ဗေဒင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄ -
==မြန်မာ့ရိုးရာဗေဒင်ပညာ==
===အခေါ်အဝေါ်===
ဗေဒင်ဟူသည်မှာ မာဂဓ(ပါဠိ)ဝေဒ (သင်္သကရိုဋ်ဘာသာ '''ဟိန္ဒူနဂရီဗေဒ''')= '''သိခြင်း''' နှင့် '''အင်္ဂ-အင်္ဂါ''' =''' ဖြစ်ခြင်း''' တို့ ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့် ဝေဒင်္ဂမှ ဆင်းသက်လာသည်။ ဝေဒင်္ဂသဒ္ဒါသည် ဗေဒ၏ အင်္ဂါဖြစ်သော ကျမ်းကို ဆိုရာ၊ ယင်းတွင် သိက္ခာ၊ ကပ္ပ၊ ဗျာကရဏ၊ ဆန္ဒ၊ ဇောတိသတ္ထ၊ နိရုတ္တိကျမ်းများ ပါဝင်သည်။ ဝေဒင်္ဂမှ သင်္သကရိုဋ်ဘာသာသို့ ရွေ့လျော၍ ဗေဒင်္ဂ ဖြစ်လာသည်။ ဗေဒင်္ဂမှ မြန်မာဘာသာဖြင့် '''ဗေဒင်'''ဟူသော ဝေါဟာရ ဖြစ်လာသည်။ ဝေဒင်္ဂတွင် ပါဝင်သော ဇောတိသတ္တကား ဗေဒင်ပညာပင် ဖြစ်လေသည်။ ဝေဒ-ဗေဒသဒ္ဒါသည် သိခြင်းအနက်ကို ဆိုသောကြောင့် ဗေဒင်ပညာဖြင့် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ် အကျိုးအပြစ်တို့ကို သိနိုင်သည်ဟု ရှေးအခါကပင် ယုံကြည်ရင်းစွဲ ရှိခဲ့သည်။ သာမ-ယဇု၊ဣရု ဟူ၍ ဗေဒ ၃ ပုံ ရှိသည်တွင် အထဗ္ဗနကို ထည့်သွင်းလျက် ဗေဒင် ၄ ပုံဟု ရေ:သား ပြောဆိုလေ့ ရှိကြရာ၊ အမှန်စင်စစ်အားဖြင့် ဗေဒ ၄ ပုံမှာ [http://my.wikipedia.org/wiki/%E1%80%9F%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%B0%E1%80%98%E1%80%AC%E1%80%9E%E1%80%AC ဟိန္ဒူ]လူမျိုးတို့၏ စာပေများသာ ဖြစ်ကြလေသည်။ ဤဗေဒင်ပညာသည် အလွန်ရှေးကျသော ကယ်လဒီးယား၊ ဗက်ဗီလုံးနီးယား၊ အီဂျစ်၊ အိန္ဒိယနှင့် [http://my.wikipedia.org/wiki/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6 တရုတ်နိုင်ငံ]များတွင် ထွန်းကားပေါ်ပေါက်လာခဲ့ရာ၊ အဘယ်မျှ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီဟု မည်သူမျှ အတတ်မပြောနိုင်ချေ။ မည်သည့်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သည်ဟူ၍လည်း အထောက်အထား