အော်စကာ ဝိုင်းလ်ဒ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး correct time (not for a particular exact year)
more (too long to write the whole, shortened the section)→‎အစောပိုင်းဘဝ
စာကြောင်း ၇၁ -
ပေါ့ပါးစွာနဲ့ လှမ်းလာတော့ သူလေအနီးမှာ
နှင်းမြူတို့ စွင့်လို့လွှမ်း
ညင်သာစွာနဲ့ သူ့အပြောပြောလာတော့ သူလေကြားနိုင်တာ
ဒေစီပန်းတို့ ပွင့်လို့လန်း
</poem>
|}
 
== တက္ကသိုလ်ပညာရေး: ၁၈၇၀ နှစ်များ ==
=== ဒဘလင်၊ ထရင်နတီကောလိပ် ===
ပေါ်တိုရာကျောင်းမှ ပညာသင်ဆုနှင့်အတူ ထွက်ခွာခဲ့၍ ထရင်နတီကောလိပ်ကို အကိုဖြစ်သူနှင့် အဆောင်အခန်းအတူနေကာ ၁၈၇၁ မှ ၁၈၇၄ အထိ တက်ရောက်ခဲ့သည်။{{sfn|Ellmann|1988|p=25}} ထရင်နတီသည်ဂန္ထဝင်ဘာသာရပ်၌ ဦးဆောင်ကျောင်းတစ်ကျောင်းဖြစ်ပြီး နာမည်ကျော်ဆရာများထံတွင် ဝိုင်းလ်ဒ်သည် ပညာဆည်းပူးခွင့်ကြုံသည်။ ပါမောက္ခ ဂျေပီ မဟာဖီသည် ၎င်း၏ ဆရာဖြစ်ကာ ၎င်းအပေါ် ဂရိစာပေစိတ်ဝင်စားမှုကို စေ့ဆော်ပေးနိုင်ခဲ့သည်။ မဟာဖီကို နောင်ကာလ၌ သံသယများရှိသော်လည်း သူ၏ ပထမဆုံးနှင့် အတော်ဆုံးဆရာဟု ဆိုခဲ့သည်။{{sfn|Ellmann|1988|p=26}} မဟာဖီကလည်း ဝိုင်းလ်ဒ်ကို သူဖန်တီးခဲ့သည်ဟု ဝါကြွားဖူးသည်။ နောက်ပိုင်းတွင် ဝိုင်းလ်ဒ်နှင့်ပတ်သက်ပြီး "ကျွန်တော် စာသင်ပြမှုတစ်လျှောက်မှာ သူက တစ်ခုတည်းသော အမည်းစက်ပါ။" ဟု ဆိုလေသည်။{{sfn|Ellmann|1988|p=27}}
 
ထရင်နတီတွင် ထူးချွန်သောကျောင်းသားတစ်ယောက်အဖြစ် သက်သေထူနိုင်ခဲ့ရာ ပထမနှစ်၌ ပထမဆု၊ ဒုတိယနှစ်၌ ပညာသင်ဆု၊ နောက်ဆုံးနှစ်များ၌ ကောလိပ်၏ အမြင့်ဆုံးပညာရေးဆုဖြစ်သော ဘားကလီ ရွှေတံဆိပ် (ဂရိဘာသာဖြင့်) တို့ကို ရရှိခဲ့သည်။{{sfn|Sandulescu|1994|p=154}} အောက်စဖို့ဒ်၊ မာ့ဂ်ဒါလင်ကောလိပ်သို့ ပညာသင်ဆုကြေး {{Formatnum:{{Inflation|UK|95|1874|r=-2}}}} today) per year){{Inflation-fn|UK} အတွက်ပြိုင်ဆိုင်ခဲ့ရာ အလွယ်တကူပင် ရရှိခဲ့သည်။<ref>{{cite news |title=Oscar Wilde's money diary: how the Irish playwright lived in debt |url=https://www.telegraph.co.uk/personal-banking/current-accounts/oscar-wildes-money-diary-irish-playwright-lived-debt/ |access-date=26 August 2020 |work=The Telegraph}}</ref>
 
