ရေနံချောင်းမြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၈ -
ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ရှင်မဟာကဿပမထရ်မြတ်နှင့် ရာဇဂြိုဟ်ပြည့်ရှင်ဘုရင်အဇာတသတ်မင်းတို့သည် ဘုရားရှင်၏ ကြွင်းကျန်ရစ်သောသရီရဓာတ်မွေတော်တို့ကိုပြန်လည်စုပေါင်း၍ အထူးထူးသော ပူဇော်သက္ကာရတို့ဖြင့် ကျောက်ဂူတွင်ဌာပနာတော်မူခဲ့သည်။ သာသနာ့ဒါယကာ ပါတလိပုတ်ပြည့်ရှင် သီရိဓမ္မာအသောကမင်းကြီးသည် ဓာတ်တော်မွေတော်ဌာပနာတိုက်၏ စက်ယန္တရားတို့ကိုဖယ်ရှား၍ ဓာတ်မွေတော်တို့ကို ပင့်ဆောင်စေပြီးလျှင် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များလွှတ်၍ ရှစ်သောင်းလေးထောင်သောစေတီတော်တို့ကိုတည်ထားကိုးကွယ်ခဲ့ပါသည်။ ဤရှစ်သောင်းလေးထောင်သောစေတီတော်တို့တွင်တစ်ဆူအပါအဝင်ဖြစ်သော စနေနံစေတီတော်ကို သာသနာနှစ် (၂၁၈)နှစ်တွင် ဆိပ်သာကွန်းထောက်မြို့/ရေနံသာမြို့/ရေနံချောင်းမြို့ သုံးမည်ရ ရွှေမြို့တော်၏ အာဝဋဂီရိတောင်တော်တွင်တည်ထားခဲ့ပါသည်။ သရီရဓာတ်မွေတော်လက်တစ်ဆုပ်ဖြင့် ဌာပနာ၍ တည်သောကြောင့် မူလဘွဲ့မည်"ရွှေမုဋ္ဌော"ဟုတွင်ခဲ့သည်။ ဆိပ်သာကွန်းထောက်မြို့အနီး ဧရာဝတီမြစ်ကြောင်းတွင် ရေလမ်းခရီးဖြင့် သွားလာသူများထင်ရှားစွာဖူးမြင်ရသောကြောင့် `ရွှေမုဋ္ဌော´မှာ `ရွှေမြင်တင်´ဟုသတ်မှတ်ခေါ်ကြပြန်ပါသည်။ စေတီတော်သည် ရှေ့အခါကာလက ဆိပ်သာကွန်းထောက်မြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိပါသည်။ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြို့တည်နေရာ အရှေ့ဘက်သို့တဖြည်းဖြည်းပြောင်းရွှေ့လာခဲ့သဖြင့် စေတီတော်တည်ရာသည် မြို့၏အနောက်တောင် စနေဒေါင့်အရပ်သို့ရောက်ရှိသွားသဖြင့် “စနေနံစေတီ”ဟုခေါ်တွင်ကြပြန်သည်။
 
===[[ပင်းစက္ကလံပစေတီတော်]]===
အနော်ရထာမင်းကြီးနန်းစံ (၉) နှစ်မြောက်သောအခါရဟန္တာရှင်အရဟံအမည်ရှိသော အရိယာသူမြတ်ကြွရောက်တော်မူလာ၍ ကိုးကွယ်သဖြင့် သာသနာတော်၌များစွာ ကြည်ညိုသောကြောင့် သိန်ခိုကျွန်းနှင့် တရုတ်ပြည်မှစွယ်တော်ဓာတ်တော်တို့ကို ပင့်ဆောင်ကိုးကွယ်ရလေသည်။ သက္ကရာဇ် (၄၁၆) ခုနှစ်တွင် အနော်ရထာမင်းကြီးသည်စစ်သူကြီး ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့နှင့်တကွ စစ်သည်တော်အပေါင်း စုဆောင်းချီတက်တော်မူပြီးလျှင် သထုံပြည်ကို တိုက်ခိုက်ဖြိုဖျက်တော်မူရာ အောင်မြင်တော်မူ၍ သထုံဘုရင်ကိုး ကွယ်သော မွေတော်၊ ဓာတ်တော်နှင့် ပိဋကတ်သုံးပုံ အစုံ (၃ဝ)နှင့် အရိယာသံဃာတော်မြတ်များပါ ပင့်ဆောင်တော်မူခဲ့သဖြင့် သက္ကရာဇ်(၄၁၉)ခုနှစ်တွင် ဆန်တက်လာရာ ရေနံချောင်းမြို့ အထက်ခရီးတာ (၂၀၀၀) ခန့်အကွာ ပင်းချောင်းတွင် ဖောင်တော် ဆိုက်သောကြောင့် ဖောင်တော်ဦး၌ပါသော ဓာတ်တော် မွေတော်အပေါင်းတို့သည် နဂုတ္တမတောင်ထိပ်၌ကိန်းဝပ် တော်မူလိုသောအခြင်းအရာနှင့် တန်ခိုးပြာဋိဟာပြတော်မူသည်ကို အနော်ရထာမင်းကြီး မြင်တော်မူလျှင် ထိုနဂုတ္တမတောင်မြတ်ကို အထက်မှအတောင် (၂၀)တိုင်အောက်သို့ ဌာပနာတိုက်တူးလုပ်စေ၍ ဆန်းကျယ်လှစွာသော ရွှေအုတ်၊ ငွေအုတ်၊ ရတနာအုတ်တို့ကို စီခင်းပြီးလျှင် ရတနာ (၇)ပါးတို့ဖြင့် စီချယ်အပ်သော ရွှေကြုတ်၌ ဓာတ်တော်မွေတော်တို့ကို ထည့်သွင်းဌာပနာတော်မူပြီးလျှင် ဓာတ်တော်ကြုတ်၏ပတ်လည် အရပ်လေးမျက်နှာတို့၌ ပဉ္စလောဟာ ရတနာအပေါင်းတို့ဖြင့် သွန်းလုပ်အပ်သော ဤဘဒ္ဒကမ္ဘာထက် ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့၏ ရုပ်ပွားတော် (၄) ဆူကိုထား၍ အစဉ်အတိုင်းတည်တော်မူပြီးလျှင် မြေပေါ်သို့ လေးတောင်အမြင့်မှ ဌာပနာ တိုက်ပြု၍ ဓာတ်မွေတော်ရုပ်ပွားတော်(၄)ဆူကို အောက်ဌာပနာတိုက်နည်းတူ ဌာပနာတော်မူ၍ မုခ်လေးမျက်နှာ အမြင့်သံတောင် (၃၀) ကျော်ရှိသော စေတီတော်ကိုတည်တော်မူသည်။ ထိုအခါ ပင်းချောင်းတောင်ဘက်၌ရှိသော မြေသည်အုတ်လုပ်ရန်မကောင်း တာရှည်မခံ၊ ပင်းချောင်းမြောက်ဘက်၌ရှိသော ကမ္ဘာမြေညက်ကို စမ်းသပ်၍ အုတ်လုပ်စေရာ တာရှည်ခိုင်ခန့်သော အုတ်တို့ကိုရသဖြင့် ၎င်းအရပ်၌ စစ်သူကြီးကျန်စစ်သားကို ကြီးကြပ်အုပ်ချုပ်စေ၍ ၎င်းအရပ်မှ အုတ်တို့ကို စစ်သည် ဗိုလ်ပါအပေါင်းတို့အားလက်ဆင့်ကမ်း၍ သယ်ယူ စေရာဝယ် ပင်းချောင်းရေ ဖျက်ဆီးသောကြောင့် စစ်သည်တော်တို့ ငြိုငြင်ဆင်းရဲ ပင်ပန်းကြသည်ကို အနော်ရထာမင်းကြီး သိတော်မူလေလျှင်ငါသို့သော သာသနာပြုမင်းစေတီတော်တည်သည်ကို ဤချောင်းရေ နှောင့်ယှက်ရသလောဟု ခမည်းတော် ကွမ်းဆော်မင်းကြီးအား သိကြားမင်း အပ်နှင်းသော စကြာလှံတော်ဖြင့် ချောင်းရေကို ပြတော်မူရာ ရေနံချောင်းမြို့ အရှေ့ခရီးတာ(၈၀၀၀) ခန့်ကွာသော ယခုရေဆုံးဟုခေါ်သော အရပ်တိုင်အောင် ချောင်းရေ ဆုတ်နစ်၍ သဲပြင်အတိဖြစ်လေရာ စစ်သည်တော်တို့သည် လွယ်လင့်တကူ သယ်လုပ်ဆောင်ကြရသဖြင့် စေတီတော်ကြီးအပြီးသို့ရောက်တော်မူသည်။ စကြာလှံတော်ပြ၍ ပင်းချောင်းရဆုတ်နစ်သည်ကိုအကြောင်းပြုပြီးလျှင် ပင်းစကြာလှံပြစေတီတော်ဟု သမုတ်တော်မူရာမှ ကာလရွှေ့လျောလာသောအခါ ပင်းစက္ကလံပစေတီတော် ဟုပြောင်းလဲခေါ်တွင်ခဲ့ကြသည်။