ကုလဒူသကသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

No edit summary
→‎သိက္ခာပုဒ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၄ -
 
==သိက္ခာပုဒ်==
အမျိုးတို့ကို ဖျက်ဆီးတတ်သော ယုတ်မာသော အကျင့်ရှိသော ရဟန်းသည် တစ်ခုသော ရွာ နိဂုံးကို အမှီပြု၍ နေ၏။ ထိုရဟန်း၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်းမြင်အပ်ကုန်၏။ ကြားလည်း ကြားအပ်ကုန်၏။ ထိုရဟန်းသည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကို မြင်လည်း မြင်အပ်ကုန်၏။ ကြားလည်း ကြားအပ်ကုန်၏။ ထိုရဟန်းကို ရဟန်းတို့သည် ‘အသျှင်သည်ကား အမျိုးကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အသျှင်၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်သည် ဤကျောင်းတိုက်မှ ဖဲသွားပါလော့၊ အသျှင့်အား ဤကျောင်းတိုက်၌ နေခြင်းဖြင့် အကျိုးမရှိပါ’ ဟု ဆိုရာ၏။ ဤသို့ ရဟန်တို့ကရဟန်းတို့က ဆိုအပ်သော် ထိုရဟန်းသည် ရဟန်းတို့ကို ‘ရဟန်းတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ မောဟာဂတိသို့လည်း လိုက်ကုန်၏၊ ဘယာဂတိသို့လည်း လိုက်ကုန်၏။ ထိုသို့ သဘောရှိသော အာပတ်ဖြင့် ရဟန်းအချို့ကို နှင်ထုတ်၏။ အချို့ရဟန်းကို မနှင်ထုတ်ကုန်’ ဟု ဆိုငြားအံ့။ ထိုရဟန်းကို ရဟန်းတို့သည် အသျှင်သည် ဤသို့ မဆိုပါလင့်၊ ရဟန်းတို့သည် ဆန္ဒာဂတိသို့လည်း မလိုက်ကြပါ၊ ဒေါသာဂတိသို့လည်း မလိုက်ကြပါ၊ မောဟာဂတိသို့လည်း မလိုက်ကြပါ၊ ဘယာဂတိသို့လည်း မလိုက်ကြပါ။ အသျှင်သည်သာ အမျိုးတို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ဖြစ်၏၊ အသျှင်၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်သည် ဤကျောင်းတိုက်မှ ဖဲသွားပါလော့၊ အသျှင့်အား ဤကျောင်းတိုက်၌ နေခြင်းဖြင့် အကျိုးမရှိပါ’ ဟု ဆိုရာ၏။ ထိုရဟန်းတို့သည် ဤသို့ ဆိုအပ်လျက် ထိုရဟန်းသည် ထို့အတူပင် ဆက်လက်ပြုမူ နေငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် ထိုအယူကို စွန့်စေခြင်းငှါ သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်၏။ အကယ်၍ သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်သည် ရှိသော် ထိုအယူကို စွန့်ငြားအံ့။ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ <ref name="ဝိနည်းပိဋက"/>
 
==ဖြတ်ထုံးများ==