မလေးရှားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
Removing Ktmb_class_91_and_class_92_ipoh_station.jpg, it has been deleted from Commons by Fitindia because: No permission since 16 July 2021.
စာကြောင်း ၁၇၆ -
မလေးရှားနိုင်ငံ၏ ကုန်းလမ်း ကွန်ယက်သည် အာရှတွင် အကျယ်ပြန့်ဆုံး ကွန်ယက်တစ်ခု ဖြစ်ပြီး စုစုပေါင်း ၈၉,၇၂၈မိုင် (၁၄၄,၄၀၃ ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။ အဓိက နိုင်ငံတော်၏ ကုန်းလမ်းကွန်ယက်မှာ မလေးရှား ဖက်ဒရယ် လမ်း စနစ်ဖြစ်ပြီး ၃၁,၀၂၈မိုင် (၄၉,၉၃၅ ကီလိုမီတာ) ရှည်လျားသည်။ မလေးရှားရှိ ဖက်ဒရယ် လမ်း အများစုမှာ ၂ လမ်းသွားများ ဖြစ်ကြသည်။ မြို့နေရာများတွင်မူ ဖက်ဒရယ် လမ်းများမှာ ကားများ ပိုသွားနိုင်ရန် ၄ လမ်းသွား ဖောက်လုပ်ထားသည်။ ဖက်ဒရယ်လမ်း အများစုကို ကတ္တရာ ခင်းထားသော်လည်း စကူဒိုင်း-ပွန်တယံ အဝေးပြေးလမ်း၏ တစိတ်တဒေသကို ကွန်ကရစ်လမ်း ခင်းထားပြီး ကလန်းမှ ကွာလာလမ်ပူသို့ ဆက်သွယ်ထားသော ဖက်ဒရယ် အဝေးပြေးလမ်း၏ တစိတ်တဒေသကို နိုင်လွန်ကတ္တရာ ခင်းထားသည်။ မလေးရှားနိုင်ငံတွင် ၁,၁၁၇မိုင် (၁,၇၉၈ကီလိုမီတာ) ရှည်လျားသော အဝေးပြေးလမ်းများ ရှိပြီး အရှည်လျားဆုံး အဝေးပြေးလမ်းမှာ ၄၉၇မိုင် (၈၀၀ ကီလိုမီတာ) ရှည်လျားသော တောင်မြောက်အမြန်လမ်း ဖြစ်ကာ မလေးရှားကျွန်းဆွယ်၏ အနောက်ဘက် ကမ်းရိုးတန်းတလျှောက် ဖောက်လုပ်ထားပြီး အဓိက မြို့ကြီးများဖြစ်သော [[ကွာလာလမ်ပူမြို့]]၊ [[ပီနန်မြို့]] နှင့် [[ဂျဟိုးဘာရူးမြို့]] တို့ကို ဆက်သွယ်ပေးထားသည်။ ၂၀၁၅ ခုနှစ်တွင် အစိုးရမှ မလေးရှား ရင်းဂစ် ၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၂၃ ဘီလီယံ) တန်ဖိုးရှိသော ပန်ဘော်နီယို အဝေးပြေးလမ်း စီမံကိန်းကို ကြေငြာခဲ့ပြီး မြို့ချင်းဆက်လမ်းများကို နှစ်လမ်းသွား အမြန်လမ်းများ အဖြစ် အဆင့်မြှင့်ခြင်းအားဖြင့် အရှေ့မလေးရှားရှိ အဝေးပြေးလမ်းတို့၏ အဆင့်ကို ကျွန်းဆွယ်မလေးရှား၏ ကွာလတီနှင့် ညီမျှအောင် လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။<ref>{{Cite book|last = Mody|first = Ashoka|title = Infrastructure strategies in East Asia: the untold story|publisher = The World Bank|year = 1997|page = 35|url = https://books.google.com/?id=jSVNQi3UZKgC&printsec=frontcover|isbn = 0-8213-4027-1}}</ref><ref>{{cite web|url=http://www.theborneopost.com/2014/10/17/fadillah-says-pan-borneo-highway-to-be-built-under-ukas-initiative/?