ကျော်ဇော၊ ဗိုလ်ချုပ်: တည်းဖြတ်မှု မူကွဲများ

ကွယ်လွန်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၁ -
 
== အငြိမ်းစားဘဝသို့ရောက်ရှိပုံ ==
၁၉၅၃ ခုနှစ်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တရုတ်ဖြူ ကျူးကျော်တပ် (ကူမင်တန်)များအား ဘုရင့်နောင် စစ်ဆင်ရေးဖြင့် လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ရန်ကြီးအောင် စစ်ဆင်ရေးဖြင့်လည်းကောင်း တိုက်ခိုက် ချေမှုန်းခဲ့သည်။ ၁၉၅၅ ခုနှစ်တွင်ပင် စစ်ဘက် ချစ်ကြည်ရေး မိတ်ဆက်အဖွဲ့ အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဗိုလ်မှူးချုပ်အဆင့်အထိ တပ်မတော် တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပများနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ အသက် ၃၉ နှစ်အရွယ်တွင် တပ်မတော်မှ အငြိမ်းစားအပေးခံရသည်။<ref>{{cite news|url=https://www-bbc-com.cdn.ampproject.org/v/s/www.bbc.com/burmese/in-depth-50587538.amp?amp_js_v=a6&amp_gsa=1&usqp=mq331AQKKAFQArABIIACAw%3D%3D#aoh=16251119485819&amp_ct=1625111953341&referrer=https%3A%2F%2Fwww.google.com&amp_tf=From%20%251%24s&ampshare=https%3A%2F%2Fwww.bbc.com%2Fburmese%2Fin-depth-50587538|title=တော်လှန်ရေးနယ်မြေမှာ အနှစ် ၄ဝ ကျော်တဲ့ ဗိုလ်ကျော်ဇော မိသားစု|last=|date=|work=|language=|accessdate=}}</ref>
ဗိုလ်ချုပ်ကျော်ဇော်၏ နိုင်ငံရေးနောက်ခံမှာ လွတ်လပ်ရေးတိုက်ပွဲကာလမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စတင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဒုတိယအကြိမ်မြောက် ဗကပ ကွန်ဂရက်တွင် ပါတီ ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ရပြီး လပိုင်းအတွင်း ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်တွင် ဗကပများ တောခိုရာ၌ မလိုက်ပါဘဲ တပ်မတော်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့သဖြင့် ဗကပ က ပါတီမှ ထုတ်ပယ် ပစ်ခဲ့သည်။
 
၁၉၅၆ ခုနှစ်တွင် ဗမာ့တပ်မတော်မှ အောင်မာဃ စစ်ဆင်ရေးဆင်နွှဲနေချိန်တွင် ဗကပ ဌာနချုပ်သို့ ရဲဘော်ကြီးမြင့် နှင့် ဗိုလ်ကျော်ဇောတို့ ပေးပို့သော စစ်ဆင်ရေး ထိပ်တန်း လျှို့ဝှက်သတင်းများပါသည့် စာရွက်စာတမ်းများကို ဖမ်းဆီးရမိခဲ့သည်။ ထိုကိစ္စကြောင့် ၁၉၅၇ ခုနှစ် မတ်လတွင် တပ်မတော်မှ အငြိမ်းစားအပေးခံခဲ့ရခြင်း ဖြစ်သည်။
 
 
== စစ်ကော်မရှင်တာဝန် ==