အနုပညာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး +cleanup
စာကြောင်း ၁ -
{{cleanup|date=30 Jul 2021}}
[[]]==အနုပညာ==
လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ဟပ်ပြနိုင်သော အနုပညာသည် အဘယ်နည်း။ အနုပညာဟူသည် လူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး ဖြစ်သည်။ လူ၏ စေတနာကို လှုံ့ဆော် နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ အနုပညာသည် လူ၏ စေတနာ အလျောက် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသောပညာ ဖြစ်၍ အနုပညာ၏ အစွမ်းကြောင့် အနုပညာကို ခံစားရသူ၌ [[ရသ]] ဖြစ်ပေါ်ရသည်။ ထိုကြောင့် အနုပညာကို ရသပညာဟုလည်း ခေါ်လေသည်။ အနုပညာရသဟူသည်မှာ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်သက်ခြင်း၊ ကရုဏာဖြစ်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ တည်ငြိမ်ခြင်းတည်းဟူသော အလင်္ကာကျမ်းများအလာ စိတ်အရသာ ကိုးပါးအနက် တစ်ပါးပါးကို ခံစားရမှု ဖြစ်ပေသည်။ မျက်မှောက်ခေတ် စိတ္တဗေဒေ ပညာရှင်တို့၏ အလိုအရမူ စိတ်အရသာ၊ (သို့) လှုပ်ရှားမှု (၁၄) မျိုးရှိသည်ဟု သိရပေသည်။ အနုပညာကို တစ်နည်းအားဖြင့် ဆိုရသော ခံစားမှုကို တင်ပြသော ပညာရပ်မျိုးဟူ၍ ဖြစ်သည်။ သိပ္ပံပညာသည် [[အကြောင်းတရား]]ကို သရုပ်ခွဲပြသည်။ အနုပညာကမူ [[အကျိုးတရား]]၊ (သို့) စိတ်လှုပ်ရှားမှုအတွက် ခံစားမှုကို ဖွဲ့ပြသည်။ စေတနာကို လှုံ့ဆော်သော စိတ်ဘဝင်၌ ခံစားမှုကို ဖွဲ့ပြသော အနုပညာရပ်တွင် [[ပန်းချီ]]၊ [[ပန်းပု]]၊ [[ဗိသုကာ]]၊ [[သဘင်ပညာ]]နှင့် [[အနုစာပေ]]တို့သည် အဓိကအားဖြင့် ပါဝင်ကြသည်။