သခင်သန်းထွန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး commons file
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇၄ -
“ဩ … ဩ…ခင်ဗျား အကြောင်းလဲ သခင် ဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ …” ဟု သခင် သန်းထွန်း က ပြုံးကာ ပြောလေသည်။
 
သူသည် မန္ဈလေးမန္တလေး ပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရ ပေမည်။ အသားက ဝါလဲ့လဲ့ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏။ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။
 
အစက ထင်ထားသကဲ့သို့ အာပေါင် အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်၊ ကဗျာဆရာ မီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီခေတ် တော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။
စာကြောင်း ၁၀၀ -
== (၃) ==
 
တက္ကသိုလ် သမဂ္ဂ အမှုဆောင် အခန်းတွင် သခင် သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင်အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေနွေးလေ့ ရှိ၏။ သူ့ကိုတွေ့တိုင်း မန္ဈလေးမန္တလေး အပေါ်ဖုံး၊ မန္တလေး လုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။
 
ကိုဘဟိန်း အယ်ဒီတာချုပ် လုပ်သော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ကြွေးကြော်သံ ‘မျိုးညွှန့်’ မဂ္ဂဇင်း (၁၉၃၈) တွင် သခင် သန်းထွန်း၏ အရင်းရှင် ဆန့်ကျင်ရေး ဆောင်းပါးများကို ဖတ်မိ၏။ သူသည် ကိုလိုနီ တော်လှန်ရေးကို လှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဝင်စား လာကြလေပြီ။
စာကြောင်း ၁၂၂ -
သခင် သန်းထွန်းသည် တက္ကသိုလ် ကျောင်းသားများကို နိုင်ငံရေးဘက် ပါအောင်၊ နယ်ချဲ့ ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉ ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏ အိမ်တွင် သူ့ကို မကြာခဏ တွေ့ရတတ်၏။ သခင် အောင်ဆန်း၊ ဗိုလ်လကျာ်၊ သခင် သန်းထွန်းနှင့် ဂိုရှယ် (ထိုအခါက ဘောဂဗေဒ ဂုဏ်ထူးတန်း ကျောင်းသား) တို့ကို တွေ့ရတတ်၏။
 
သခင် သန်းထွန်းတို့သည် ၁၉၃၉ ခုလောက် ကတည်းက ဗမာပြည် ကွန်မြူနစ် ပါတီကို ဖွဲ့စည်း နေကြသည်။ ကိုဘဟိန်းက က္ဆွန်တော့်ကိုကျွန်တော့်ကို မာ့က်စ် ကျမ်းစာအုပ်များကို ပေးဖတ်စေပြီး ကွန်မြူနစ်ဘက် ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပို၍ ချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။
 
လျှို့ဝှက်၍ ထုတ်သော အရေးတော်ပုံ အမည်ရှိ စာတမ်းကို ၁၉၃၉ လောက်က ဖတ်လိုက်ရလေ၏။ ထို ‘အရေးတော်ပုံ’ ကား ပဌမဆုံးသော ကွန်မြူနစ် ဂျာနယ် ဖြစ်ပေ၏။
စာကြောင်း ၁၆၀ -
ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူ နေရာ လူစုံတတ်သော သခင် သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ် နေတတ်၏။
 
ဤ စိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှာပင် ဖက်ဆစ် ဆန့်ကျင်ရေး လှုံ့ဆော် စာတန်းများကို ရေးကြသည်။ ဤ ဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ် တယောက်သည် ‘ပုန်ကန် ထွွ့ကလော့’ထကြွလော့’ ဟူသော စာတမ်းများကို လွယ်အိတ်နှင့် ထည့်ကာ အိမ်ရှေ့ လမ်းပေါ်တွင် လမ်းသလားနေသော ဂျပန် စစ်သားကလေး တဦးကို တိုးမိမတတ် ဖြတ်ကျော်လွန် သွားခဲ့လေသည်။
 
ဤအခန်းဆောင်တွင် အတူဆုံကြ၊ တွေ့ကြ၊ ရယ်စရာ မောစရာ ပြောခဲ့ကြသော သူများသည် ဖဆပလ ကို ဖွဲ့စည်းကာ တော်လှန်ရေး ပြုခဲ့ကြသည်။
စာကြောင်း ၁၇၀ -
ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက် သွေးစည်းနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလ အလံကို နှဲ့နေကြပေပြီ။
 
သူတို့ အားလုံးသည် လူပင် ဖြစ်သည်။ လူတို့၏ မိ်ုက်မဲခြင်း၊မိုက်မဲခြင်း၊ လိမ်မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည် အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန့်ရှင်း ဖြူစင်ခြင်းတို့ဖြင့် ရောပြွမ်းကာ နေပေမည်။
 
သခင် သန်းထွန်းသည်လည်း သည်လူအများအလယ်မှ လူပင် ဖြစ်လေသည်။
စာကြောင်း ၁၉၈ -
တာရာ မဂ္ဂဇင်း ထွက်ခါစက သခင် သန်းထွန်းထံ ဆောင်းပါး တောင်းဖူး၏။ သို့သော် သူလည်း မရေးဖြစ်။ ကျွန်တော်လည်း မရောက်တော့။
 
နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ် တရားပွဲတွင် တူတံဇင် အလံနီကို နောက်ကျောခံလျက် ဓာတ်စက်ရှေ့တွင် တရားဟောနေသော သခင် သန်းထွန်းကို ပရိသတ် အလယ်မှ မြင်လိုက်ရ၏။ သခင် သန်းထွန်း၏ တရားကား ပဌမတော့ ခြောက်သွေ့ ပြီးနောက် … တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးကာနီးတွင် သွေးွွ့ကသွေးကြွ လာစေသည်။ ဒါပဲ သိလိုက်သည်။
 
သူသည် ၃ နာရီမျှ မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက် အသိခက်သော စာအုပ်ဆန်ဆန် စကားကြီး၊ စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်း နားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများနှင့်သာ ပြော၏။ ဗမာ့ လက်ရှိ နိုင်ငံရေး အခြေအနေကို ကမ္ဘာ့ အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကား နှင့်တကွ ပြော၏။