ဆံရိတ်ခြင်း: တည်းဖြတ်မှု မူကွဲများ

"'''ဆံရိတ်ခြင်း''' ('''ခေါင်းရိတ်ခြင်း''' လည်းခေါ်) သည် လူ၏ဆံကို တစိတ်တပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ရိတ်ခြင်းဖြစ်ပြီး ဘာသာရေးခံယူခ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၀:၂၈၊ ၁၀ ဩဂုတ် ၂၀၂၁ ရက်နေ့က မူ

ဆံရိတ်ခြင်း (ခေါင်းရိတ်ခြင်း လည်းခေါ်) သည် လူ၏ဆံကို တစိတ်တပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ရိတ်ခြင်းဖြစ်ပြီး ဘာသာရေးခံယူချက်ကို ဖေါ်ထုတ်ရန်သော်၎င်း၊ ကျိုးနွံမှုကိုပြရန်သော်၎င်း ပြုလေ့ရှိသည်။ အလယ်ခေတ် ကတ်သလစ်ဘာသာဝင်တို့တွင် ထိုသို့သောအယူ ရှိခဲ့ဖူးသည်။ ၁၉၇၂ ခုအရောက်တွင် ပုတ်ရဟန်းမင်းကြီးအမိန့်ဖြင့် ထိုသို့ပြုခြင်းကို ပိတ်ပင်သည်မှ တစတစ ပျောက်ကွယ်သွားသည်။ ဆံရိတ်ခြင်းသည် ထောက်ခံခြင်း၊ စာနာခြင်းနှင့် ပူဆွေးဝမ်းနည်းခြင်းကိုလည်း ရည်ညွှန်းသည်။ လက်ရှိတွင် ရဟန်းများ၊ သက်ဝင်ယုံကြည်သူများ၊ အခြား ဆန်းဆန်းကြယ်ကြယ် ကိုးကွယ်သူများက ဆံရိတ်မှုကို ပြုလျက် ရှိသည်။

ဘာသာရေးအရ ဆံရိတ်ခြင်း

ခရစ်ယာန်ဘာသာ

အရှေ့ပိုင်းဪသိုဒေါ့အသင်းတော်ဘက်တွင် လောလောလတ်လတ် နှစ်ခြင်းခံပြီးသော အသင်းသားတို့ကို ဆံရိတ်ရန် ခွင့်ပြုလေ့ ရှိသည်။

ဗုဒ္ဓဘာသာ

ရဟန်း၊ သာမဏေနှင့် ဘိက္ခုနီတို့ကို ဆံကြောင့်ဖြစ်သော ဗာဟီရတို့မှ ကင်းစေရန် ဆံရိတ်စေသည်။ နှောင်းဖြစ် သီလရှင်တို့လည်း ထိုထုံးစံကို ယူကာ ဆံရိတ်သည်။

အစ္စလာမ်ဘာသာ

မက္ကာသို့ ဘုရားဖူးပြီးအပြန်တွင် ခေါင်းရိတ်လေ့ ရှိသည်။

ဟိန္ဒူဘာသာ

ဟိန္ဒူဘာသာ၏ အချို့သော အယူကွဲတို့တွင် ခေါင်းရိတ်သည့်ထုံးစံ ရှိသည်။

ပူဆွေးမှုကို ပြသည်အားဖြင့် ဆံရိတ်ခြင်း

အိန္ဒိယ

မဇ္ဈိမဒေသ (အိန္ဒိယ) ၌ ရင်းချာသောအမျိုးအဆွေတို့ တိမ်းပါးလျှင် အမျိုးသားများက ဆံရိတ်လေ့ ရှိသည်။ နောက်ခံသဘောတရားမှာ အမျိုးသားတို့က အမျိုးသမီးများသို့ ကိုယ်လှုပ်ရင်တီး ငိုပွဲကြီးမဆင်ရသည့်အတွက် မဏိဦးခေါင်းတွင် အပူအောင်း၍ လူကောင်းအစစ်မှ မမာဖြစ်တတ်သောကြောင့် ဟူ၏။ ဥပုသ်လည်း ၁၁ ရက် စောင့်ရသတတ်။

မိမိတို့ ထောက်ခံသော တနည်း ကြည်ညိုလေးစားသော ပုဂ္ဂိုလ်များ ဘဝကူးလျှင်လည်း ဆံရိတ်တတ်သေးသည်။ [၁]

မြန်မာ

မွန် ၃ ရပ်ကို မွန်တို့ အုပ်ချုပ်စဉ်က မင်းလုပ်သူသေလျှင် ခေါင်းရိတ်ရသည့်ထုံးစံ ရှိသည်။ ကောဇာသက္ကရာဇ် ၉၀၆ ခုတွင် မြောင်းမြစား သမိန်ပရူ လွန်သဖြင့် တမြိုံလုံးရှိ အမျိုးသားများ ခေါင်းရိတ်ကြသည်။ [၂]

ကိုးကား

  1. "Mourners shave heads for India's Jayalalitha". 2016 Dec 7.
  2. မှန်နန်းမဟာရာဇဝင်