မပြနိုင်ကြချေ။ အဆိုပါနိုင်ငံများတွင် ခေတ်ကာလ အလျောက် ပညာရှင်များသည် ကောင်းကင်ရှိ ဂြိုဟ်နက္ခတ်တာရာတို့ကို[[ဂြိုဟ်]][[နက္ခတ်တာရာ]]တို့ကို အခြေပြု၍ တီထွင်ပေါ်လာသော ပညာတရပ် ဖြစ်သည်ဟု ယူဆ ယုံကြည်ကြသည်။ ဗေဒင်ပညာသည် ရှေးဟောင်း အိန္ဒိယနိုင်ငံ၏ အာရိယန်လူမျိုးတို့မှ ပေါက်ဖွားဆင်းသက်လာသည်ဟု အဆိုရှိသည်။ ဘီစီ၃၅၆ ခုနှစ် အယ်လက်ဇန္ဒာ-သ-ဂရိတ်လက်ထက်တွင် ကယ်လဒီးယန်း လူမျိုးတို့၏ ကြေညာချက်အရ မိမိတို့၏ ဗေဒင်ပညာသည် အတိတ် နှစ်ပေါင်း ၄၇၃,၀၄၀ ကပင်ရှိသည်ဟု သိရသည်။ မည်သို့ပင် ဖြစ်စေ၊နှစ်ပရိစ္ဆေဒကိုဖြစ်စေ၊ နှစ်ပရိစ္ဆေဒကို အတိအကျ မခန့်မှန်းသော အချိန်ကာလ ကပင် ဗေဒင်ပညာ စတင်ပေါ်ပေါက်ခဲ့ခြင်းကို မူကားမငြင်းသာချေ။ ဆေးပညာနှင့် အခြား လောကီပညာရပ်များကဲ့သို့ပင် ဗေဒင်ပညာသည်လည်း ရှေးမဆွကပင် ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဗေဒင်ပညာသည်လည်း အိန္ဒိယမှ ဆင်းသက်လာခဲ့သည်ကို သမိုင်းအရ သိရ သိနိုင်ပေသည်။
ဗေဒင်ပညာဆိုရာ၌ မြေပြင်နှင့် အာကာသ ကောင်းကင်တွင် ဖြစ်ပေါ်လာသမျှသော တိနမိတ်နှင့်တကွ ဂြိုဟ်နက္ခတ်တာရာတို့၏ အထွန်း-အညှိုး-အငုပ်-အပေါ်၊ ကြယ်ကြွေခြင်း၊ [http://my.wikipedia.org/wiki/%E1%80%94%E1%80%B1%E1%80%80%E1%80%BC%E1%80%90%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8_%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA_%E1%80%9C%E1%80%80%E1%80%BC%E1%80%90%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8 နေကြတ်ခြင်း၊ လကြတ်ခြင်း]၊ တိမ်တောက်ခြင်း၊ ဥက္ကာပျံခြင်း၊ ကြယ်တံခွန်ပေါ်ခြင်း၊ ဂြိုဟ်ပူးဂြိုဟ်မြင်ခြင်း မှစ၍ ဖြစ်ပေါ်လာသမျှသော တိတ်နိမိတ်များကို အခြေခံပြု၍ ဟောဆိုရသော ပညာတရပ် ဖြစ်သည်။ ဖွားသက္ကရာဇ်နှင့် အသက်ကို တည်လျက် ၇ခု၊ ၈ ခု၊ ၁၂ ခုစား၍ အကြွင်းဂဏန်းသင်္ချာအရ တီထွင်သော ဟောနည်းများမှ အစ အချိန်နာရီကို မူတည်၍ဟောသော ဟူးရားဗေဒင်၊ ကာလကြီး ဗေဒင်၊ ဂဏန်းဗေဒင်၊ မွေးဖွားချိန်အရ ကောင်းကင် ၁၂ ရာသီဂြိုဟ်၊ လဂ်၊ စန်းတို့ကို ကြည်၍ ဟောဆိုသော ဗေဒင်ဟူ၍ အမျိုးမျိုးရှိသည်။ သို့သော် မွေးဖွားချိန်တွင် တွက်ယူရရှိသည့် ကောင်းကင် ၁၂ ရာသီဂြိုဟ်ခွင်၏ အလားအလာကို စစ်ဆေးဟောပြော ဗေဒင်ပညာသည် သဘာဝ ယုတ္တိရှိပေသည်။
 
==ဂြိုဟ်၊ နက္ခတ်တာရာများ နှင့် ၎င်းတို့၏ သက်ရောက်မှုများ==
ဂြိုဟ်နက္ခတ်ကြယ်တာရာတို့သည် သက်ရှိသက်မဲ့၊ ခပ်သိမ်းအပေါ်တွင် သက်ဆိုင်ရာ သဘာဝအစွမ်းသတ္တိ အရှိန်အဝါဖြင့် လွှမ်းမိုး ချုပ်ချယ်နိုင်သည်ဟု ရှေးပညာရှင်တို့ ယူဆခဲ့ကြသည်။ ဥပမာ-တနင်္ဂနွေဂြိုဟ်ဟု ခေါ်ဆိုသည့် အပူဓာတ်ကို ပေးဆောင်နိုင်သော နေမင်းကို အမှီပြု၍သာ သက်ရှိသက်မဲ့တို့သည် သန်စွမ်းကြီးထွားလာရသည်။ နေမရှိလျှင် သက်ရှိသက်မဲအားလုံး သေကြေပျက်ပြုန်း သွားကြလိမ့်မည်။ နေ၏ အလင်းဓာတ်ကြောင့် စိတ်ဓာတ်တက်ကြွကာ ရဲစွမ်းသတ္တိ ရှိရသည်။ အမှောင်ဓာတ်ကို သက်ရှိသက်မဲ့တို့သည် အစဉ်ထာဝရ မလိုလားကြချေ။ ဤသဘောကို ဆင်ခြင်လျှင် နေမင်းတည်းဟူသော တနင်္ဂနွေဂြိုဟ်သည် သက်ရှိသက်မဲ့တို့၏ အသက်သခင်ဖြစ်သည်နှင့် အညီ အဘယ်မျှ အင်အားပေးနိုင်သည်ကို ရိပ်စားမိသင့်သည်။ အသက်ဝိဉာဉ်၊ အဖ၊ မာန၊ အလုပ်အကိုင်၊ ရာထူး ဂုဏ်ထူးကို အစိုးရ၏။ ထို့အတူ တနင်္လာခေါ်တနင်္လာ (ခေါ်) လမင်းသည် ဂြိုဟ်အဖြစ်ဖြင့် သူ၏ သဘာဝကို ပေးစွမ်းနိုင်သည်။ သတ္တဝါတို့သည် အေးမြကြည်လင်လှသော လရောင်ကို မြင်ရသောအခါ စိတ်ပျော်ရွှင်လန်း ကြည်နူးလေ့ ရှိကြသည်။ အအေးဓာတ်၊ အမိ၊ စိတ်၊ ငွေရတနာ စသည်တို့ကို အစိုးရ၏။ ထိုအတူ အင်္ဂါဂြိုဟ်နီသည် မိမိ၏ သွေးနီရောင် သဘာဝအတိုင်း အစွမ်းသတ္တိ၊ အရည်အချင်း၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လ၊ စွန့်စားမှု၊ သတ်ဝံ့ဖြတ်ဝံ့သော စိတ်၊ ခိုက်ရန်ဒေါသစိတ်၊ ဘေးရန် ပဋိပက္ခမှု၊ စစ်မက်၊ ကျေးကျွန်၊ လင်ယောက်ျားကို အစိုးရသည်။ ဗုဒ္ဓဟူးဂြိုဟ်စိမ်းသည် အသိဉာဏ်၊ သားသမီး ၊ အတတ်ပညာတို့ကို အစိုးရသည်။ ကြာသပတေးဂြိုဟ်ဝါသည် ပညာဉာဏ်၊ ငွေကြေးဥစ္စာဓန၊ အကျင့်စာရိတ္တ၊ ဘာသာ၊ အယူဝါဒ၊ မိတ်ဆွေ၊ ဆရာ စသည်တို့ကို ဖန်တီးပေးနိုင်သည်။ သောကြာဂြိုဟ်သည် သူ၏ ထွန်းတောက်သော အလင်းရောင်ဓာတ်အားဖြင့် ကာမရာဂ၊ အချစ်ရေး၊ ပျော်ရွှင်မြူးထူးခြင်း၊ မိန်းမ၊ မယား၊ ဂုဏ်ပကာသန၊ ထင်ပေါ်ကျောင်စောခြင်း အစရှိသည်တို့ကို စွမ်းဆောင်ပေးနိုင်သည်။ စနေဂြိုဟ်မွဲ ဂြိုဟ်ပြာကား ဆင်းရဲဒုက္ခ၊ အနှောင့်အယှက်၊ အချိန်နှောင့်နှေး ကြန့်ကြာခြင်း၊ ဆွေမျိုးသားချင်း၊ တွေဝေမိန်းမောခြင်း အစရှိသည်တို့ကို ဖြစ်စေတတ်သည်။ ရာဟုနှင့် ကိတ်အမှောင်ဂြိုဟ်တို့သည် ကောင်းကင်မှာ ဂြိုဟ်ကိုယ်ဒြဗ်နှင့် အထင်အရှား မရှိစေကာမူ နေကြတ် လကြတ်ကို ဖန်တီးပေးနိုင်သော အစွမ်းသတ္တိကြောင့် အမှောင်လောကနှင့်တကွ ထူးခြားဆန်းကြယ်သော အကျိုးအပြစ်၊ ခြေလေးချောင်းတိရိစ္ဆာန် စသည်တို့ကို အစိုးရသည်။ ဤဂြိုဟ် ၉ လုံးအပြင် ထပ်မံ တွေ့ရှိရသော ယူရေးနပ်၊ နက်ပကျွန်း၊ ပလူတိုဂြိုဟ်တို့ကိုလည်း ယခုအခါ ထည့်သွင်းဟောပြောကြသည်။ အဿဝဏီနက္ခတ်အစ ရေဝတီနက္ခတ် အဆုံးနက္ခ ၂၇ လုံးသည်လည်း သူ့သဘာဝနှင့် သူ့သဘာဝနှင့် သူ ဖန်တီးပေးနိုင်ပေသည်။ ရှေးပညာရှင်တို့သည် ဤသဘာဝများကို နှစ်ပေါင်းများစွာ လက်တွေ့လေ့လာပြီးမှသာ ယူဆဟောဆိုကြခြင်း ဖြစ်သည်။
တွက်ရိုးသင်္ချာအရ အာကာသကောင်းကင်ကို စက်ဝိုင်းသဖွယ်ရှိသော ၁၂ ရာသီစက် တည်ဆောင်ချက် မိဿ-ပြဿ-မေထုန် စသည်ဖြင့် အမည်ပေးထားသည်။ ထို့ပြင် ၁၂ ရာသီစက်ကို တနင်္ဂနွေဂြိုဟ် နေမင်းနှင့် တနင်္လာဂြိုဟ် လမင်းအတွက် ပိုင်အိမ် ၁၃စီ၊ အင်္ဂါအစ စနေအဆုံး ပဉ္စတားဂြိုဟ် ၅ လုံးအတွက် ပိုင်အိမ် ၂ အိမ်စီ သတ်မှတ်ထားသည်။ ယင်းသို့ ပိုင်အိမ်အဖြစ် ပေးထားပုံမှလည်း သဘာဝကျလျက် စိတ်ဝင်စားစရာ ကောင်းလှသည်။ ပိုင်အိမ်များအဖြစ် စ-သာ-ရွှေ-ကူး-အင်း-ဝ-သူ-ဆန်-ဖြူ-တ-တင်း-ပေး ဆောင်ပုဒ်အရ မိဿရာသီမှ စ၍ လက်ဝဲရစ်အစဉ်အတိုင်း ချယူနိုင်သည်။ ကောင်းကင်တွင် သူလမ်းကြောင်းနှင့်သူ မရပ်မတည် လှည့်လည် သွားလာနေကြသော ဂြိုဟ်တို့ကို အချိန်ကာလ အားလျော်စွာ နောက်ခံနက္ခတ် ၂၇ လုံးပိုင် ၁၂ ရာသီ စက်အရ ဘယ်နေ့တွင် ဘယ်ရာသီမှာ ရှိသည်ကို တွက်ယူနိုင်သည်။ ဂြိုဟ်အားလုံးသည် ၁၂ ရာသီစက်ထဲမှာ မည်သို့မည်ပုံ တည်ရှိသည်ကို သိရပြီးနောက်၊ မွေးဖွားသော အချိန်အရ လဂ် ရာသီ အံသာ လိတ္တာ တို့ကို တွက်ချက်ယူနိုင်သည်။ လဂ်၏ ၁ တန့်သည် တနုဘာဝ၊ လဂ်၏ ၂ တန့်သည် ကုတုမ္ပဘာဝ၊ ၃ တန့်သည် သဟဇဘာဝ စသည်ဖြင့် ၁၂တန့်သည် ဗျာယဘာသအထိ၊ ဘာဝ ၁၂ ပါးကု ခွဲ၍ သတ်မှတ်ရသည်။မည်သည့်ဂြိုဟ်သည် မည်သည့်ဘာဝတွင် ရှိသည်ကို သိရသောအခါ ဗေဒင်ကျမ်းလာ နည်းစံနစ်များအတိုင်း ဂြိုဟ်ပူး ဂြိုဟ်မြင်၊ နက္ခတ်၊ နဝင်း၊ ယုဂ် စသည်တို့ အပေါ်တွင် အခြေပြုကာ အတိတ်၊ ပစ္စုပ္ပုန်နှင့် အနာဂါတ် အကျိုးအပြစ်တို့ကို တွက်ယူ ဟောဆိုနိုင်သော စခန်းသို့ ရောက်လာပေသည်။ ဤဖွားဇာတာဂြိုဟ်ခွင်သည် ဇာတာရှင်၏ တသက်တာ အကျိုးအပြစ်တို့ကို ဟောကိန်း အမျိုးမျိုးအားဖြင့် ဟောသွားနိုင်ပေသည်။
 
==ဂြိုဟ်ခွင်==
ဖွားဇာတာဖွား[[ဇာတာ]] ဂြိုဟ်ခွင်အရ မူလအခြေခံပါလာသော အကျိုးအပြစ်တို့ကို ကိန်းသေ ယူဆနိုင်သည်။ မင်း မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ ပညာရှိ ဖြစ်မည့် အခြေအနေ၊အိမ်ထောင်ရေး၊ ကျန်းမာရေး၊ဆင်းရဲဒုက္ခ၊ဘေးရန်၊ မိဘ၊ မွေးချင်း၊ သားသမီးအခြေအနေ စသည်တို့ကို ဘာဝ ၁၂ ပါအရ ဟောဆိုရပေသည်။ မွေးဖွားချိန်အရ ၁၂ ရာသီကောင်းကင်ကို ဓာတ်ပုံရိုက်သည့်သဖွယ် ရိုက်ပြထားသော ဂြိုဟ်ခွင်သည် ဖွားဇာတာဂြိုဟ်ခွင်ဟု အတည်ပြုရစေကာမူ ထိုထို ဂြိုဟ်တို့သည် ရပ်တည်မနေကြဘဲ သွားမြဲသွားနေသောကြောင့် ဂေါစရ ခေါ် ကောဇာဂြိုဟ်များအဖြစ်သို့ ပြောင်းလဲသွားကြပေသည်။ မည်သည့်ရာသီ မည်သည့်ဘာဝကို မည်သည့်ဂြိုဟ် စီးလျှင် မည်သို့ ဖြစ်မည်ကို ရှေ့သို့ ဆက်ပြီး အဟောထုတ်နိုင်သည်။ သို့မဟုတ် တနင်္လာဂြိုဟ်စီးယှဉ်သော စန်းစီးနက္ခတ်(စင်နက္ခတ်) အရ ဒသဟောကိန်းများနှင့် အနာဂတ် အဟောများကို ချိန်ဆ ဟောဆိုရပေသည်။
