အော်စကာ ဝိုင်းလ်ဒ်: တည်းဖြတ်မှု မူကွဲများ

more (too long to write the whole, shortened the section)→‎အစောပိုင်းဘဝ
စာကြောင်း ၈၀ -
ပေါ်တိုရာကျောင်းမှ ပညာသင်ဆုနှင့်အတူ ထွက်ခွာခဲ့၍ ထရင်နတီကောလိပ်ကို အကိုဖြစ်သူနှင့် အဆောင်အခန်းအတူနေကာ ၁၈၇၁ မှ ၁၈၇၄ အထိ တက်ရောက်ခဲ့သည်။{{sfn|Ellmann|1988|p=25}} ထရင်နတီသည်ဂန္ထဝင်ဘာသာရပ်၌ ဦးဆောင်ကျောင်းတစ်ကျောင်းဖြစ်ပြီး နာမည်ကျော်ဆရာများထံတွင် ဝိုင်းလ်ဒ်သည် ပညာဆည်းပူးခွင့်ကြုံသည်။ ပါမောက္ခ ဂျေပီ မဟာဖီသည် ၎င်း၏ ဆရာဖြစ်ကာ ၎င်းအပေါ် ဂရိစာပေစိတ်ဝင်စားမှုကို စေ့ဆော်ပေးနိုင်ခဲ့သည်။ မဟာဖီကို နောင်ကာလ၌ သံသယများရှိသော်လည်း သူ၏ ပထမဆုံးနှင့် အတော်ဆုံးဆရာဟု ဆိုခဲ့သည်။{{sfn|Ellmann|1988|p=26}} မဟာဖီကလည်း ဝိုင်းလ်ဒ်ကို သူဖန်တီးခဲ့သည်ဟု ဝါကြွားဖူးသည်။ နောက်ပိုင်းတွင် ဝိုင်းလ်ဒ်နှင့်ပတ်သက်ပြီး "ကျွန်တော် စာသင်ပြမှုတစ်လျှောက်မှာ သူက တစ်ခုတည်းသော အမည်းစက်ပါ။" ဟု ဆိုလေသည်။{{sfn|Ellmann|1988|p=27}}
 
ထရင်နတီတွင် ထူးချွန်သောကျောင်းသားတစ်ယောက်အဖြစ် သက်သေထူနိုင်ခဲ့ရာ ပထမနှစ်၌ ပထမဆု၊ ဒုတိယနှစ်၌ ပညာသင်ဆု၊ နောက်ဆုံးနှစ်များ၌ ကောလိပ်၏ အမြင့်ဆုံးပညာရေးဆုဖြစ်သော ဘားကလီ ရွှေတံဆိပ် (ဂရိဘာသာဖြင့်) တို့ကို ရရှိခဲ့သည်။{{sfn|Sandulescu|1994|p=154}} အောက်စဖို့ဒ်၊ မာ့ဂ်ဒါလင်ကောလိပ်သို့ ပညာသင်ဆုကြေး {{Formatnum:{{Inflation|UK|95|1874|r=-2}}}} today) per year){{Inflation-fn|UK} အတွက်ပြိုင်ဆိုင်ခဲ့ရာ အလွယ်တကူပင် ရရှိခဲ့သည်။<ref>{{cite news |title=Oscar Wilde's money diary: how the Irish playwright lived in debt |url=https://www.telegraph.co.uk/personal-banking/current-accounts/oscar-wildes-money-diary-irish-playwright-lived-debt/ |access-date=26 August 2020 |work=The Telegraph}}</ref>
 
=== အောက်စဖို့ဒ်၊ မာ့ဂ်ဒါလင်ကောလိပ် ===