အုအဲနိုဗုဒ္ဓရုပ်ပွားတော်ကြီး: တည်းဖြတ်မှု မူကွဲများ

"'''အုအဲနိုဗုဒ္ဓရုပ်ပွားတော်ကြီး''' သည် အဲဒိုခေတ်ကာလက တည်ထားကိုးကွယ်ခဲ့သည့် ဗုဒ္ဓ၏ ထိုင်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။ ၎င်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၅:၀၂၊ ၂၆ ဇူလိုင် ၂၀၂၁ ရက်နေ့က မူ

အုအဲနိုဗုဒ္ဓရုပ်ပွားတော်ကြီး သည် အဲဒိုခေတ်ကာလက တည်ထားကိုးကွယ်ခဲ့သည့် ဗုဒ္ဓ၏ ထိုင်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။ ၎င်းကို ယခုအခါ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ အုအဲနိုပန်းခြံတွင် ထားရှိသည်။ ရုပ်ပွားတော်ကြီးကို ကြေးညိုဖြင့် ၁၆၃၁ တွင် ပြလုပ်ခဲ့သည်။ ၁၈၅၅ ခုနှစ် အဲဒိုငလျင်၊ ၁၈၄၁ မီးလောင်မှု၊ ၁၆၄၀ တွင် ပျက်စီးမှုများ စသည့်ဒဏ်များကို ခံစားခဲ့ရပြီးနောက်တွင် ရုပ်ပွားတော်ကြီးကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ဆိုးရွားစွာပျက်စီးခဲ့ရသည်မှာ ၁၉၂၃ ခုနှစ် ကန်တိုးငလျင်ကြီးတွင် ဖြစ်ကာ ရုပ်ပွားတော်၏ ဦးခေါင်းသည် ပြုတ်ကျခဲ့ရပြီး ရုပ်ပွားတော်ကြီး၏ အစိတ်အပိုင်းအများစုသည်လည်း ပစိဖိတ်စစ်ပွဲကာလအတွင်း၌ အရည်ကျိုကာ အသုံးပြုခြင်း ခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် Kan'ei-ji ကျောင်းတော်တွင် မျက်နှာတော်ကို ပြင်ဆင်ခဲ့ကာ ရုပ်ပွားတော်၏ နဂိုမူလနေရာတွင် ထားရှိခဲ့သည်။

ကိုးကား