ဆင်ဖြူကျွန်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၇၁ -
ဆင်ဖြူကျွန်းမြို့၌ သမိုင်းဝင်မင်းကြီးမဟာဗန္ဓုလတည် မဟာစေတီလှဘုရား၊ ရှင်ပင်မြကျောက်ဆည်ဘုရား၊အလောင်းစည်သူမင်းတည် ဆုတောင်းပြည့်ဘုရားနှင့်ဘုရင့်နှောင်မင်းတရားတည် ရှင်ပင်မုနိမဟာရံသီဘုရားခေါ်ဘုရားကြီးကုန်း၊ ရှင်ပင်ဘုန်းမြင့်၊ ရှင်ပင်ဘုန်းပွင့်၊ဗဒုံမင်းတည် ရှင်ပင်ချမ်းသာကြီးဘုရား၊အလောင်းစည်သူမင်းတည် ရှင်ပင်ဖောင်တော်ဦး၊ ရှင်ပင်ငါးမျက်နှာစေတီနှင့်ကန်တော်၊ ပဉ္စလောဟာပြ​ည်တော်ပြန်ဘုရားကြီး တို့ကို ဖူးမြော်ကြည်ညိုနိုင်သည်။ ထင်ရှားသော စာသင်တိုက်များအဖြစ် မဟာဝိသုတာ ရာမစာသင်တိုက်နှင့် မဟာဝိဇယာရာမပါဠိတက္ကသိုလ်စာသင်တိုက်တို့ကို တွေ့နိုင်သည်။ ဆင်ဖြူကျွန်းသည် ရှေးကပင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အမျိုးသားကျောင်း ရှိခဲ့ပေသည်။ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံ၊ စာတိုက်၊ ရဲစခန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊မြို့မီးသတ်စခန်း ဆန်စက်၊ ဝါကြိတ်စက် စိုက်ပျိုးရေးရုံး သစ်တောရုံး ဆီစက်နှင့် သစ်စက် မြို့မစျေးလည်း ရှိနေခဲ့သည်။ ဆင်ဖြူကျွန်းမြို့၌ ၁၉၅၂ ခုနှစ်က စိုက်ထူခဲ့သော ဗိုလ်ချုပ်ကျောက်တိုင်မှာ ကြာပွင့်အခံပြုလုပ်၍ စိုက်ထားခြင်းကြောင့် အမြင်ထူးခြားလှပေသည်။ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်နှင့် ဗိုလ်ချုပ်ကျောက်တိုင်နှစ်ခုလုံးရှိရာမြို့ဖြစ်သည်။ စာပေပညာရှင်၊ ဇာတ်သဘင်ပညာရှင်များနှင့် ဆိုင်းပညာရှင် စသော အနုပညာရှင်များလည်း ထင်ရှားစွာ ရှိခဲ့သည်။ ဆင်ဖြူကျွန်းမြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်သော မြေရှည်အုတ်ကျောင်းတိုက်မှာ လေ့လာသင့်သည့်ကျောင်းတစ်ကျောင်းဖြစ်ပြီး ရှင်ပင်ဘုန်းမြင့်ဘုရားရှိ ပိဋကတ်ကျောက်စာတိုက်မှာလည်း လေ့လာဖွယ်ဖြစ်သည်။ ထို့ပြင် ရွှေကျောင်း၊​ ရှေးဟောင်းရာကျော်ကျောင်းတော်နှင့်နှီးဘုရား၊ရှင်ပင်ပုပ္ပါရုံဘုရား နှင့် တောင်ပိုးတန်းပိုးသည်ရပ် ရှင်ပင်လေးမျက်နှာဘုရားရှိနံရံဆေးရေးပန်းချီများ သည် လေ့လာသင့်သောရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်။ ဆင်ဖြူကျွန်းမြို့ ချောင်းထဲ မဟာပါဒဂ်စက်တော်ရာဘုရားသည် မြန်မာနိုင်ငံ၏ဒုတိယရွှေစက်တော်အဖြစ်ထင်ရှားကျော်ကြားသည်။ ထိုပြင် ဆင်ဖြူကျွန်မြို့အနောက်မြောက်ဘက်မိုင် ၂၀ ခန့်အကွာ ကိုးရေယဥ်နတ်နန်း သည် သာယာသောတောတောင်ရူ့ခင်းများနှင့်သာယာလှပပြီးရှင်အရဟံကုန်းနှင့်ကျောက်သေတ္တာကြီးစသည့် ဂမ္ဘီရဆန်ဆန်စိတ်ဝင်စားစရာဘများနှင့်ပြည့်နှက်နေသည်။
 
*===ပန်းခြံ===
အာဇာနည်ပန်းခြံ
ခရီးသွားများတည်ခိုရန်ဆင်ဖြူကျွန်းမြို့တွင်
မိတ်ဆွေရင်းအအေးခန်းဧည့်ရိပ်သာ တစ်ခုရှိပါသည်
 
==ထင်ပေါ်ကျော်ကြားသူများ==