တိုင်းပြည်: တည်းဖြတ်မှု မူကွဲများ

→‎တိုင်းပြည်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး +cleanup
စာကြောင်း ၁ -
{{cleanup|date=23 Jul 2021}}
'''နိုင်ငံ''' (သို့) တိုင်းပြည်ဆိုသည်မှာ [[ပထဝီနိုင်ငံရေး]]နှင့် [[နိုင်ငံတကာနိုင်ငံရေး]]အရ နေရာ သတ်မှတ် ပိုင်းခြားထားသော အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည်။ နိုင်ငံတော်ဟူသော အခေါ်အဝေါ်နှင့် ထိုစကားလုံးနှင့်တွဲ၍ပါလာသော လူတို့၏စိတ်တွင်းမှ ခံစားချက်၊ခံယူချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မိုးပေါ်မှကျလာသည်မဟုတ်ပဲ အုပ်ချုပ်သူလူတန်းစားများမှ ဆယ်စုနှစ်၊ရာစုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့သော အရာတခုဖြစ်သည်။ လူအများအား နိုင်ငံတော်ဟူသော ဝေါဟာရအောက်တွင် တစည်းတလုံးထဲဖြစ်စေရေးအတွက် ပြောဆိုသောဘာသာစကားကို တတ်နိုင်သမျှတခုတည်းဖြစ်စေခြင်း၊ လူမျိုးစုနွယ်များ အသွယ်သွယ်ဖြစ်နေသည်ကို တတ်နိုင်သမျှ ကွဲပြားမှုနည်းအောင်ပြုလုပ်ခြင်းများမှာ အခြေခံကျသော နိုင်ငံတော်ယုံကြည်ချက်တခုဖြစ်လာစေရေးနည်းလမ်းများဖြစ်ကြသည်။ အုပ်ချုပ်သူများက ထိုပန်းတိုင်များသို့ရောက်ရှိရေးအတွက် အနုနည်းရော အကြမ်းနည်းပါ နည်းမျိုးစုံသုံးခဲ့ကြသည်။ ဥပမာအားဖြင့် အာဖရိကတွင်ရှိသော ဇူလူးတို့မှာ သာမန်လူအများထင်ထားသကဲ့သို့ လူမျိုးစုတခုမဟုတ်ပဲ ရှာကာ(Shaka)ဟူသော ခေါင်းဆောင်တဦးက လွန်ခဲ့သောရာစုနှစ်နှစ်ခုလောက်စတင်၍ မျိုးနွယ်စုငယ်အများအပြားကို တစုတစည်းထဲဖြစ်အောင် ကြိုးစားထားမှုမှ ဖြစ်ပေါ်လာသောရလဒ်ပင်ဖြစ်သည်။ ပြင်သစ်နိုင်ငံသည်လည်း ထွေပြားနေသောလူမျိုးစုများကို ပါရီမြို့တော်မှ အုပ်ချုပ်သူလူတန်းစားက တစုတစည်းတည်းဖြစ်အောင် ကြိုးပမ်းလာကြရာမှ လက်ရှိအခြေအနေတွင် ပြင်သစ်နိုင်ငံရှိသာမန်လူအများစု၏ စိတ်အတွင်း၌ ပြင်သစ်နိုင်ငံသားဟူသော ခံယူချက်၊အဓိပ္ပာယ်ဖွင့်ဆိုချက်များများဖြစ်ပေါ်လာစေခဲ့ခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံအသီးသီး၌ဖြစ်ပေါ်နေသော မည်သည့်နိုင်ငံ၏ နိုင်ငံသားဟူသော ခံယူချက်များမှာ အစကတည်းက အလိုလိုတည်ရှိနေသည်မဟုတ်ပဲ လူသားများက လိုသလိုဖန်တီးယူထားသော ခံယူချက်များသာဖြစ်သည်ဟူလို။ ထိုအချက်ကို အများဆုံးမျက်ကွယ်ပြုသောသူများမှာ အမျိုးသားရေးဝါဒီများဖြစ်ပြီး ထိုသူတို့၏ ခံယူချက်များအလွန်အကျွံ ဖြစ်လာသောအခါ သူတို့ယုံကြည်မှုတည်ဆောက်ထားသော နိုင်ငံတနိုင်ငံ နိုင်ငံသားတခု၊လူမျိုးတမျိုးဟူသော ခံယူချက်၏ အကြောင်းပြချက်ဖြင့် ဖိနှိပ်မှုခံရသော လူမျိုးစုငယ်များကလည်း သူတို့ကဲ့သို့ပင် အမျိုးသားရေးအမြင်များ တန်ပြန်ခံယူကာ အစဦးက နိုင်ငံတော်တခုတည်းဟူသော ခံယူချက်ပြိုကွဲပြီး နိုင်ငံတော်ငယ်များအစိတ်စိတ်ကွဲနိုင်မည့် အန္တာရာယ်ရှိလာနိုင်၏။