အောင်ဆန်းစုကြည်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀၅ -
[[Image:Michael aris.jpg|thumb|200px| ၁၉၇၂ ခုနှစ်တွင် မုလမင်မြို့၌ မိုက်ကယ်အဲရစ် နှင့် အောင်ဆန်းစုကြည်အားတွေ့ရစဉ်]]
 
ဘွဲ့ရပြီးနောက် ‘စု’ သည် လပိုင်းမျှ စာသင်ပို့ချခြင်းနှင့် သမိုင်းဆရာ ဟယူးတင်ကာဟျူး တင်ကာ (Hugh Tinker) နှင့်အတူ သုတေသနလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီးသောအခါ နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်သန်းအေးနှင့်အတူ နေထိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နယူးယောက်မြို့တွင် ဆက်လက်ပညာဆည်းပူးရန်ရောက်ရှိခဲ့သော်လည်း၊ ကုလသမဂ္ဂ၌ ဘဏ္ဏာရပ်ဆိုင်ရာဘဏ္ဍာရပ်ဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းကို သုံးနှစ်ကြာအောင် အမှုထမ်းခဲ့သည်။ လက်မထပ်ခင် ၈ လအတွင်း နယူးယောက်မှ ချစ်သူရှိသည့်နေရာ တိဗက်သို့ ပေးစာပေါင်း ၁၈၇ ခုတွင်လည်း၊ အကယ်၍ မိုက်ကယ် နှင့် လက်ထပ်ခဲ့လျှင်၊ မိမိသည် မြန်မာနိုင်ငံသို့ အလေးထားမှု လျှော့နည်းသွားနိုင်သည်ဟု မိသားစု နှင့် မြန်မာနိုင်ငံသားများမှ အထင်မှားခြင်းကို စိုးရိမ်မိကြောင်း အသိပေးခဲ့သည်။ မြန်မာပြည်သားများမှ သူ့ကိုလိုအပ်လာပါကလည်း၊ မိုက်ကယ်မှ သူ့အား အကူအညီဝိုင်းဝန်းပေးရန် တောင်းဆိုခဲ့သည်။ ဗြိတိန်နိုင်ငံသားအား လက်ထပ်ထားခြင်းကြောင့်၊ ဗြိတိန်နိုင်ငံသား လျှောက်ထားခွင့်ရှိသော်လည်း ဗြိတိန်နိုင်ငံသားခံယူခြင်းမရှိခဲ့ပေ။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှာ အိန္ဒိယနိုင်ငံ သံအမတ်ဖြစ်ခြင်းကြောင့်၊ သူမသည် သံတမန်အရာရှိများ ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်ကို ထိုအချိန်တွင် အသုံးပြုခဲ့သည်။
 
၁ ဇန်နဝါရီလ ၁၉၇၂ ခုနှစ်တွင် ဘူတန်နိုင်ငံတွင် မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယန၏ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာသမိုင်းအကြောင်း သုတေသီ [[Dr. Michael Viallancourt Aris|ဒေါက်တာမိုက်ကယ်အဲရစ်]] နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိမ်းမြားလက်ထပ်ခဲ့သည်။ လက်ထပ်ပြီး တစ်နှစ်အကြာတွင် သားဦးဖြစ်သူ [[မောင်မြင့်ဆန်းအောင်]]ကို လန်ဒန်၌ ဖွားမြင်ခဲ့ပြီးနောက်၊ ၁၉၇၂ မှ ၁၉၇၃ အထိ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ မှ ၁၉၇၇ ခုနှစ်အထိ အောက်စဖို့ဒ်တက္ကသိုလ် [[ဘော့ဒလီယန် စာကြည့်တိုက်]]၌ မြန်မာစာနှင့် ပေပရပိုက် ကစ်တလောက် ပြုစုသူပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၇ စက်တင်ဘာ ၂၄ တွင် ဒုတိယသားဖြစ်သူ [[မောင်ထိန်လင်း]]ကို ဖွားမြင်ခဲ့သည်။