ဗေဒင်ဟောကိန်း အမျိုးမျိုး ရှိသည့်အနက် သာမန် အတိုနည်းအားဖြင့် တွက်ယူသော ကိန်းများကို သာမန်ပညာရှင်တို့ တတ်ကျွမ်းနားလည်ကြသလောက်၊ ဗေဒင် တွက်ရိုးသင်္ချာနှင့် အဟောပညာကို ပါရဂူရောက် တတ်မြောက်နားလည်ရန်မှာမူ အလွန်ခဲယဉ်းလှပေသည်။ ဗေဒင်ပညာကို ယုံကြည်ပြီးလျှင် စိတ်ဝင်စားသူများ ရှိကြသကဲ့သို့ မယုံကြည်၊ စိတ်မဝင်စားနိုင်သော လူများလည်း ရှိကြပေသည်။ မည်သို့ပင်ဖြစ်စေ ဗေဒင်ပညာကား ရှေးဟောင်း ပညာရပ် အပါအဝင် ဖြစ်ရုံမျှမက အခြေခံပညာ နည်းစနစ် ထုထည်လည်း ခိုင်ခံ့ကောင်းမွန်လှသည်။ ဂြိုဟ်သွား၊ ဂြိုဟ်လာကို ပိုင်ပိုင်နိုင်နိုင် တွက်ယူနိုင်ရန် သူရိယသိဒ္ဓန္တ၊ ဗြဟ္မာ့သိဒ္ဓန္တ၊ အရိယသိဒ္ဓန္တ၊ သိဒ္ဓန္တသီရောမဏိ အစရှိသော သိဒ္ဓန္တတွက်ရိုးကား ၁၈မျိုးကား ရှေးကပင် ရှိခဲ့သည်။ ထို့ပြင် ဂြဟလာ ၈၁ တွက်ရိုး၊ ဘာသုတိ၊ သရဝိဇ္ဇောဒယဇနမပတ္တိက၊ မြန်မာပြည်ဖြစ် မကာရန္တ၊ သံဒိဌတွက်ရိုးများလည်း ရှိကြသည်။ ခေတ်မှီ အနောက်နိုင်ငံ ဗေဒင်တွက်ရိုးသင်္ချာကျမ်းများလည်း အများအပြားပင် ရှိကြသည်။ ဗြို့ဟဇ္ဇတက၊ ဗြို့ဟဇ်သံဟိတ၊ အပ္ပဇာတက။ ထိုပြင် ရာဇပတ္တဏ္ဍ၊ ဇာတကပါရိဇတ၊ သာရာဝလိ-ဇာတကဒေသမဂ္ဂ။ ပြဿနာမဂ္ဂ။ ဖလဒီပိကာ။ ဥတ္တရကာလ အမြိတ္တ၊ ဟောရရတနာ။ သဗ္ဗတ္တစိန္တာမဏိ၊ ဘာဝ ရတနာကရ၊ ဇာတကတတွာ၊ ဇောတိသတ္တသိင်္ဃဗောဓ၊ ဇာတကလင်္ကာရ ဇာတကစန္ဒရိယဗရရုဍိ၊ ဗရကောဌိ၊ သင်္ကေတနီတိ အစရှိသော ရှေးဟောင်း သင်္ကကရိုဋ်ဗေဒင်ကျမ်းများသာမက ခေတ်ပေါ် အနောက်နိုင်ငံ ဗေဒင်ကျမ်းများလည်း အများအပြားပင် ရှိကြသည်။
<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ-၈၊ အပိုင်း-ခ၊ နှာ-၂၄</ref>