အော်စကာ ဝိုင်းလ်ဒ်: တည်းဖြတ်မှု မူကွဲများ

tr. from en:Oscar Wilde
(ကွဲပြားမှု မရှိ)

၁၉:၀၂၊ ၃၁ ဇူလိုင် ၂၀၂၁ ရက်နေ့က မူ

အော်စကာ ဖင်ဂယ်လ် အို'ဖလာဟာတီး ဝီလ်စ် ဝိုင်းလ်ဒ် (အင်္ဂလိပ်: Oscar Fingal O'Flahertie Wills Wilde) သည် အိုင်းရစ် ကဗျာဆရာ၊ ပြဇာတ်ဆရာတစ်ဦးဖြစ်၍ ၁၈၈၀ နှစ်များဆီက ပုံစံအမျိုးမျိုးဖြင့် စာပေများကို ရေးသားခဲ့ပြီးနောက် ၁၈၉၀ အစောပိုင်းနှစ်များတွင် လန်ဒန်မြို့ရှိ နာမည်အကျော်ကြားဆုံး ပြဇာတ်ဆရာများထဲက တစ်ဦးဖြစ်လာခဲ့သည်။ အော်စကာကို ၎င်း၏ စာတိုပတ်စ၊ ကဗျာတိုများ၊ ဒေါရီယန်ဂရေး၏ ပန်ချီကား (The Picture of Dorian Gray) လုံးချင်းဝတ္ထုတို့ကြောင့် ၎င်းကိုအမှတ်တရရှိကြသည့်အပြင် (နှစ်ဦး (သို့) အများသဘောတူ) လိင်တူဆက်ဆံခြင်းအတွက် ဆိုးရွားသည့်မဖွယ်မရာဆောင်ရွက်သည်ဆိုကာ စွဲချက်တင်ခံရခြင်းကြောင့် ပထမဆုံး တရားစီရင်ခံရသည့် နာမည်ကျော်ပုဂ္ဂိုလ်များထဲက တစ်ဦးဖြစ်ကာ[၁] ထောင်ကျခြင်း၊ အသက် (၄၆) နှစ်အရွယ် ဦးနှောက်အမှေးရောင်ရောဂါဖြင့် ငယ်ငယ်ရွယ်ရွယ်၌ တိမ်းပါးသွားခြင်းတို့ကြောင့်လည်း အမှတ်တရရှိကြလေသည်။

အော်စကာ ဝိုင်းလ်ဒ်
Oscar Wilde
Wilde in 1882
မွေးဖွားအော်စကာ ဖင်ဂယ်လ် တမ်းပလိတ်:Nowr
(1854-10-16)၁၆ အောက်တိုဘာ၊ ၁၈၅၄
အိုင်ယာလန်၊ ဒဘလင်
ကွယ်လွန်၃၀ နိုဝင်ဘာ၊ ၁၉၀၀(1900-11-30) (အသက် ၄၆)
ပြင်သစ်၊ ပဲရစ်မြို့၊ ဆန့်-ဂျာမဲန်-ဒီ-ပရီး အရပ်၊ ဒီ'အာလ်ဇာ့စ် ဟိုတယ်။
Buried
အလုပ်အကိုင်
  • Author
  • poet
  • playwright
ဘာသာစကားအင်္ဂလိပ်၊ ပြင်သစ်၊ ဂရိ
နိုင်ငံလူမျိုးအိုင်းရစ်
ပညာရေးပေါ်တိုရာ တော်ဝင်ကျောင်း
မိခင်ကျောင်း
  • ထရင်နတီကောလိပ်၊ ဒဘလင်
  • အောက်စဖို့၊ မာ့ဂ်ဒါလင်ကောလိပ်
ကာလဝိတိုရိယခေတ်
စာပေအမျိုးအစားစာတိုကဗျာတို၊ ပြဇာတ်၊ ဝတ္ထုတို၊ ဝေဖန်ရေး၊ သတင်းပညာရပ်
စာပေလှုပ်ရှားမှု
  • Aesthetic Movement
  • Decadent movement
ထင်ရှားသည့်လက်ရာများ
  • The Picture of Dorian Gray
  • The Importance of Being Earnest
အိမ်ထောင်ဖက်Constance Lloyd (လက်ထပ် 1884; died 1898)
သားသမီး
  • Cyril Holland
  • Vyvyan Holland
ဆွေမျိုးသားချင်း
  • Willie Wilde (ညီအကို)
  • Merlin Holland (မြေး)
မိဘ
  • Sir William Wilde
  • Lady Jane Wilde

လက်မှတ်

ဝိုင်းလ်ဒ်၏ မိဘများသည် ဒဘလင်မြို့မှ အင်္ဂလိပ်-အိုင်းရစ်မး ပညာတတ်များဖြစ်ကြပြီး ငယ်ရွယ်စဉ်ကပင် ပြင်သစ်၊ ဂျာမန်စကားများကို နိုင်နိုင်နင်းနင်း ပြေတတ်စေရန် လေ့ကျင့်သင်ကြားခဲ့သည်။ တက္ကသိုလ်တွင် ဝိုင်းလ်ဒ်က ဂန္ထဝင်ဘာသာရပ်နှင့် ဒဿနိကဗေဒတွဲစပ် ဘာသာကို ယူသည်။ ပထမဆုံး ထရင်နတီကောလိပ်၊ ထို့နောက် အောက်စဖို့တက္ကသိုလ်၏ မာ့ဂ်ဒါလင်ကောလိပ်တွင် ပညာသင်ယူခဲ့၍ သူ့ကိုယ်သူ ထူးခြားသော ဂန္ထဝင်ပညာရှင်ဟု လက်တွေ့ပြသခဲ့သည်။ ၎င်း၏ သရုပ်ပြဆရာနှစ်ဦးဖြစ်သော ဝေါလ်တာ ပါတာ (Walter Pater) နှင့် ဂျွန် ရာ့စ်ကင် (Ruskin) တို့ဦးဆောင်လမ်းပြမှုဖြင့် အနုသုခုမ/ရသပညာရပ်၏ ထင်ရှားသော ဒဿနဆိုင်ရာတို့နှင့် ပတ်သက်လာမိသည်။ တက္ကသိုလ်ပြီးနောက် ဝိြင်းလ်ဒ်သည် လန်ဒန်သို့ပြောင်း၍ ဖက်ရှင်ယဉ်ကျေးမှု လူမှုအသိုင်းဝိုင်းများကြား ကျင်လည်ခဲ့သည်။

ကိုးကား