အိုးဖုနဗောဓိသတ္တကျောင်းတော်: တည်းဖြတ်မှု မူကွဲများ

"'''အိုးဖုနဗောဓိသတ္တကျောင်းတော်''' သည် ဂျပန်နိုင်ငံ၊ ခနဂဝစီရင်စု၊ ကမာကူရမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတောတစ်ခု ဖြစ်သ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၀:၂၁၊ ၂၇ ဇူလိုင် ၂၀၂၁ ရက်နေ့က မူ

အိုးဖုနဗောဓိသတ္တကျောင်းတော် သည် ဂျပန်နိုင်ငံ၊ ခနဂဝစီရင်စု၊ ကမာကူရမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတောတစ်ခု ဖြစ်သည်။ ၎င်းကျောင်းတော်သည် ၂၅ မီတာ (၈၂ ပေ) အမြင့်ရှိသည်။ ကျောင်းတော်တွင် တန် ၁၉၀၀ အလေးချိန်ရှိသည့် ကွန်ကရစ်ဖြင့်ပြုလုပ်ထားသည့် ဗောဓိသတ္တဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။

သမိုင်းကြောင်း

ကျောင်းတော်ကို ၁၉၂၉ တွင် ဇင်ဗုဒ္ဓဘာသာ ဆိုးတိုးကျောင်းတော်က စတင်တည်ဆောက်ခဲ့သည်။ ရုပ်ပွားတော်၏ ပုံစံအကြမ်းသည် ၁၉၃၄ တွင် ပြီးစီးခဲ့သည်။ သို့သော်လည်း ပစိဖိတ်စစ်ပွဲဖြစ်ပွားလာသည့်အခါတွင် လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။ အိုးဖုနရုပ်ပွားတော်အဖွဲ့သည် ၁၉၅၄ တွင် တည်ဆောက်မှုများကို စတင်ခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် အပြီးသတ်ပြီးဆုံးခဲ့သည်။ ရုပ်ပွားတော်တည်ဆောက်ရာတွင် ကွန်ကရစ်ဖျော်သည့် အလုပ်ကို လူ့လုပ်အားဖြင့်သာ လုပ်ထားသည်။ ကွန်ကရစ်ဖျော်သည့်ထရပ်ကားများကို အသုံးပြုခြင်း မရှိပေ။ ရုပ်ပွားတော်၏ အပြင်ဘက်ကို အဖြူရောင်ဆေး သုတ်လိမ်းထားသည်။ ရုပ်ပွားတော်တွင် ပြတိုက်ငယ်တစ်ခုနှင့် ဝတ်ပြုရာနေရာတစ်ခု ပါဝင်ပြီး ၎င်းတို့နှစ်ခုစလုံးကို ကြည့်ရှုနိုင်ရန် ပြသထားသည်။

ရုပ်ပွားတော်တည်ဆောက်ရာတွင် ကျောက်များကို နာဂါဆာကီနှင့် ဟီရိုရှီးမားရှိ နျူကလီးယားဗုံးပေါက်ကွဲခဲ့သည့်နေရာမှ ကျောက်များဖြင့် ပြုလုပ်ထားသည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ဆုံးပါးခဲ့သူများအား အမှတ်တရဖြစ်စေရန် ဖြစ်သည်။ ဟီရိုရှီးမားရှိ ဗုံးပေါက်ကွဲမှုကြောင့် မှိုပွင့်ပုံစံလောင်ကျွမ်းမှုဖြစ်ပေါ်လာခဲ့သည်။

ရောက်ရှိနိုင်မှု

ပြင်ပလင့်များ

ကိုးကား