ပါရဂူ (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၁ -
 
== ကိုယ်ရေးဖြစ်စဉ် ==
 
ဆရာ ပါရဂူသည် သန္ဗံသနော့ရွာ မူလတန်း ကျောင်း၌ စတုတ္ထတန်း အထိ ပညာ သင်ကြား ခဲ့သည်။ ၁၂ နှစ်သား အရွယ်တွင် သန္ဗံသနော့ ဘုန်းတော်ကြီး ကျောင်း၌ ကိုယ်ရင် ဝတ်သည်။ ဘွဲ့အမည်မှာ ရှင်ပုဏ္ဍရိက ဖြစ်သည်။ ၁၄ နှစ် အရွယ်တွင် ဟင်္သာတမြို့ မြစ်ကွေး ကျောင်းတိုက်၌ ပညာ သင်သည်။ ရှင်ပုဏ္ဍရိက ဘွဲ့အမည်ကို ရှင်ပါရဂူဘွဲ့ အမည် ပြောင်းသည်။ ၁၅ နှစ် အရွယ်တွင် သန်လျင် မြို့နယ် လဟာရက်ရွာ ပထမပြန် စာသင်တိုက်မှ အစိုးရ ပထမပြန် စာမေးပွဲ ပထမငယ်တန်း အောင်မြင်သည်။ ၁၆ နှစ် အရွယ်တွင် ပထမလတ်တန်း၊ ၁၇ နှစ် အရွယ်တွင် ပထမကြီးတန်း တို့ကို အောင်မြင်သည်။ ထိုနှစ်က ဟံသာဝတီ တခရိုင်လုံး ပထမကြီး နှစ်ပါးတည်း အောင်မြင်ရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။ ပထမပြန် စာမေးပွဲ သမိုင်း၌ ထိုနှစ် ထိုအချိန်ထိ ၁၇ နှစ်နှင့် ပထမကြီး အောင်မြင်သူ နှစ်ပါး တည်းသာ ရှိရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။
 
Line ၃၈ ⟶ ၃၇:
 
 
၁၉၄၂ ခုနှစ်တွင် မြစ်ကွေ့ ကျောင်းတိုက် စတုတ္ထ ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အရာထားပြီး ဘကြီးတော်သူ ဦးဘိုးသီ၊ ဒေါ်စောလေး တို့က ရဟန်း ဒါယကာ ပြုလျက် ဥပသမ္ပ ကံဆောင် ပဥ္စင်း အဖြစ် ရောက်ရှိ ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် သန်လျင်မြို့ ဂျပန် စာသင်ကျောင်း (ယခင် စိန်ဂျောဂျက်) ၌ ဂျပန်စာ နှစ်နှစ် သင်သည်။ မြန်မာ တနိုင်ငံလုံးရှိ ဂျပန် စာသင် ကျောင်းများ အတွက် ထုတ်ဝေသော ဂျပန် စာစောင်၌ ဂျပန်ဘာသာ ဆောင်းပါး ရေးသည်။
 
 
Line ၄၇ ⟶ ၄၆:
 
 
၁၉၆၃ မှ ၁၉၆၅ အထိ မြန်မာနိုင်ငံ စာရေး ဆရာ သမဂ္ဂ အသင်း အမှုဆောင်၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း အမှုဆောင်၊ ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာ ကော်မရှင် အဖွဲ့ အဖွဲ့ဝင် တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကောလိပ်နှင့် တက္ကသိုလ် များ၏ အရှေ့တိုင်း စာပေ သင်ကြားရေး အဖွဲ့ အဖွဲ့ဝင် အဖြစ် စတင် ဆောင်ရွက်သည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသော အာဂျ် အာဂ်ျ(AJ) နေ့စဉ် သတင်းစာတွင် ပါရဂူ အမည်ဖြင့် ဗာရာမာကီကျိတ္တိ (မြန်မာပြည်မှ ပေးစာများ) ရေးသော ပင်တိုင် ဆောင်းပါးရှင် ဖြစ်သည်။ ကရာချိမှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော ယူနက်စကို နယူးစ်လက်တားတွင် လှကြိုင် အမည်ဖြင့် မြန်မာနိုင်ငံ စာပေ ယဉ်ကျေးမှု သတင်း ဆောင်းပါးများ ရေးသည်။
 
 
၁၉၈၆ တွင် ဂေါရီ စာအုပ်ဖြင့် ၁၉၈၆ ခုနှစ် အမျိုးသား စာပေ ဘာသာပြန်ဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာပြည် တဂိုး အသင်းတဂိုးအသင်း ဥက္ကဋ္ဌ၊ မြန်မာပြည် ဟိန္ဒီ အသင်းဟိန္ဒီအသင်း ဥက္ကဋ္ဌ၊ ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ် ပညာရေး အဖွဲ့ အဖွဲ့ဝင်၊ အပြည်ပြည် ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာ အဖွဲ့ (ဓမ္မ ဇောတိဓမ္မဇောတိ) အမှုဆောင်၊ မင်္ဂလာဗျူဟာ ပရဟိတ အဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင် ခဲ့သည်။
 
 
Line ၅၈ ⟶ ၅၇:
၂ဝဝ၁ ခုနှစ်၊ ပခုက္ကူ ဦးအုန်းဖေ၏ တသက်တာ စာပေဆု ချီးမြှင့်ခြင်း ခံရသည်။ ဆရာ ပါရဂူသည် ၂ဝဝ၁ ခုနှစ် အသက် (၈ဝ) ပြည့်ချိန်တွင် လုံးချင်း စာအုပ် ၁ဝဝ အထိ ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် ယခုအခါ အမှတ် ၃၊ ငါးထပ်ကြီး ဘုရားလမ်း ဗဟန်း မြို့နယ်တွင် နေထိုင်လျက် ရှိသည်။ <ref>ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)</ref>
 
== ပါရဂူ ရေးသား ထုတ်ဝေ ခဲ့သောထုတ်ဝေခဲ့သော စာအုပ်များ ==
 
 
# ကဗျာဆရာ၏ အသိုက် - ၂ဝဝဝ ပြည့်နှစ်
# ကာဓမ္ဗရီနှင့် အခြား ဝတ္ထုများ
Line ၁၀၀ ⟶ ၉၇:
# နေရူး၏ သမီးထံ ပေးစာ
# နိုင်ငံရေး ဒဿန
# [[နိဗ္ဗာန်]] - ၁၉၆၉ ခုနှစ်
# နှစ်ဆယ့်နှစ်ရာစု
# ပရကထာ (တစေ့တစောင်း စာရေး ဆရာများ အကြောင်း) - ၁၉၈၉ ခုနှစ်