အမေရိကန်ပြည်ထောင်စု ကာပီတယ်လ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:အမေရိကန်ပြည်ထောင်စုကို ပေါင်းထည့်ခဲ့သည်
အရေးမကြီးNo edit summary
စာကြောင်း ၂၀ -
}}
 
'''အမေရိကန်ပြည်ထောင်စု ကာပီတယ်လ်''' ({{lang-en|'''United States Capitol'''}}) သည် [[အမေရိကန်ပြည်ထောင်စု]]၊ [[ဝါရှင်တန်ဒီစီ]] မြို့တော်၏ အထင်ကရရှိဆုံးသောနေရာများထဲကတစ်ခုဖြစ်၍ နိုင်ငံ၏လွှတ်တော် တွေ့ဆုံစည်းဝေးရာ နေရာလည်းဖြစ်သည်။ ကာပီတယ်လ်အဆောက်အအုံ (Capitol Building) ဟုလည်း ခေါ်ဆိုကြသည်။ သမိုင်း၊ ယဉ်ကျေးမှုအရ အရေးအပါဆုံးနေရာတစ်ခုဖြစ်နိုင်ကာ ၁၈၀၀ ပြည့်နှစ်မှစ၍ ကွန်ဂရက် (လွှတ်တော်) တည်ရှိခဲ့သည်မှာ ယနေ့အထိဖြစ်သည်။၁၈၀၁ယနေ့အထိဖြစ်သည်။ ၁၈၀၁ တွင် [[သောမတ်စ် ဂျက်ဖာဆင်|တောမတ်စ် ဂျက်ဖာဆန်]] ယင်းအဆောက်အအုံ၌ ပထမဆုံး ကျမ်းသစ္စာကျိမ်ဆိုသော ပထမဆုံး သမ္မတဖြစ်လာခဲ့သည်။
 
ကာပီတယ်အဆောက်အအုံသည် ကာပီတ်လ်ကုန်းကာပီတယ်လ်ကုန်း (Capitol Hill ) ၊ အမျိုးသားမောလ် (National Mall) ပန်းခြံ၏ အရှေ့ဖက်ဆုံးတွင်တွင်တည်ရှိသည်။ အနီးနားတွင် လင်ကွန်းအမှတ်တရအဆောက်အဦ၊ တရားရုံးချုပ်၊ လွှတ်တော်စာကြည့်တိုက်များတည်ရှိသည်။<ref>[https://www.britannica.com/topic/United-States-Capitol B. Philip Bigler, United States Capitol building, Washington, District of Columbia, United States, Britannica Encyclopaedia]</ref>
 
 
၁၉၇၀ တွင် [[ဂျော့ချ် ဝါရှင်တန်|သမ္မတ ဝါရှင်တန်]]က နိုင်ငံ၏ မြို့တော်အဖြစ် တည်ဆောက်ရန် ယခု ကိုလံဘီယာခရိုင် (District of Columbia) ရှိ နေရာကိုရွေးချယ်ခဲ့သည်။ ပြင်သစ်အင်ဂျင်နီယာ ပရဲယား ချားလ်စ် အယ်လ် အန်ဖန့်က မြို့တော်အသစ်အတွက် အစီစဉ်ရေးဆွဲပေးခဲ့ကာ ကာပီတယ်လ်အဆောက်အအုံနေရာကို ကုန်းမြင့်တစ်ခု၌ ရာထားပေးခဲ့ကာ ထိုကုန်းမြင့်ကို ထိုခေတ်က ဂျက်ကင်စ်ကုန်း (Jenkins' Hill) ဟု ခေါ်တွင်ခဲ့သည်။ ယခု၌ ကာပီတယ်လ်ကုန်းဟူ၍ ရည်ညွှန်းခေါ်ဝေါ်ကြသည်။<ref>[https://www.aoc.gov/explore-capitol-campus/buildings-grounds/history Architect of the Capitol,History of Capitol Hill]</ref>
 
မူလအဆောက်အအုံကို ၁၇၉၃ တွင် စတင်တည်ဆောက်ခဲ့ကြကာ အဆောက်အအုံကို ၁၈၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ ၁၈၁၄ ဝါရှင်တန်မြို့တိုက်ခိုက်ခံရမှုတွင် တစ်စိတ်တစ်ပိုင်းပျင်စီးသွားခဲ့၍ ငါးနှစ်အတွင်း ပြည်လည် ကောင်းမွန်စေရန် ပြုပြင်ခဲ့ကြရသည်။ ယင်းနောက်ပိုင်း၌ အဆောက်အအုံကို ထမ်မံတိုးချဲ့ခဲ့ကြရာ အလွန်ကြီးမားသော ခေါင်မိုးအခုံး၊ တိုးချဲ့ဘေးထုတ်ဆောင်များဖြင့် ကြီးမားကျယ်ပြန့်လာခဲ့သည်။ တိုးချဲ့ဘေးထုတ်ဆောင်များတွင် ကျယ်ဝန်းသော အဆောင်ကြီးနှစ်ခုလည်းပါရှိရာ ၎င်းတို့မှာ တောင်ဘက်အဆောင်သည် [[အမေရိကန်ပြည်ထောင်စု၏ အောက်လွှတ်တော်|အောက်လွှတ်တော်]] (House of Representatives) နှင့် မြောက်ဘက်ဆောင်သည် အထက်လွှတ်တော် (Senate) တို့အတွက် ဖြစ်ကြသည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များ၏ အဆောက်အဦများကဲ့သို့ ကာပီတယ်လ်ကို ဂန္ထဝင်ခေတ်သစ်ပုံစံအသွင်ဖြင့် တည်ဆောက်ခဲ့၍ အပြင်ဖက်ပိုင်း၌ အဖြူရောင်သုတ်လိမ်းထားသည်။ အရှေ့ဖက်နှင့် အနောက်ဖက်နှစ်ခုစလုံးသည် အဆောက်အအုံ၏ မျက်နှာစာများဖြစ်ကြပြီး အရှေ့ဖက်မျက်နှာစာတစ်ခုကိုသာလျှင် ဧည့်သည်များနှင့် ဂုဏ်သိက္ခာရှိသောသူများအတွက် ဝင်ရောက်ရန်ထားရှိသည်။
 
==ကိုးကား==