ရိန်းဟာ့ ဟိုင်းဒြစ်: တည်းဖြတ်မှု မူကွဲများ

"'''ရိန်းဟာ့ ထရစ္စတန် အွိုင်ဂန် ဟိုင်းဒြစ်''' (၁၉၀၄ မတ် ၇ - ၁၉၄၂ ဇွန် ၄) သည် ဂျာမန် စစ်ဘက်ထောက်လှမ်းရေးအဖွဲ့၏ အဆင့်မြင့်အရာရှိဖြစ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၀:၄၆၊ ၃၁ ဇူလိုင် ၂၀၂၁ ရက်နေ့က မူ

ရိန်းဟာ့ ထရစ္စတန် အွိုင်ဂန် ဟိုင်းဒြစ် (၁၉၀၄ မတ် ၇ - ၁၉၄၂ ဇွန် ၄) သည် ဂျာမန် စစ်ဘက်ထောက်လှမ်းရေးအဖွဲ့၏ အဆင့်မြင့်အရာရှိဖြစ်ပြီး နာဇီတို့ အားကောင်းချိန်၌ ရဲအရာရှိအဖြစ်၎င်း၊ မျိုးဖြုတ်ပွဲ၏ ဦးဆောင်သူအဖြစ်၎င်း ဆောင်ရွက်သည်။ (ဂတ်စတာပို၊ စရစ်ပိုနှင့် စစ်ဘက်ထောက်လှမ်းရေး တို့ကို ညွှန်ကြားသည့်) နိုင်ငံတော်လုံခြုံရေးပင်မရုံး၏ အကြီးအကဲလည်း ဖြစ်သည်။ ဘိုဟီးမီးယားနှင့် မော်ရေးဗီးယားတို့၏ ယာယီအုပ်ချုပ်သူအဖြစ်လည်း ထမ်းဆောင်သည်။

သမိုင်းဆရာများက ဟိုင်းဒြစ်ကို နာဇီခေတ်၏ လူဆိုးကြီးအဖြစ် သရုပ်ဖေါ်ကြသည်။ [၁] အဒေါ့ဟစ်တလာက ဟိုင်းဒြစ်ကို "သံမဏိနှလုံးသားရှင်" ဟု ဖေါ်ပြရေးသားဖူးသည်။ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ကို တည်ထောင်ကာ ဦးစီးခဲ့သူဖြစ်ပြီး နာဇီပါတီအား ဆန့်ကျင်သူများကို ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်သည်။ မုန်တိုင်းတပ်သားတို့ကို သုံးကာ နာဇီဂျာမနီနှင့် ဩစထရီးယားတို့ရှိ ဂျူးများကို အကွက်ချတိုက်ခိုက်ခြင်းများလည်း လုပ်ခဲ့သည်။

ကိုးကား

  1. Dederichs, Mario R. (2009) [2005]. Heydrich: The Face of Evil. Drexel Hill, PA: Casemate.