ကခုန်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
အရေးမကြီး +unreferenced
စာကြောင်း ၁ -
{{unreferenced|date=30 Jul 2021}}
 
'''ကခုန်ခြင်း'''ဆိုသည်မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို အချက်ကျကျ လှုပ်ရှားခြင်းဖြစ်၍ ထိုသို့ လှုပ်ရှားမှုတွင် သဘော၊ သရုပ်၊ အဓိပ္ပါယ် အမျိုးမျိုးပါရှိလေသည်။ ကခုန်သည့်အခါ တေးသီချင်းများကို သီဆိုပြီးလျှင် လက်ခုပ်လက်ဝါးတီး၍ စည်းချက်လိုက်ပေးရသည်။ သို့မဟုတ် တူရိယာဂီတများ တီးမှုတ်ပေးရသည်။ အချို့သော ရှေးခေတ် အကအခုန်တို့တွင် ခေါင်း၊ ခြေထောက်၊ ကျော၊ ခါး၊ လက်မောင်း၊ လက်ချောင်း စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း အားလုံးကို လှုပ်ရှား၍ တပင်တပန်း လိမ်ကောက်ခုန်ပေါက်ကကြရ၏။ အချို့သော အကများတွင်ကား ခြေလက်များကို လှုပ်သည်ဆိုရုံမျှ လှုပ်ရလေသည်။ ရှေးခေတ် ကခုန်ခြင်းတို့တွင် ကြည့်သူနှစ်သက်မှုရရန်ထက် ကသူပျော်ရွှင်ကျေနပ်မှုရရန် ပို၍ အဓိကကျသည်။