အင်္ဂလိပ်စာပေ: တည်းဖြတ်မှု မူကွဲများ

ကိုယ် အသုံးမကျ၊ အသံအမှားရေးမိ (အသံထွက်ပြင်ဆင်)
အရေးမကြီး cleanup
စာကြောင်း ၁ -
[[File:Beowulf.firstpage.jpeg|thumb|ဘိုးဝုဖ် ကဗျာလင်္ကာရှည်မှ ပထမဆုံး စာမျက်နှာ]]
'''အင်္ဂလိပ်စာပေ''' ({{lang-en|'''English Literature'}}) ဆိုသည်မှာ [[အင်္ဂလိပ်ဘာသာစကား]]ကို အသုံးပြု၍ ရေးသားသော စာများဖြစ်သည်။ အင်္ဂလန်နိုင်ငံမှသာမက [[စကော့တလန်]]၊ [[ဝေလနိုင်ငံ|ဝေလ]]၊ [[အိုင်ယာလန်]]၊ [[အမေရိကန်ပြည်ထောင်စု]] အပါအဝင် ယခင်ဗြိတိသျှအင်ပါယာအဖွဲ့ဝင်နိုင်ငံများ၊ အခြားဗြိတိသျှလက်အောက်ခံနိုင်ငံများမှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာများအားလုံးပါဝင်သည်။
 
အင်္ဂလိပ်ဘာသာစကားဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၁,၄၀၀ ကျော်ရှိပြီဖြစ်၏ ။<ref>{{cite web|title=How the English Language has evolved through history |url=http://www.childrensuniversity.manchester.ac.uk/interactives/languages/words/timeline/|website=childrensuniversity.manchester.ac.uk/|publisher=Manchester University}}</ref> အန်ဂလို-ဖရှီးရှန် (Anglo-Frisian){{efn|Frisian သည် ဂျာမန်နစ်နွယ် ဘာသာစကားတစ်ခုဖြစ်၍ အင်္ဂလိပ်၊ ဒတ်ချ်ဘာသာစကားများနှင့် နီးကပ်မှုရှိကာ ယခုအခါ၌ ဤဘာသာစကားပြောသူဦးရေ လေးသိန်းပင် မပြည့်တော့ပေ။ ဖရီးဇီယန်၊ ဖရီးရှန်၊ ဖရစ်ရှန် ဟူ၍ အနီးစပ်ဆုံး အသံထွက်နိုင်သည်။ "ရှန်" ကိုထွက်ရ၌ Leisure မှ "ရှား" ကဲ့သို့ သံပြင်းဖြင့် ထွက်ရှိရသည်။<ref>Oxford English Dictionary</ref>}} ဒေသယိစကားများမှ အခွဲဖြစ်သော အစောဆုံး အင်္ဂလိပ်ဘာသာစကားပုံစံများကို ဂရိတ်ဗြိတိန်ကျွန်းဆီသို့ အန်ဂလို-ဆက်ဆန် ကျူးကျော်သူများက အေဒီ ငါးရာစုတွင် ယူဆောင်လာခဲ့ကြသည်။ ဤပုံစံကိုပင် ရှေးဟောင်းအင်္ဂလိပ်စာ (Old English) ဟူ၍ ခေါ်ဆိုကြသည်။ ဘေးယာဝုဖ် (Beowulf) စာပေသည် ရှေးဟောင်းအင်္ဂလိပ်စာဖြင့်ရေးသားထားသမျှ၌ အကျော်ကြားဆုံး လက်ရာတစ်ခုဖြစ်ပြီး ကဗျာကို စကန်ဒီနေးဗီးယား၌ အခြေတည်၍ ဖွဲ့ဆိုသီကုံးထားသော်လည်း အင်္ဂလန်နိုင်ငံတွင် အမျိုးသားအဆင့် မော်ကွန်းဝင်သော ကဗျာလင်္ကာရှည်တစ်ခုလည်းဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အင်္ဂလန်ကို နော်မန်လူမျိုးများ ၁၀၆၆ ၌ သိမ်းပိုက်ခဲ့ပြီးနောက် အန်ဂလို-ဆက်ဆန် ဘာသာစကား၏ အရေးအသားသည် လျော့နည်းလာခဲ့၏ ။ ထို၌ အသစ်ဖြစ်လာသော အထက်တန်းလွှာတို့၏ လွှမ်းမိုးမှုများကြောင့် [[ပြင်သစ်ဘာသာစကား]] သည် ရုံးကနား၊ လွှတ်တော်နှင့် ယဉ်ကျေးသောလူမှုအဖွဲ့အစည်းတို့၏ စံစကားဖြစ်လာခဲ့လေသည်။<ref name="Baugh 2002. pp. 79">Baugh, Albert and Cable, Thomas. 2002. ''The History of the English Language''. Upper Saddle River, New Jersey: Prentice Hall. pp. 79–81.</ref> နော်မန်များရောက်လာပြီးနောက် ဖြစ်ပေါ်ခဲ့သော အင်္ဂလိပ်ဘာသာစကားကို အလယ်ခေတ်အင်္ဂလိပ်ဘာသာစကား (Middle English) ဟူ၍ ခေါ်ဆိုသည်။