။