တပုဒ်ကောင်း: တည်းဖြတ်မှု မူကွဲများ

"ဂီတနယ်တွင် '''တပုဒ်ကောင်း''' ဆိုသည်မှာ ဓါတ်ပြားအောက် သို့မဟုတ် အယ်လဘမ်အောက် နည်းသည့် သီချင်းအရေအတွက်ကို ဖြန့်ချိခြင်းမျိုး ဖ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၅၄၊ ၂၆ ဇူလိုင် ၂၀၂၁ ရက်နေ့က မူ

ဂီတနယ်တွင် တပုဒ်ကောင်း ဆိုသည်မှာ ဓါတ်ပြားအောက် သို့မဟုတ် အယ်လဘမ်အောက် နည်းသည့် သီချင်းအရေအတွက်ကို ဖြန့်ချိခြင်းမျိုး ဖြစ်သည်။ အများပြည်သူသို့ ရောင်းချရန် နည်းအမျိုးမျိုးသုံးတတ်ရာ များသောအားဖြင့် တပုဒ်ကောင်းသီချင်းတို့သည် အယ်လဘမ်မှ ခွဲထုတ်၍ ဖြန့်ချိရ၏။ သို့သော်လည်း အယ်လဘမ်ထုတ်သည်နောက် ပါဝင်ခြင်းလည်း များပေသည်။ ပုံမှန်အားဖြင့် အယ်လဘမ်ကို ရောင်းအားတက်စေရန် ယင်းတွင်ပါသော သီချင်းများအနက်မှ အချို့ကို ဒစ်ဂျစ်တယ်ဒေါင်းလုပ်ဖြင့်၎င်း၊ ဗီဒီယိုရိုက်၍၎င်း ဖြန့်ကာ အရောင်းမြှင့်ရန် သုံးလေ့ရှိသည်။ ရံဖန်ရံခါလည်း တပုဒ်ကောင်းအဖြစ် ဖြန့်သည်တို့မှာ အယ်လဘမ်၌ မပါဝင်တော့။

တပုဒ်ကောင်းဟု အမည်ခံသော်လည်း ၃ ပုဒ်အထိ တွဲနေသည်က ရှိတတ်သေးသည်။ အကြီးဆုံးသော ဒစ်ဂျစ်တယ်ဂီတဖြန့်ချိမှုလုပ်ငန်း အိုင်ကျွန်းစတိုးတွင် သုံးပုဒ်ပေါင်း၌ ဆယ်မိနစ်အောက်နည်းပါက တပုဒ်ကောင်းဟူ၍ သတ်မှတ်ထားသည်။ သုံးပုဒ်ထက် ပိုက သို့တည်းမဟုတ် စုစုပေါင်းကြာချိန် မိနစ် ၃၀ ထက်များက အခွေတို (Extended play) ဟု ခေါ်ပြီး ခြောက်ပုဒ်နှင့်အထက်ကို အယ်လဘမ်ဟု ခေါ်၏။