သံစုံတီးဝိုင်းကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{unreferenced|date=30 Jul 2021}}
[[File:Dohnanyi Orchestra Budafok.JPG|thumb|450 px| Dohnanyi အော်ခက်စထရာမှ တီးမှုတ်ဖျော်ဖြေနေစဉ်။ တီးဝိုင်းခေါင်းဆောင်၏ ညာဖက်တွင် ဒုတိယ တယောရှိပြီး ဒယ်ဘယ်ဘေ့စ်များမှာ အနောက်ဖက်တွင် ရှိသည်။]]
သံစုံတီးဝိုင်းကြီး သို့ အော်ခက်စထရာ ဆိုသည်မှာ ဂီတပညာရှင်များ တူရိယာများကို အတူတကွ တီးမှုတ်သည့် တီးဝိုင်းကြီးကို ခေါ်ခြင်းဖြစ်သည်။ သူတို့သည် ဂန္ထဝင်တေးဂီတများကို အစဉ်သဖြင့် တီးမှုတ်လေ့ ရှိကြသည်။ ကြီးမားသော သံစုံတီးဝိုင်းကြီးများကို ဆင်ဖိုနီ အော်ခက်စထရာဟု ခေါ်လေ့ ရှိကြပြီး အရွယ်အစားငယ်သော တီးဝိုင်းကြီးများကိုမူ ချိန်ဘာ အော်ခက်စထရာဟု ခေါ်ဆိုလေ့ ရှိကြသည်။ ဆင်ဖိုနီ အော်ခက်စထရာတွင် တီးမှုတ်သူ ၁၀၀ ခန့် ပါဝင်ပြီး ချိန်ဘာ အော်ခက်စထရာများတွင်မူ တီးမှုတ်သူ ၃၀ မှ ၄၀ ခန့်အထိ ပါဝင်သည်။ တီးမှုတ်သူ အရေအတွက်မှာ သူတို့ မည်သည့် ဂီတ အမျိုးအစားကို တီးမှုတ်သည် ဆိုသော အချက်နှင့် မည်သည့်နေရာတွင် တီးမှုတ်သည် ဆိုသော အချက်ပေါ်တွင် မူတည်သည်။ အော်ခက်စထရာ ဆိုသော စကားလုံး၏ မူရင်းမှာ ဂရိခေတ် ပြဇာတ်ရုံများတွင် ရှိသော ပြဇာတ်ခုံ ရှေ့ရှိ စက်ဝိုင်းခြမ်း ပုံသဏ္ဌန် နေရာကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုနေရာတွင် အဆိုတော်များနှင့် တူရိယာပညာရှင်များက သီဆိုဖျော်ဖြေလေ့ ရှိကြသည်။ တဖြည်းဖြည်းနှင့် ထိုစကားလုံး၏ အဓိပ္ပာယ်မှာ တူရိယာပညာရှင်များကို ရည်ညွှန်းသည့် စကားလုံး ဖြစ်လာသည်။