=== အောက်စဖို့ဒ်၊ မာ့ဂ်ဒါလင်ကောလိပ် ===
မာ့ဂ်ဒါလင်တွင် ဂန္ထဝင်ဘာသာရပ်နှင့် ဒဿနိကဗေဒတွဲစပ်ဘာသာ (Greats) ကို ယူ၍ [[အောက်စဖို့ဒ် သမဂ္ဂ]]သို့ ဝင်ရန်ကိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။{{sfn|Toughill|2008|pp=183-185}}
 
[[File:Oscar Wilde (1854-1900), by Hills & Saunders, Rugby & Oxford 3 april 1876.jpg|thumb|upright|alt=Oscar Wilde posing for a photograph, looking at the camera. He is wearing a checked suit and a bowler hat. His right foot is resting on a knee high bench, and his right hand, holding gloves, is on it. The left hand is in the pocket.|Oscar Wilde at Oxford]]
 
အောက်စဖို့ဒ်ရှိ ဖရီးမေဆန်အသင်းခွဲ အပေါလို မာဆောနစ်အသင်း၏ အဝတ်အစား၊ လျှို့ဝှက်မှု၊ ဓလေ့ထုံးစံတို့ကို နှစ်သက်၍ ဝင်ရောက်ခဲ့သည်။{{sfn|Ellmann|1988|p=39}} အောက်စဖို့ဒ်၌ ရှိစဉ်အချိန်သာ ထိုအသင်းတွင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့၍ နောက်ပိုင်း လစဉ် အသင်းဝင်ကြေးပေးရန် ပျက်ကွက်မှုကြောင့် သက်တမ်းလွန်ခဲ့သည်။<ref>{{cite web |url = http://www.freemasons-freemasonry.com/beresiner8.html |title=OSCAR WILDE A University Mason |publisher=PS Review of Freemasonry }}</ref>
 
ကတ်သလစ်သာသနာက ၎င်းကို နက်နက်နဲနဲ စွဲဆောင်နိုင်ခဲ့ရာ အထူးသဖြင့် ကတ်သလစ်တို့၏ ဘုရားဝတ်ပြုနည်းနာများဖြစ်ကာ ကတ်သလစ်သို့ ပြောင်းရန် ဘုန်းတော်ကြီးနှင့် တိုင်ပင်မှုမချို့ရှိခဲ့သည်။ ၁၈၇၇၊ ရောမ၌ ပုပ်ရဟန်းမင်းကြီး ပိယပ်စ်နှင့် တွေ့ဆုံရပြီးနောက် မှင်တက်မိခဲ့သည်။{{sfn|Ellmann|1988|p=70}} ကိုယ်ပိုင်မူဟန်ရှိသူပီပီ နောက်ဆုံးအချိန်၌ မည်သည့် တရားဝင်ဘာသာအယူဝါဒကိုမျှ လက်ခံကျင့်သုံးရန် ငြင်းဆန်ခဲ့သည်။ ရေဖျန်မင်္ဂလာပြုရန် ချိန်းဆိုနေ့၌လည်း ဖာသာ ဘိုဝမ်ကို ဘုရာူတင်ရန် လီလီပန်းတစ်ခိုင်သာ ပို့ပေးခဲ့သည်။ သို့ရာ၌ ဘဝတစ်လျှောက်လုံး ကတ်သလစ်ယုံကြည်မှု၊ ဝတ်ပြုမှုတို့ကိုကား ထိန်းသိမ်းစွဲကိုင်ခဲ့လေသည်။{{sfn|Sandulescu|1994|pp=375-376}}
 
