ဗုဒ္ဓဝင်: တည်းဖြတ်မှု မူကွဲများ

Remove all contents (contents have multiple issues, moreover it's not about ဗုဒ္ဓဝင် )
စာတွဲ: အစားထိုးခဲ့သည်
Translated
စာကြောင်း ၁ -
 
{{ဗုဒ္ဓဘာသာ}}
[[File:Paintings of Life of Gautama Buddha - Asalha Puja.jpg|thumb|150px ]]
'''ဗုဒ္ဓဝင်''' ({{lang-pi|ဗုဒ္ဓဝံသ}} Buddhavaṃsa;{{lang-en|the Chronicle of Buddha}}) သည် လက်ရှိ [[ဂေါတမဗုဒ္ဓ]]နှင့် ရှေးယခင်က နှစ်ကျိပ်လေးဆူသော ဗုဒ္ဓများ၏ ဘဝဖြစ်စဉ်များကို ဖော်ပြထားသည့်ကျမ်းစာဖြစ်၍ သဗ္ဗညုတဉာဏ်ရရှိ၍ ဗုဒ္ဓအဖြစ်ရောက်ရှိခဲ့ပုံကိုလည်း ဖော်ပြထားသည်။<ref name=BDEA>{{cite web|author=Buddha Dharma Education Association|title=Suttanta Pitaka: Khuddaka Nikāya: 14.Buddhavamsa-History of the Buddhas|work=Guide to Tipiṭaka|publisher=Buddha Dharma Education Association|location=Tullera, NSW, Australia|year=2014|url=http://www.buddhanet.net/budvamsa.htm|access-date=2014-12-21}}</ref><ref name=Hinuber43/> [[သုတ္တန်ပိဋကတ်]]၏ ငါးခုမြောက်နိကာယ်ဖြစ်သော[[ခုဒ္ဒကနိကာယ်]]၏ ဆယ့်လေးခုမြောက်ကျမ်းစာဖြစ်သည်။<ref name=palikanon>{{cite web|title=Manual of Buddhist Terms and Doctrines (Pali dictionary)|publisher=palikanon.com|url=http://www.palikanon.com/english/pali_names/ku/khuddaka_n.htm|access-date=2014-12-21}}</ref>
 
အပါဒါန် (အပါဒါန) ၊ စရိယာပိဋကတ်တို့နှင့်အတူ ဗုဒ္ဓဝင် (ဗုဒ္ဓဝံသ) ကို ပညာရှင်အများစုက ဘီစီ ၁-၂ ရာစုအတွင်းက ရေးစပ်ခဲ့ကြသည်ဟု မှတ်ယူထားကြကာ ပါဠိကျမ်းစာများတွင် နောက်မှဖြည့်စွက်သည်ဟုလည်း ယူဆကြလေသည်။<ref name=Abeynayake1984>A textual and Historical Analysis of the Khuddaka Nikaya – Oliver Abeynayake Ph. D. , Colombo, First Edition – 1984, p. 113.</ref><ref name=Hornerx/>
[[File:Buddhavamsa.jpg|thumb|Buddhavamsa]]
 
==အကျဉ်းချုပ်==
ဗုဒ္ဓဝင်ကို အခန်းပေါင်း (၂၉) ခန်းဖြင့် ဖွဲ့စည်းထားသည်။ ပထမအခန်းတွင် သဟမ္ပတိဗြဟ္မာက တရားဟောတော်မူရန် တောင်းပန်ရာ ဘုရားရှင်က သတ္တဝါတို့ကို သနားတော်မူသည့် အကြံဖြစ်၍ နတ်နှင့်တကွ လူအပေါင်းတို့ထက် မြင့်မြတ်ကြောင်း အစွမ်းသတ္တိကိုပြသသောအားဖြင့် ကောင်းကင်၌ ရတနာစင်္ကြန်ကို ဖန်ဆင်း၍ တန်ခိုးအစွမ်းကို ပြသခဲ့ရာ နတ်၊ ဗြဟ္မာအပေါင်း ဝမ်းမြောက်ရွှင်လန်း၍ ကြွေးကြော်၊ ပူဇော်ကန်တော့ကြသည်။ သာရိပုတ္တရာ၊ မောဂလ္လာန်၊ ကဿပ၊ အနုရုဒ္ဓါစသော ရဟန္တာများ၏ ပူဇော်ကန်တော့ခြင်းကို ခံယူပြီးနောက် ဂေါတမဗုဒ္ဓက လွန်လေသောဘဝ သုတိသာနတ်ပြည်မှ သေတကေတု (သန္တုဿိတ)အမည်ရှိသော နတ်သားဖြစ်ခဲ့ပုံမှစ၍ ဟောပြောသည်။
 
ဒုတိယအခန်းတွင် သုမေဓာသူဌေးသား၏ ဒီပင်္ကရာဘုရားထံမှ ဗျာဒိတ်ခံယူသည့်အကြောင်း၊<ref>{{cite web|title=Vajracchedikā Prajñāpāramitā Sūtra|work=Translations from the Taishō Tripiṭaka|publisher=Lapis Lazuli Texts|url=http://lapislazulitexts.com/vajracchedika_prajnaparamita_sutra.html|access-date=2014-12-21}}</ref> [[ပါရမီ|ပါရမီဆယ်ပါး]]ဖြည့်ဆည်းရန် ဘုရားရှင်၏ မိန့်တော်မူသည့်အကြောင်းများကို ဖော်ပြထားသည်။
 
အခန်း (၃) မှ အခန်း (၂၆) အထိ နှစ်ကျိပ်လေးဆူသော ရှေးဘုရားများ၏ အကြောင်းကို ဖော်ပြထားသည့်အပြင် ဂေါတမဗုဒ္ဓအလောင်းလျာ၏ ထိုထိုအတိတ်ဘဝများ၌ မည်သို့ကောင်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပုံကို ဖော်ပြထားသေးသည်။
 
အခန်း (၂၇) တွင်မူ ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို ဖော်ပြရေးသားထား၏ ။<ref name=BDEA/>
 
အခန်း (၂၈) ၌ ဒီပင်္ကရာဘုရားမတိုင်မီ ပွင့်တော်မူခဲ့သော ဘုရားရှင် သုံးပါးအကြောင်းပါဝင်ကာ<ref name=BDEA/><ref name=Horner96/> အနာဂတ်တွင် ပွင့်တော်မူမည့် အရိမေတ္တယျဘုရားအကြောင်းကိုလည်း ရေးသားထားလေသည်။<ref name=BDEA/><ref name=Horner97/>
 
ဓာတုဘာဇနီယကထာသည် အခန်း (၂၉) ဖြစ်ပြီး ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဖြန့်ဝေယူငင်ခြင်းအကြောင်းဖြစ်သည်။<ref name=BDEA/>