သဗ္ဗာသဝသုတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:ပိဋကတ် သုံးပုံကို ဖယ်ရှားခဲ့သည်
→‎top: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇ -
၁၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
 
“ရဟန်းတို့ အာသဝအားလုံးကို ပိတ်ကြောင်း ‘သဗ္ဗာသဝသံဝရ’ ဒေသနာကို သင်တို့အားဟောကြားပေအံ့၊ ထိုဒေသနာကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့” ့ဟုဟု (မိန့်တော်မူ၏)။
 
“အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောတော်မူ၏။
 
၁၅။ ရဟန်းတို့ ငါသည် သိသူ မြင်သူအား အာသဝတို့၏ကုန်ခြင်းကို ဟောတော်မူ၏၊ မသိသူမမြင်သူအား ဟောတော်မမူ။ ရဟန်းတို့ အဘယ်ကို သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူသနည်း ဟူမူ— သင့်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်းကိုလည်းကောင်း၊အကြောင်းအားဖြင့် နှလုံးသွင်းခြင်းကိုလည်းကောင်း၊ မသင့်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်းကိုလည်းကောင်း သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူ၏၊ ရဟန်းတို့မသင့်သောရဟန်းတို့ မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော အာသဝတို့သည်လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးသော အာသဝတို့သည်လည်း တိုးပွားကုန်၏၊ ရဟန်းတို့ သင့်သော အကြောင်းအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော အာသဝတို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော အာသဝတို့သည်လည်းပပျောက်ကုန်၏။
 
၁၆။ ရဟန်းတို့ မြင်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ မှီဝဲခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သောအာသဝတို့သည် ရှိကုန်၏၊ ဖျောက်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ပွားခြင်းဖြင့်ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊
စာကြောင်း ၄၇ -
ယခုပစ္စုပ္ပန်ကာလ၌လည်း—
 
“ငါ ဖြစ်သလော။
“ငါဖြစ်သလော။
 
ငါ မဖြစ်သလော။
ငါမဖြစ်သလော။
 
ငါအဘယ်သူငါ အဘယ်သူ ဖြစ်သနည်း။
 
ငါအဘယ်သို့ငါ အဘယ်သို့ ဖြစ်သနည်း။
 
ငါသည် အဘယ်မှ လာသနည်း။
 
ထိုငါသည် အဘယ်သို့ သွားလတံ္တနည်း”သွားလတံ့နည်း”
 
ဤသို့ အဇ္ဈတ္တသန္တာန်၌ သို့လော သို့လော တွေးတော ယုံမှားခြင်းဖြစ်၏၊ (ဤသို့ မသင့်သောအကြောင်း အားဖြင့် နှလုံးသွင်း၏)။
စာကြောင်း ၈၉ -
၂၄။ ရဟန်းတို့ အဘယ်အာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ အချမ်း အပူဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်း အတွေ့တို့ကို သည်းခံနိုင်၏၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ကိုလည်းကောင်းကိုယ်၌ ဖြစ်ဆဲဖြစ်ကုန်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်မြို့ဖွယ်သောအသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်းသဘောရှိသူဖြစ်၏။ ရဟန်းတို့ ယင်းအရာတို့ကို သည်းမခံနိုင်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) သည်းခံနိုင်သော ထိုရဟန်းအား အာသဝေါတရားနှင့်ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာ ဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။
 
၂၅။ ရဟန်းတို့ အဘယ်အာသဝတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ကြမ်းသောဆင်ကို ရှောင်ကြဉ်၏၊ ကြမ်းသောမြင်းကို ရှောင်ကြဉ်၏၊ ကြမ်းသောနွားကို ရှောင်ကြဉ်၏၊ ကြမ်းသောခွေးကို ရှောင်ကြဉ်၏၊ မြွေကို သစ်ငုတ်ကို ဆူးရှိရာဌာနကို ချောက်ကို ကမ်းပါးကိုအညစ်အကြေးစွန့်ရာကို အညစ်အကြေး စီးဆင်းရာ တန်စီးတွင်းကို (ရှောင်ကြဉ်၏)။ အကြင်သို့သဘောရှိသော နေရာမဟုတ်ရာ၌ နေသောရဟန်း ကျက်စားရာမဟုတ်ရာ၌ ကျက်စားသောရဟန်း ယုတ်မာသော မိတ်ဆွေတို့ကို ဆည်း ကပ်သောဆည်းကပ်သော ရဟန်းကို ပညာရှိ သီတင်းသုံးဖော်တို့သည်မကောင်းသော အရာဌာနတို့၌ တွေးတောကုန်ရာ၏၊ ထိုရဟန်းသည် ထိုနေရာမဟုတ်ရာကိုလည်းကောင်း၊ ကျက်စားရာမဟုတ်ရာကိုလည်းကောင်း၊ ယုတ် မာသောမိတ်ဆွေတို့ကိုလည်းကောင်း သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ရှောင်ကြဉ်၏။
 
ရဟန်းတို့ ယင်းအရာကို မရှောင်ကြဉ်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍) ရှောင်ကြဉ်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအာသဝတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။
 
၂၆။ ရဟန်းတို့ အဘယ်အာသဝတို့ကို ဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ဖြစ်သောကာမဝိတက်ကိုဖြစ်သော ကာမဝိတက်ကို လက်မခံ၊ စွန့်၏၊ ဖျောက်ဖျက်၏၊ အဆုံးစွန်ကင်းအောင် ပြု၏၊ အဖန်ဖန် မဖြစ်ခြင်းသို့ရောက်စေ၏။ ဖြစ်သော ဗျာပါဒဝိတက်ကို။ပ။ ဖြစ်သော ဝိဟိံသာဝိတက်ကို။ပ။ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော ယုတ်မာသော အကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ဖျောက်ဖျက်၏၊ အဆုံးစွန်ကင်းအောင် ပြု၏၊ အဖန်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။
 
ရဟန်းတို့ ယင်းဝိတက်အကုသိုလ်တရားကို မဖျောက်ဖျက်သော ထိုရဟန်းအား အာသဝေါတရားနှင့်ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍) ဖျောက်ဖျက်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအာသဝတို့ကိုဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။
စာကြောင်း ၁၀၅ -
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူ သောတရားကို နှစ်လိုကုန်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
 
နှစ်ခုမြောက် သဗ္ဗာသဝသုတ်ပြီး၏။
 
== ကိုးကား ==