ဂျိုးဇတ် စတာလင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 6 edits (no ref)
စာတွဲ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၆ -
}}
 
'''ဂျိုးဇတ်စတာလင်''' (Joseph Stalin) သည် ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သည်။ အမည်ရင်းမှ '''အီရိုဆစ် ပစ်ဆီယိုနိုဗစ် ဇုဂရှ်ပ်လ်''' ဖြစ်ပြီး [[ကော့ကေးရှပ်တောင်တန်း]]များပေါ်ရှိ ယခင်[[ဆိုဗီယက်ပြည်ထောင်စုရုရှအင်ပါယာ]]၏ ပြည်နယ်တစ်ခုဖြစ်သည့် ဂျော်ဂျီယာ (ယနေ့[[ဂျော်ဂျီယာ]]နိုင်ငံ) ရှိ လယ်သမား ဇနီးမောင်နှံတို့မှ ၁၈၇၉ ခုနှစ်၊ ဒီဇင်္ဘာလ ၂၁ ရက်နေ့တွင် ဖွားမြင်သည်။ တော်လှန်ရေးလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်သောအခါ၌ စတာလင်ဟူသော အမည်သို့ ပြောင်းခဲ့လေသည်။ စတာလင်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ '''သံမဏိ''' ဖြစ်သည်။ ဂျော်ဂျီယာသားအဖြစ် နောက်မှ ရုရှားဘာသာစကားကို သင်ယူရသဖြင့် သူ၏ရုရှားစကားတွင် ဂျော်ဂျီယာသံဝဲသည်မှာ အလွန်သိသာသည်ဟုဆိုသည်။ ဆိုဗီယက်ပြည်ထောင်စုကို (၂၅) နှစ်မျှ အုပ်စိုးသွားပြီး ကမ်းကုန်အောင်ရက်စက်သူ၊ အလွန်အမင်းကြမ်းကြုပ်သူ အစရှိသဖြင့် နာမည်ဆိုးရှိသမျှ သမိုင်းတွင်သည်အထိ ကျော်ဇောလေသည်။ အမှန်တကယ်တွင်လည်း လူပေါင်းသန်းနှင့်ချီကာ သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုသည်။ တစ်ဖက်တွင်လည်း ဆိုဗီယက်ပြည်ထောင်စု၏ တန်ခိုးဩဇာကို တိုးမြှင့်ပေးခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ကို အနိုင်ရသူအဖြစ်လည်း ထင်ရှားပါသေးသည်။
 
ငယ်စဉ်က အလွန်ဆင်းရဲခဲ့သည်ဟု သိရသည်။ ဖခင် ဖိနပ်ချုပ်သမားမှာ အရက်အလွန်အကျွံသောက်ပြီး သားဖြစ်သူကိုလည်း နှိပ်စက်သည်။ ထိုအရက်သမားဖခင်ကွယ်လွန်ချိန်တွင် အသက် ၁၁နှစ်သာရှိသေးသည့် အီရိုဆစ် ကျန်ရစ်သည်။ သားဖြစ်သူအား ဘုန်းကြီး လုပ်စေလိုသော မိခင်၏ဆန္ဒအရ စတာလင်သည် ၉ နှစ်သားအရွယ်၌ ကျမ်းစာ သင်ကျောင်းသို့ ဝင်ရောက် ပညာသင်ကြားလေသည်။ ထိုကျောင်း၌ပညာဆုံးခန်း တိုင်၍ ၁၅ နှစ်အရွယ် ရောက်လျှင် ဂျော်ဂျီယာပြည်နယ်၏ မြို့တော်ဖြစ်သော [[တစ်ဖလစ်မြို့]]ရှိ သာသနာ့ ဝန်ထမ်းဆိုင်ရာ ကျောင်းသို့သွားရောက်ကာ ကျမ်းစာများကို ဆက်လက်ဆည်းပူးသည်။