အေးအေးသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များကို ပေါင်းထည့်ခဲ့သည်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၂ -
'''အေးအေးသင်း'''သည် မြန်မာအမျိုးသမီး တေးသံရှင်၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၀၇-ခု၊ တော်သလင်းလဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့တွင် မှော်ဘီ၌ မွေးဖွားသည်။ အဖ ဦးဘိုးဝေ(အဖ အမည် = ဦးသန်း ဟု၊ မောင်ယဉ်ကျော် ၏ ရုပ်ရှင်မင်းသားမင်းသမီးများ အကြောင်းစုံများ[[၁၉၈၇]]တွင် ပြဆိုသည်။) အမိ ဒေါ်မြခင်တို့၏ သားသမီး သုံးယောက်အနက် အလတ်ဖြစ်၍ အမည်ရင်းမှာ မအေးရီ ဖြစ်သည်။
 
ငယ်စဉ်ကပင် စာရေးခြင်း၊ သီချင်းဆိုခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ကို အထူးဝါသနာပါခဲ့ပြီး ပထမဦးဆုံး အသက် ၁၇ နှစ်အရွယ်တွင် တေးသံရှင် စဖြစ်သည်။ သူ၏ ဦးစွာသော တေးမှာ "သွေးနဲ့ရေးသော မှတ်တမ်း" ဖြစ်၏။ ဆန်းသစ်ဦး ဝိုင်းနှင့် ရန်ကုန် ရဲဆန်းသစ် ဝိုင်းတို့မှ ဖြစ်ပါသည်။ ဆရာ ဂီတာသိန်းစိုး၊ တွံ့တေးသိန်းတန်၊တွံတေးသိန်းတန်၊ ပုသိမ်စိမ်းသူ၊ သံလျင် စိုးသိန်းတို့၏ တပည့်ဖြစ်၍ စန္ဒရားဟန်ဝင်း အဖွဲ့မှာလည်း သီဆိုဘူးလေသည်။
 
၎င်း၏ တေးသီချင်းများမှာ အမုန်းခံမလေးရဲ့ ဆန္ဒမွန်၊ ကိုမင်္ဂလာ၊ ဆင်းရနံ့ကြိုင်တဲ့ မြိုင်၊ မုန်းလင်္ကာစေ၊ မယ်နှင်းတို့ အလှူ၊ မာလာလေးများက လှိုင်၊ သံသာတေး၊ မုသားမောင်ကြီးသခင်၊ လှောင်၊ ကမ္ဘာစစ်ကြီး တားဆီးရေးတေးသံ၊ တောင်သူလယ်သမားမော်ကွန်းဝင်၊ ဘိတ်သိတ်မင်္ဂလာ၊ ပညာရေးသမီးငယ်မို့ပါရှင် စသော ဓာတ်ပြားရ သီချင်းများကို သီဆိုခဲ့သည်။