ပြိတ္တာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
ထမင္း
စာကြောင်း ၆ -
ချမ်းသာသုခအပေါင်းမှ ဝေးကွာသောသတ္တဝါများကို ပေတ =“ပြိတ္တာ” ဟုခေါ်သည်။ ၎င်းတို့အတွက် သီးခြားဘုံ မရှိချေ။
 
ပြိတ္တာများသည် လူ့ပြည်လောကအတွင်းမှာပင် တောတောင်၊ မြစ်ချောင်း၊ တောင်စောင်း၊ လိုဏ်ဂူ၊ သုဿန် စသောအရပ်များကို မှီခို၍ ဆင်းရဲစွာ ခံစားနေရလေသည့် သတ္တဝါတစ်မျိုး ဖြစ်လေသည်။ ဤ “ပြိတ္တာ” များတွင် တစ္ဆေ ၊ သရဲ၊ မှင်စာ၊ သဘက်၊ ဘီလူးစသည်ဖြင့် အမျိုးပေါင်းများစွာရှိသည်။ နှစ်ပေါင်းများစွာ မစားရ မသောက်ရချေ။ အချို့မှာ လူတို့၏ ထမင်းလုံး၊ ဟင်းသိုး၊ သလိပ်၊ ချွဲ၊ တံတွေး၊ မစင်၊ အရိအရွဲ စသည်တို့ကိုသာ စားသောက်ကြရသည်။ ဂိဇ္ဈကုဋ်တောင်တွင်နေသော ပြိတ္တာများမှာ ငရဲသားများ ကဲ့သို့ပင် လွန်စွာဆင်းရဲဒုက္ခရောက်ကြသည်။ မိမိပြုခဲ့သော မကောင်းမှုဖြင့် တမင်းငတ်ခြင်း၊ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်း စသော ဆင်းရဲကို ခံစားလျှက် နှစ်ပေါင်းရာထောင် သိန်းသန်းမက ဘုရားတစ်ဆူနှင့် တစ်ဆူအကြားသော်လည်း မကျွတ်မလွတ်နိုင်ဘဲနေကြရသည်။ ထိုမျှလောက်သော ကာလပတ်လုံး ထမင်းတစ်လုံး ရေတစ်ပေါက်မျှ မစားမသောက်ရဘဲ မိမိပြုခဲ့သော အကုသိုလ် ကံ မကုန်သေး သောကြောင့် သေဆုံးခြင်းမရှိဘဲ အသားအသွေးမရှိ အရေ အကြော အရိုးများသာရှိပြီးလျှင် အလွန်ဆိုးရွားသော အဆင်းဖြင့် ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ ရုပ်အဆင်းဖြင့် တည်ရှိလေသည်။
 
== ပြိတ္တာအမျိုးမျိုး ==