ယူနိုက်တက်ကင်းဒမ်း ပါလီမန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး link
စာကြောင်း ၃၀ -
'''ယူနိုက်တက် ကင်းဒမ်း ပါလီမန်''' (အများအားဖြင့် ဗြိတိသျှ ပါလီမန်၊ ဝက်စ်မင်စတာ ပါလီမန် သို့မဟုတ် အင်ပါယာ ပါလီမန်ဟု လူသိများသည်။) သည် ယူကေနှင့် ဗြိတိသျှ ပင်လယ်ရပ်ခြားနယ်မြေများ၏ အာဏာအမြင့်ဆုံး ဥပဒေပြုဌာနဖြစ်သည်။ ပါလီမန်၏ အကြီးအကဲမှာ ယူကေဘုရင်ဖြစ်သည်။ လက်ရှိအကြီးအကဲမှာ အယ်လီဇဘက် ဘုရင်မဖြစ်သည်။
 
ယူကေပါလီမန်တွင် the House of Lords ဟုခေါ်သည့် အထက်လွှတ်တော်နှင့် the House of Commons ဟုခေါ်သည့် အောက်လွှတ်တော်တို့[[ယူကေ အောက်လွှတ်တော်|အောက်လွှတ်တော်]]တို့ ပါဝင်သည်။ အထက်လွှတ်တော် အမတ်များမှာ ဘာသာရေး ခေါင်းဆောင်များ (အင်္ဂလန် ခရစ်ယာန် အသင်းတော်ကြီး၏ ဝါရင့်သဘာရင့် ဘုန်းတော်ကြီးများ) နှင့် မင်းမျိုးမတ်နွယ်များ ဖြစ်ကြသည်။ အထက်လွှတ်တော် အမတ်များကို ဝန်ကြီးချုပ်မှ အမည်တင်သွင်းပြီး ဘုရင် သို့မဟုတ် ဘုရင်မမှ ခန့်အပ်သည်။ အောက်လွှတ်တော် အမတ်များမှာမူ ၅ နှစ်တစ်ကြိမ် လူထုမှ တိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။ လွှတ်တော်နှစ်ရပ်သည် [[လန်ဒန်မြို့]]ရှိ [[ဝက်စ်မင်စတာ နန်းတော်]] တွင် သီးချား စည်းဝေးခန်းမ၌ ညီလာခံကျင်းပသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသတ်မှတ်ချက်အရ ဝန်ကြီးချုပ်အပါအဝင် အစိုးရဝန်ကြီးများသည် အောက်လွှတ်တော် အမတ်များ ဖြစ်ကြသည်။
 
ဂရိတ်ဗြိတိန် ပါလီမန်ကို အင်္ဂလန်ပါလီမန်နှင့် စကော့တလန်ပါလီမန်တို့ သီးချားအတည်ပြုခဲ့သည့် ပေါင်းစည်းရေးစာချုပ်၏ ခွင့်ပြုချက်ဖြင့် ၁၇၀၇ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်တွေ့တွင် ယင်းပါလီမန်သည် အင်္ဂလန်ပါလီမန်ကို အခြေခံပြီး စကော့တလန် အမတ်များ ဖြည့်တင်းထားခြင်းဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်တွင် ဂရိတ်ဗြိတိန် ပါလီမန်နှင့် အိုင်ယာလန် ပါလီမန်တို့ အတည်ပြုပေးခဲ့သည့် ပေါင်းစည်းရေး အက်ဥပဒေအရ ထပ်မံ တိုးချဲ့ခဲ့သည်။ အိုင်ယာလန် ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး အောက်လွှတ်တော်တွင် အိုင်ယာလန် အမတ် ၁၀၀ နှင့် အထက်လွှတ်တော်တွင် ၃၂ ဦး တိုးမြှင့်ကာ ယူကေ ပါလီမန် ဖြစ်လာသည်။ ယူကေ ပါလီမန်သည်လည်း အင်္ဂလိပ်စကားပြောသည့် နိုင်ငံများအကြား အမတ်ဦးရေအများဆုံး ဥပဒေပြုဌာနတစ်ရပ် ဖြစ်သည်။