ရဟန်းခံခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဥ ဉ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၄ -
၆။ သမ္မုတိရ သံဃာတော်ကပင် ရဟန်းလောင်းအား မေးစိစစ်ရ၏၊ ရဟန်းဖြစ်ထိုက်သော အင်္ဂါနှင့် ညီညွတ်သူကိုသာ ရဟန်းခံပေးနိုင်၍ ရဟန်းဖြစ်ထိုက်သော အင်္ဂါနှင့် ညီမညီ သိရှိနိုင်ရန် မေးစိစစ်ရခြင်း ဖြစ်သည်။<br />
 
၇။ သံဃာတော်များက ဥတ္တိစတုတ္ထ ကမ္မဝါစာကို ရွတ်ဖတ်ကြရ၏၊ ဤဥတ္တိစတုတ္ထ ကမ္မဝါစာသည် ရဟန်းအဖြစ်၌ အချုပ်အခြာ ပဓာနဖြစ်၏၊ ရွတ်ဖတ်ရာ၌ များသောအားဖြင့် တကြိမ် သုံးပါးနှုန်းဖြင့်၊ အမြဲနေမည့်ရဟန်း ဖြစ်လျှင် အနည်းဆုံး သုံးကြိမ်လောက် ရွတ်ဖတ်လေ့ရှိကြသည်။ ပထမအကြိမ်ကပင် နည်းလမ်းတကျ ရွတ်ဖတ်နိုင်လျှင် ထိုပထမအကြိမ် ကမ္မဝါစာအဆုံးမှာပင် ရဟန်းဖြစ်တော့၏။ တကြိမ်တည်းဖြင့် စိတ်မချရ၍၎င်း၊စိတ်မချရ၍လည်းကောင်း၊ ပိုမိုခိုင်မြဲစေလို၍၎င်းပိုမိုခိုင်မြဲစေလို၍လည်းကောင်း အကြိမ်ကြိမ် ဖတ်ခြင်းဖြစ်သည်။<br />
 
ရဟန်းဖြစ်သည်နှင့်တပြိုင်နက် ရဟန်းသစ် သန္တာန်၌ လူတို့၏ သီလသိက္ခာထက် သာလွန်မြင့်မြတ်သော အဓိသီလသိက္ခာ တည်သွားသည်။ ရှောင်ကြဥ်လိုက်နာဖွယ် သိက္ခာအကျဥ်း(၂၂၇)သွယ်၊ အကျယ်ကုဋေကိုးထောင်ကျော် ရဟန်းကျင့်ဝတ် သိက္ခာပုဒ်များလည်း ရောက်လာတော့၏။ ထိုသိက္ခာပုဒ်များတည်းဟူသော ဥပဒေဘောင်အတွင်းက နေထိုင်ခြင်းဖြင့် ရဟန်းဘဝကို ရှင်သန်စေရ၏။