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+mycenews+(MyCen+News)|title=Fadillah says Pan Borneo Highway to be built under Ukas initiative|author=Pim, Lim How |work=The Borneo Post|date=17 October 2014|accessdate=19 October 2014}}</ref>
 
 
[[File:Ktmb class 91 and class 92 ipoh station.jpg|thumb|အီပိုး ဘူတာရုံတွင် တွေ့ရသော ကေတီအမ် အီးတီအက်စ် ၉၁ (ဝဲ) နှင့် ကေတီအမ် ကွန်မျူတာ ကလပ်စ် ၉၂ (ယာ)]]
မလေးရှားတွင် ရထားလမ်း အရှည် ၁,၁၃၉မိုင် (၁,၈၃၃ ကီလိုမီတာ) မျှ ရှိပြီး ၄၇၇မိုင် (၇၇၆) မိုင်မှာ အသွားအပြန် လမ်း နှင့် လျှပ်စစ်ရထားလမ်းတို့ ဖောက်လုပ်ပြီး ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ရထားပို့ဆောင်ရေးတွင် အကြီးစားရထား (ကေတီအမ်)၊ အပေါ့စား ရထား၊ တစ်လမ်းပြေးရထား(အမြန်ရထား)၊ ကြိုးဆွဲရထား (ပီနန်တောင် ရထား) စသည်ဖြင့် အမျိုးမျိုး ရှိသည်။ အကြီးစားရထားများကို မြို့တစ်မြို့ နှင့် တစ်မြို့ အကြား ခရီးသည်များနှင့် ကုန်စည်များကို ပို့ဆောင်ခြင်း အပြင် မြို့ပြ ခရီးသွား ပြည်သူများကို ပို့ဆောင်ရေး အတွက် အသုံးပြုသည်။ အပေါ့စားရထားများကိုမူ မြို့ပြများ အတွင်း မြို့တွင်း အများပြည်သူများကို ပို့ဆောင်ပေးသည်။ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ကွာလာလမ်ပူမြို့တို့ကို ဆက်သွယ် ပို့ဆောင်ပေးသော ရထား ၂ စင်းလည်း ရှိသည်။ နိုင်ငံအတွင်းရှိ တစ်ခုတည်းသော တစ်လမ်းပြေး ရထားမှာ ကွာလာလမ်ပူမြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုထားပြီး တစ်ခုတည်းသော ကြိုးဆွဲရထားမှာ ပီနန်တွင် ရှိသည်။ အမြန်ရထားစီမံကိန်း ဖြစ်သော ကေဗွီအမ်အာရ်တီသည် ကွာလာလမ်ပူမြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အဆင့်မြှင့်တင်နိုင်ရန် လက်ရှိ တည်ဆောက်ဆဲ ဖြစ်သည်။ ရထားကွန်ယက်မှာ ကျွန်းဆွယ် မလေးရှားရှိ ပြည်နယ် ၁၁ခုလုံးသို့ ရောက်ရှိ ဆက်သွယ်ထားသည်။ အရှေ့မလေးရှားတွင်မူ ဆာဘားပြည်နယ်၌သာ ရထားလမ်း ရှိသည်။ ရထားလမ်းမှာ ၁၀၀၀ မီလီမီတာ အကျယ် ရထားလမ်း ဖြစ်သော ထိုင်းရထားလမ်းနှင့်လည်း မြောက်ဘက်တွင် ဆက်သွယ်ထားသည်။ အကယ်၍ မြန်မာနိုင်ငံသာ ရထားလမ်းအား ပြန်လည်တည်ဆောက်မည် ဆိုပါက မြန်မာ၊ အိန္ဒိယ နှင့် တရုတ်တို့သို့ ရထားဖြင့် ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။