မင်းရှင်စော: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၄ -
သက္ကရာဇ် (၅၂၀) တွင် ပုဂံပြည်၌ ခမည်းတော် အလောင်းစည်သူမင်း နတ်ရွာစံကြောင်း ကြားသိရ၍ ပုဂံပြည်ကို စစ်သည်တော် အလုံးအရင်းနှင့် ချီတော်မူမည် ပြင်လေသော် ညီတော် နရသူ ကြားသိ၍ ပုဂံတစ်ပြည်လုံး ဘုရားကဲ့သို့ ကိုးကွယ်ရသော ပံ့သကူမထေရ်အား ချဉ်းကပ်ပြီး "နောင်တော် မင်းရှင်စောသည် ခမည်းတော် မရှိကြောင်းကြား၍ စစ်ချီတော်မူမည်ဟု သိရသည်။ ဤကဲ့သို့ အလုံးအရင်းနှင့် ချီတော်မူသော် ကြာချေမည်။ ကြာလျင်လည်း ပြည်ထဲရေး မသင့်ချေ။ တိုင်းရေးပြည်ရေးတွင် ကျွန်ုပ်ရှိနေပြီးဖြစ်၍ စိတ်ပူရန်မလို။ ဓားတစ်စင်း၊ မြင်းတစ်စီးဖြင့်သာလျှင် ကြွတော်မူရန် အရှင်ဘုရားမှ ခေါ်ပါ" ဟု လျှောက်လေသော် ပံ့သကူမထေရ်လည်း "ငါခေါ်၍ ရောက်သောအခါ မင်းမမြှောက်ဘဲ နေပါက ငါရဟန်းတရားနဲ့ မညီရှိမည်" ဟု မိန့်တော်မူသော် နရသူလည်း "နောင်တော်ရောက်ပါက နောင်တော်ကို ဓားထမ်း၍ နန်းတင်ပါမည်"ဟု ကြီးစွာ သစ္စာပြု၏။ ပံ့သကူမထေရ်လည်း နရသူ သစ္စာပြုသည်ကို ယုံကြည်တော်မူ၍ မင်းရှင်စော ရှိရာကို ကြွတော်မူရာ မင်းရှင်စောလည်း မထေရ်စကားကို ယုံကြည်တော်မူသဖြင့် ရွှေလှေကား တစ်စင်းဖြင့်သာ မထေရ်ကိုတင်၍ စုန်လာတော် မူသည်။
 
မင်းရှင်စောနှင့် ပံ့သကူမထေရ်တို့ လက်ပံဆိပ်ရောက်သော် နရသူလည်း ပံ့သကူမထေရ်အား သစ္စာပြုသည့်အတိုင်း သံလျက်ကို ထမ်း၍ နောင်တော်ကိုနန်းတင်လေသည်။ ထိုတစ်ညတွင်သာ နေ၍ နံနက်တွင် စားတော်ပွဲ၌ နရသူမှ အဆိပ်ခတ်၍ နတ်ရွာစံ ကံတော်ကုန်လေသည်။ မင်းရှင်စောသည် အသက်(၄၇)နှစ်၊ တနဂ်နွေသား၊တနင်္ဂနွေသား၊ သက္ကရာဇ် (၅၂၀) တွင် ကံတော်ကုန်လေသည်။
 
== ကိုးကား ==