မာ့ဂ်ဒါလင် ကောလိပ်၌ ဝိုင်းလ်ဒ်သည် အနုသုခုမ ရသ၊ စာရိတ္တဆုတ်ယုတ်လာမှုဆိုင်ရာ လှုပ်ရှားမှုတို့၌ ထင်ရှားလာခဲ့သည်။ ဆံပင်အရှည်ထား၍ ယောက်ျားဆန်သော အားကစားများကို အထင်မြင်သေးသည်။ သို့ရာ၌ သူကိုယ်တိုင် ရံခါတွင်ဘလက်ဝှေ့ကစားလေ့ရှိသည်။{{sfn|Ellmann|1988|p=39}} ၎င်းအခန်းကိုလည်း ပန်း၊ ငှက်မွှေး၊ အနုပညာပစ္စည်းများဖြင့် အလှဆင်တတ်သည်။{{sfn|Ellmann|1988|pp=43-44}} ၎င်းကို နှစ်သက်သူ၊ ဝေဖန်သုများလည်းရှိခဲ့၏ ။ တတိယနှစ်၌ သူ့ကိုယ်တိုင်သော်လည်းကောင်း သူ၏ ယုံတမ်းပြေစကားများသော်လည်းကောင်း အစစ်အမှန် ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ ၎င်း၏ လေ့လာထားမှုများသည် ပြဋ္ဌာန်းစာအုပ်များတွင် ဖော်ပြထားသည်ထက်ပို၍ ကျယ်ဝန်းသည်ဟု သတ်မှတ်သည်။ ထိုသဘောထားကြောင့်ပင် ဆရာမဟာဖီနှင့် ဂရိနိုင်ငံမှ ကျောင်းသို့ အလွန်နောက်ကျစွာ ပြန်ရောက်လာပြီးနောက် တစ်နှစ်ဆိုင်းငံ့ခံခဲ့ရသည်။{{sfn|Ellmann|1988|p=78}}
 
တတိယနှစ်မတိုင်မချင်း ဆရာ ဝေါလ်တာ ပါတာနှင့် မတွေ့ဆုံမိသေးပေ။ ထိုဆရာ၏ ''Studies in the History of the Renaissance'' စာအုပ်ကို နှစ်ခြိုက်ခဲ့ဖူးသည်။{{sfn|Ellmann|1988|p=46}} ထိုစာအုပ်ပါ အကြောင်းအရာမျာူကို အလွတ်ကျက်မှတ်၍ ၎င်း၏ နှောင်းပိုင်းနှစ်များ၌ သွားလေရာ သယ်ဆောင်သွားခဲ့သည်။ တဖန် ဝိုင်းလ်ဒ်သည် ဆရာ ရာ့စ်ကင်၏ ''The Aesthetic and Mathematic Schools of Art in Florence'' အကြောင်း ပို့ချမှုများကို ဝင်ပါဝင်စားစွာ တက်ရောက်ခဲ့၍ အနုသုခုမ/ရသ/အလှတရားဆိုသည်မှာ ပန်းချီတွင် သင်္ချာသဘောမပါသော ကြောင်းရာများအဖြစ် လေ့လာသိရှိခဲ့သည်။ ထို့အပြင် ဆရာရာ့စ်ကင်၏ ကျေးလက်တစ်ခုက စိမ့်မြေလမ်းကျဉ်လေးကို ပန်းများဖြင့် ဘေးနားတစ်လျှောက် အလှဆင်သော ခန့်ညားသည့် လမ်းအသွင်ဖြစ်ရေးလုပ်ငန်းတွင် ဦးဆောင်ပါဝင်ခဲ့သည်။{{sfn|Ellmann|1988|p=95}}အီတလီရှိ ရာဗန်နမြို့သို့ သွားရောက်ခဲ့ပြီး "ရာဗန်န" ကဗျာ ([[s:Ravenna|Ravenna]]) ရေးသားခြင်းအတွက် ၁၈၇၈ ၌ နယူးဒီဂိတ်ဆု (Newdigate Prize) ရရှိခဲ့ဖူးသည်။{{sfn|Ellmann|1988|p=93}} ၁၈၇၈ နိုဝင်ဘာတွင် ၎င်း၏ [[ဝိဇ္ဇာဘွဲ့|ဝိဇ္ဇာတန်း]]၊ ဂန္ထဝင်နှင့် ဒဿနိက၊ ရှေးဟောင်းသမိုင်းစသည့် တွဲစပ်ဘာသာရပ်၌ ပထမဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ဝိုင်းလ်ဒ်၏ သူငယ်ချင်းတစ်ဦးထံရေးစာမှာ "တက္ကသိုလ်ဆရာတွေက အံ့ဩလောက်အောင် တော်ကြပါပေရဲ့၊ ဒါပေမယ့် နောက်ဆုံးကျ လူဆိုးလေးတွေကပဲ အကောင်းဆုံးဖြစ်သွားတာပါပဲ။"{{sfn|Holland|Hart-Davis|2000|p=70}}{{sfn|Ellmann|1988|p=94}}
 
==မှတ်စု==