စကင်ဒီနေးဗီးယား: တည်းဖြတ်မှု မူကွဲများ

မိတ်ဆက်ပေါင်းထည့်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၂ -
'''စကင်ဒီနေဗီးယား''' (Scandinavia) ဆိုသည်မှာ ခိုင်မာသောသမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ ဆက်သွယ်မှုများစွာရှိသည့် ဥရောပတိုက်မြောက်ပိုင်းတွင်ရှိသော ဒေသခွဲတစ်ခုဖြစ်သည်။
 
==စကင်ဒီနေးဗီးယား==
==စကန်ဒီနေးဗီးယား==
ပထဝီဝင်သသောအရ စကန်ဒီနေးဗီးယား (Scandinavia )ဆိုသည်မှာ ဆွီဒင်၊ နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံများကို ဆိုလိုသည်။ နော်ဝေး နှင့် ဆွီဒင်နိုင်ငံတို့သည် ဥရောပမြောက်ပိုင်းရှိ စကန်ဒီနေးဗီးယား ကျွန်းဆွယ်၌ ပါဝင်သောနိုင်ငံများ ဖြစ်ကြသည်။ အထက်ဖော်ပြပါ နိုင်ငံသုံးနိုင်ငံသည် ခရစ် ၈၅ဝ ပြည့်နှစ်ခန့်မှ ၁၄ ရာစုနှစ် အထိ သီးခြား နိုင်ငံများအဖြစ် တည်ရှိခဲ့လေသည်။ သို့သော်လည်း ၁၃၉၇ ခုနှစ်မှစ၍ ၁၅၂၃ ခုနှစ်အထိ ထိုသုံးနိုင်ငံတို့သည် အချင်းချင်း ပူးပေါင်း၍ အစိုးရအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြ၏။ ထိုနိုင်ငံများအနက် ဒိန်းမတ်နှင့် နော်ဝေးနိုင်ငံများသည် ၁၈၁၅ ခုနှစ် ဗီယင်းနား ကွန်ကရက်အထိ ပူးပေါင်းခဲ့လေသည်။ ဤ စကန်ဒီနေးဗီးယား နိုင်ငံများက ကိုလိုနီနယ်သစ်များ ဖွင့်သောအခါ၌၊ ယခုအခါ လွတ်လပ်သော သမ္မတနိုင်ငံဖြစ်သည့် အိုက်စလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံသို့ သိမ်းသွင်းခြင်းခံရ၍၊ ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုလိုနီနယ်ဖြစ်ခဲ့ရလေသည်။ စကန်ဒီဗေးနီးယားနိုင်ငံများသည် မျိုးရိုး၊ ဘာသာစကားနှင့် သမိုင်းတို့၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံတူကြသည်။ စကန်ဒီဗေးနီးယားအမည်ခံအထက်ပါ ဒေသအားလုံးသည် ကမ္ဘာ၏ မြောက်အစွန်ဆုံးဘက်၌ ကျရောက်နေသော အလွန်အေးသော ဆောင်းဒဏ်ကို ကြာရှည်ခံရ၏။ ထိုဒေသများ၌ နေရောင်မြင်ရသည့် နွေးသော နွေဥတုအချိန်ကာလသည် တိုတောင်းလှ၏။ ပင်လယ်ဖြင့် ဝန်းရံနေရသောကြောင့် ကျောက်ဆောင် တောင်ကမ်းပါးတို့ကို ပင်လယ်လှိုင်းရိုက်သံများ
အစဉ်ကြားနေရ၏။ စကန်ဒီနေးဗီးယား ကျွန်းဆွယ်ဒေသသည် တစ်ခါက ရေခဲပြင်အထိ ဖုံးလွှမ်းနေသဖြင့် လူသူတစ်ဦးတစ်ယောက်မျှ မနေနိုင်ဖြစ်ခဲ့သည်။ သို့ရာတွင် ဘီစီ ၁ဝ,ဝဝဝ မှ ၆ဝဝဝ ပြည့်နှစ်ကြား ကာလအတွင်း ထိုရေခဲပြင်များသည် မြောက်ဖက်သို့ ရွေ့သွားပြီးနောက် စကန်ဒီနေဗီးယားကျွန်းဆွယ်တွင် လူများ နေထိုင်နိုင်လာကြ၏။ ထိုဒေသများ၌ ဦးစွာ